Submitted by everlearner on Mon, 05/03/2010 - 12:16
အဓိက အကြောင်းအရာ - server
ETag ဆိုသည်မှာ - အင်တာနက်ကြည့်ဆော့ဖ်၀ဲ၏ ခေတ္တသိုလှောင်ခန်း (Browser's Cache) အတွင်း သိမ်းဆည်းထားသည့် ၀က်ဘ်ဆိုက် (Web site) တစ်ခု၏ အစိတ်အပိုင်းများနှင့် ထိုအစိတ်အပိုင်းများ၏ မူလ ဆာဗာ (Original Server) တို့ကြားတွင် ကိုက်ညီ မှန်ကန်မှု ရှိမရှိ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန်အတွက် - ၀က်ဘ်ဆာဗာ (Web Server) များနှင့် အင်တာနက်ကြည့်ဆော့ဖ်၀ဲများ (Web Browsers) ကြားတွင်၊ အသုံးပြုသည့် နည်းစနစ် - တစ်ခုဖြစ်သည်။
Submitted by mmshare on Tue, 09/01/2009 - 12:11
Web learner, designer, developer နှင့် Web master - စသည့် web site များ တည်ဆောက်ဖန်တီးသည့် အလုပ်များ လုပ်နေရသူများ အတွက် မရှိမဖြစ်လိုအပ်သည့် ဆော့ဖ်ဝဲတစ်ခုမှာ Web Server ဆော့ဖ်ဝဲများ ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် သမားရိုးကျ ပုံသေအချက်အလက်များသာ ပါရှိသည့် အင်တာနက်စာမျက်နှာများ (Static Web Pages) ကိုသာ ဖန်တီးနေရပါက Web Server ဆော့ဖ်ဝဲများကို မလိုအပ်သော်လည်း - အချက်အလက်ထိန်းသိမ်းမှုစနစ်များ (Databases)၊ ပြောင်းလဲသက်ဝင်နေသည့် အကြောင်းအရာများ (Dynamic Contents) ပါရှိသည့် web site များ၊ Server ပေါ်တွင် အလုပ်လုပ်သော PHP, ASP, Perl စသည့် အင်တာနက် ပရိုဂရမ်ဘာသာစကားများ (Internet/web programming languages) ကို သုံးရတော့မည် ဆိုပါက Web Server ဆော့ဖ်ဝဲများကို မဖြစ်မနေ လိုအပ်လာပြီ ဖြစ်သည်။
Submitted by mmshare on Thu, 07/09/2009 - 14:52
Portable web server တွေ အကြောင်း အကြမ်းဖျင်း သိပြီးတဲ့နောက်မှာ − Server2Go Portable Web Server, Uniform Server, XAMPP နဲ့ USB Webserver portable software တွေအကြောင်း ပိုပြီး အသေးစိတ် လေ့လာကြည့်ရအောင်။
Pages
မှတ်ချက်များ