Web Development

Googlebot ကို ပိတ်ဆို့ထားမိပါသလား − Did Your Website Block Googlebot?

Webmaster တစ်ယောက်ဟာ သူ့ရဲ့ website တွေကို Google ရဲ့ Search Engine မှာ ရှာတွေ့စေဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားရလေ့ ရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိနေတတ်ပါတယ်။ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုယ့်ဆိုက်ရဲ့ Ranking တက်လာနိုင်ပါတယ်။ အလားတူပဲ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေကို အင်တာနက်မှာ ရှာဖွေရ ခက်လာတတ်ပါတယ်။

အခု ဝေမျှချင်တဲ့ အကြောင်းအရာတွေက Google က Webmaster Trends Analyst ဖြစ်တဲ့ Pierre Far ရေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။ Webmaster Trends Analyst တစ်ယာက်အနေနဲ့ သူနေ့စဉ်ကြုံတွေ့နေတဲ့ Webmaster တွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို အကြံပြု ဖြေရှင်းပေးထားတဲ့ ဆောင်းပါး ဖြစ်တဲ့အတွက် မြန်မာ Webmaster, Web Developer ညီအကို မောင်နှမများ အတွက်လည်း တစ်နည်းနည်းနဲ့ အထောက်အပံ့ ရမယ်လို့ ယုံကြည်ပါတယ်။

Getting Started in Drupal Views 2 Module - Display, Basic, Page and Block Settings

Drupal Views module အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် ဆက်ပြီး ပြောပြချင်တာကတော့ Druapl 6 မှာ အသုံးပြုတဲ့ Views 2 (Views Module Version 2) အကြောင်းပါ။ Views ကို ပထမဆုံး စသုံးတဲ့ သူတစ်ယောက်အတွက်တော့ UI (User Interface) က တကယ့်ကို မျက်စိနောက်စရာ ကောင်းပါတယ်။ ရုတ်တရက် ဘယ်ကစလို့ ဘယ်မှာ အဆုံးသတ်ရမယ် ဆိုတာ မသိလောက်အောင်ကို ရွေးချယ်စရာတွေ စုံလင်များပြား ရှုပ်ထွေးတဲ့ အတွက်ပါ။

Views 2 မှာ ပါတဲ့ အဓိက အစိတ်အပိုင်းတွေရဲ့ Overview ကို အောက်က ပုံမှာ အမှတ်စဉ်ထိုးပြီး အသေးစိတ် ရှင်းပြထားပါတယ်။ ဒီပုံမှာ Field တစ်ခုချင်းစီကို Edit လုပ်တဲ့ အခါ မြင်ရတဲ့ အနေအထား မပါသေးပါဘူး။ Drupal 7 မှာ သုံးထားတဲ့ Views 3 ဟာလည်း၊ Views 2 ကို အခြေခံထားတာ ဖြစ်တဲ့အတွက် အခုဆွေးနွေး ထားတာတွေကို လေ့လာရင် နောက်ပိုင်း Views 3 ကို လေ့လာဖို့အတွက်လည်း အခြေခံ ရသွားပါလိမ့်မယ်။

Introduction to The Power of Drupal Views Module

Drupal နဲ့ ဝက်ဘ်ဆိုက်တွေ တည်ဆောက်တော့မယ် ဆိုရင် မဖြစ်မနေ သုံးသင့်တဲ့ Module တစ်ခုကတော့ Views module ပါ။ Views ကို သုံးပြီး Drupal ဆိုက်တစ်ခုမှာ ရှိတဲ့ Data တွေကို ကြိုက်တဲ့ ပုံစံနဲ့ ပြန်ထုတ်လို့ပြလို့ ရပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုမှာ ပါတဲ့ မူလစာမျက်နှာ (Home page), မာတိကာ (Table of Contents), လအလိုက်/ နှစ်အလိုက်/ စာရေးသူအလိုက်/ အုပ်စုတူအလိုက် အကြောင်းအရာတွေ၊ ဆောင်းပါးတွေ (Monthly, Yearly, By Author, By Category articles), ခေါင်စဉ်တွေပဲ စုထားတဲ့ အုပ်စုလေးတွေ (Blocks of Contents), Slide Show စတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာ မြင်ရတဲ့ အစိတ်အပိုင်း အားလုံးကို Views module နဲ့ သူ့ရဲ့ ဆက်စပ် module တွေကို သုံးပြီး ဖန်တီးလို့ ရပါတယ်။ Drupal အကြောင်းလေ့လာရင် Views ကို ဖယ်ထားလို့ကို မရတာပါ။

Views ကိုသုံးပြီး RSS Feed, JSON, XML, Excel file, PDF File တွေကိုလည်း ထုတ်လို့ ရပါတယ်။ အဲဒီလို အစွမ်းထက်တဲ့ Views module လို အလားတူကို ကျန်တဲ့ ဘယ် CMS မှာမှ မရနိုင်သေးဘူးဆိုတာ လူသုံးများတဲ့ CMS တော်တော်များများကို သေသေချာချာ လေ့လာဖူးရင်၊ သေသေချာချာ သုံးဖူးတဲ့ သူဆိုရင် လက်ခံနိုင်ပါလိမ့်မယ်။

Troubleshooting Web Development Problems − Part Three - Code Diving, Asking Questions and Finding Error Locations

ပြဿနာ တစ်ခုရဲ့ အဖြေအတွက် သူများကို မေးတော့မယ်ဆိုရင် ကိုယ့်ပြဿနာက ဘာလဲ ဆိုတာကို ကိုယ်တိုင် သေသေချာချာ သိဖို့ အထူး အရေးကြီးပါတယ်။ အဆိုးဆုံး ပြဿနာတွေထဲက တစ်ခုကတော့ "ကိုယ်ဘာကို မသိတာလဲ ဆိုတာ ကိုယ့်ဘာသာ သေသေချာချာ မသိတာပါပဲ"။

Web developer တွေရင်ဆိုင်ရလေ့ ရှိတဲ့ နိစ္စဓူဝ အခက်အခဲများနဲ့ ပြဿနာများ၊ အဲဒီ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းများကို အပိုင်းတစ်ဖြစ်တဲ့ "Troubleshooting Web Development Problems − Part One - Thinking, Reading, Validation, Styling and Caching" နဲ့ Part Two - Read Me Files, Search Engines and Database Problems မှာ ဝေမျှခဲ့ပြီးပါပြီ။ ဒီအပိုင်းကတော့ နောက်ဆုံးအပိုင်းပါ။

Pages

Subscribe to RSS - Web Development