Submitted by Htet Htet on Thu, 03/22/2012 - 05:15
Drupal site တစ်ခုကို စပြီး တည်ဆောက်တဲ့ အခါမှာ မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ အဆင့်တွေထဲက အစောပိုင်း အဆင့်တွေကို ရှေ့ပိုင်းက ဆောင်းပါးမှာ ပြောခဲ့ပါတယ်။ အခုဆက်ပြီး မဖြစ်မနေ အသုံးဝင်တဲ့ WYSIWYG Editor အကြောင်း၊ Drupal.org site ရဲ့ အသုံးဝင်ပုံ၊ Drupal ရဲ့ အခြား CMS တွေနဲ့ မတူ တမူထူးခြားတဲ့ CCK နဲ့ Content တွေ အကြောင်း၊ Search Box ဖန်တီးပုံ၊ ကိုယ့် site ကို စိတ်တိုင်းကျ မွမ်းမံဖို့ Theme အကြောင်း နဲ့ နောက်ဆုံးမှာ အကြောင်းအရာတွေကို စနစ်တကျ စုစည်းဖော်ပြပေးနိုင်တဲ့ Taxonomy တွေအကြောင်းကို ဝေမျှထားပါတယ်။
Submitted by Htet Htet on Mon, 03/19/2012 - 04:42
ကျွန်တော် က Drupal ကို လေ့လာဆဲ Beginner တစ်ယောက်ပါ။ ဒီ Post လေးကို တွေ့တော့ ကျွန်တော့်လိုပဲ Drupal ကိုလေ့လာနေတဲ့ အခြား Beginner တွေ တစ်စုံတစ်ရာ အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ကြိုးစားပြီး ရေးကြည့်တာပါ။ Senior အကို၊ အမ များကလည်း လိုအပ်တာလေးတွေကို ဖြည့်ပြီး ပြောပေးကြပါဦးနော်။
Submitted by everlearner on Sun, 01/29/2012 - 00:09
If you are using Drupal for one of your website, if you are a developer or a designer using Drupal for your web projects, this collection of Drupal 7 theming resources is for you. If you are starting to learn Drupal, it is also important to get useful resources. This collection also can help you to get useful information easily.
Submitted by everlearner on Sat, 01/07/2012 - 00:37
Handset ကောင်းကောင်းတစ်ခုရှိထားပြီး အင်တာနက်လိုင်းလေးလည်း ရှိခဲ့ရင် ဖုန်းပြောတာအပြင်၊ စာဖတ်၊ အင်တာနက်ကြည့်၊ Chatting လုပ်၊ Twitter, Facebook သုံး၊ အီးမေးလ်လက်ခံ၊ ဂိမ်းကစား - စတဲ့ သာမန် ကွန်ပျူတာတစ်လုံးနဲ့ ထိုင်ပြီးလုပ်နေရတဲ့ အလုပ်အားလုံးနီးပါးကို သွားရင်းလာရင်:၊ ရထားစီး ကားစီးရင်း၊ အိပ်ယာထဲ လှဲရင်း၊ နောက်ဆုံး အပေါ့အလေးသွားရင်း ချက်ချင်း လုပ်လို့ ရပါတယ်။ အဲဒီလို အသုံးတွင်ကျယ်လာတဲ့ ဖုန်းတွေဟာ လူတိုင်းအတွက် နေ့စဉ်ဘဝမှာ အရေးပါတဲ့ အသုံးအဆောင်တစ်ခု ဖြစ်လာတာ မဆန်းပါဘူး။
လက်ကိုင်ဖုန်းလေးတွေကို သုံးဖို့အတွက် လိုအပ်တဲ့ Battery ကို အားသွင်းတဲ့အခါ၊ လက်ကိုင်ဖုန်းနဲ့ လျှပ်စစ်ဓါတ်အား တွဲလာတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေကို ဂရုစိုက်ပြီး ဖုန်းသုံးတဲ့အခါ သတိထားလိုက်ရင် − လက်ကိုင်ဖုန်း Shock ဖြစ်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ − အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာ တော်တော်များများကို ကြိုတင် ကာကွယ်နိုင်ပါ လိမ့်မယ်။
Pages
မှတ်ချက်များ