System Administration

Identifying Systems Problems - စနစ်ဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ခြင်း

Identifying Systems Problems - စနစ်ဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ခြင််းHardware, Software, Networking, Web Server စသည့် မည်သည့် ပြဿနာကို ဖြေရှင်းရသည် ဖြစ်စေ ပြဿနာတစ်ခု ဖြစ်ပေါ်ကြောင်း စတင်သိရှိရသည့် နေရာမှာ - အများအားဖြင့် ၄င်း Hardware, Software, Network ကို အသုံးပြုနေသူများ - ထံမှ ဖြစ်သည်။ (တစ်ခါတရံတွင် သင်၏ Boss ထံမှလည်း လာတတ်သည်။) “ပရင်တာ ထုတ်လို့ မရဘူး” ၊ “အီးမေးလ် ပို့လို့ မရဘူး” ၊ “အင်တာနက် လိုင်းမရဘူး” ၊ “ကွန်ပျူတာ ဖွင့်မရတော့လို့” ၊ “ဒီ Web page က ဒီ Browser မှာတစ်မျိုး ဟို Browser မှာတစ်မျိုး” စသည့် ပြဿနာပေါင်းများစွာကို မရိုးနိုင်အောင် သယ်ဆောင်လာသူများမှာ ထိုပစ္စည်းများ (ထို Software သို့မဟုတ် ထို Web Application) ကို သုံးနေသူများထံမှ ဖြစ်လေသည်။

Solving Systems Problems with or without Experiences - ပြဿနာ ဖြေရှင်းနည်း စနစ်များ

Solving Problems

ပြဿနာတစ်ခုကို ပြေလည်စေရန် ဖြေရှင်းရခြင်းသည် နည်းပညာနှင့် အတွေ့အကြုံတို့ကို တစ်ဝက်စီ ပေါင်းစပ်အသုံးပြု ဖြေရှင်းရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ အတွေ့အကြုံရှိသူဖြစ်စေ ယခုမှ စတင်၍ လုပ်ငန်းခွင်ဝင်သူဖြစ်စေ ပြဿနာတစ်ခုကို စနစ်တကျ ချဉ်းကပ် ဖြေရှင်းတတ်ရန် အထူး အရေးကြီးပါသည်။

ကွန်ပျုူတာတစ်လုံး၊ ကွန်ရက်တစ်ခု သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုအတွက် ပြဿနာတစ်ရပ်ကို ရှင်းရသည့်အချိန်တိုင်း အသုံးပြုနိုင်သည့် အခြေခံနည်းလမ်း နှစ်ခုရှိသည်။ အကောင်းမြင်အခြေပြု ဖြေရှင်းနည်း (Optimistic way ) နှင့် အဆိုးမြင်အခြေပြု ဖြေရှင်းနည်း (Pessimistic way) တို့ ဖြစ်သည်။ သူ့နည်းနှင့်သူ ကောင်းသောအချက်များ ရှိသည်။

Introduction to System Administration & Troubleshooting - စနစ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပြဿနာရှင်းလင်းခြင်း - နိဒါန်း

ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက်တစ်ခုကို ထိန်းသိမ်းကိုင်တွယ်ခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို အဖြေရှာ ရှင်းလင်းခြင်းများကို ဆောင်ရွက်ရသည်မှာ သိပ္ပံပညာရပ်များ ပေါင်းစပ်ဆက်နွယ်နေသည့် အနုပညာတစ်ရပ် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မှန်ကန်သော နည်းလမ်းများကို စနစ်တကျ အသုံးပြုနိုင်မည်ဆိုပါက ပြဿနာရှိနေသည့် ကွန်ပျူတာတစ်လုံးကို ဖြစ်စေ၊ ကွန်ရက် တစ်ခုလုံးကို ဖြစ်စေ စိစစ်၊ အဖြေရှာ ရှင်းလင်းနိုင်မည် ဖြစ်သည်။

Featured Articles

Subscribe to RSS - System Administration