Server

Flushing the Buffer Early to Increase Web Site Speed

၀က်ဘ်ဆိုက်ကို သုံးနေသူများက စာမျက်နှာတစ်ခုကို Request လုပ်လိုက်တိုင်း Backend Server ဆီမှ HTML စာမျက်နှာတစ်ခု အဖြစ် ပြန်လည် ထုတ်ပေးနိုင်ရန်အတွက် 200 မှ 500 မီလီစက္ကန့်အထိ အချိန်ပေးရသည်။ ထိုအချိန်တွင် Server မှာ အလွန်အလုပ်လုပ်နေရပြီး User ၏ အင်တာနက်ကြည့်ဆော့ဖ်၀ဲမှာလည်း ဆာဗာမှ ပြန်လည်ပေးပို့မည့် HTML Code များကို စောင့်ဆိုင်းနေရသည်။ တခါတရံ ဖြူဖွေးနေသည့် ပလာစာမျက်နှာတစ်ခုကို မြင်နေရပြီး ကြာမြင့်စွာ စောင့်နေရတတ်သည်။ အထူးသဖြင့် IE6 တွင် ပိုသိသာသည်။ ထိုအချိန်မျိုးမှာ User Experience ကို အလွန်ထိခိုက်စေသည်။

Gzipping (Compressing) Components of the Web Pages - အင်တာနက်စာမျက်နှာများ၏ အစိတ်အပိုင်းများကို ဖိသိပ်ပေးပို့ခြင်း

အဓိက အကြောင်းအရာ - Server

Add an Expires or a Cache-Control Header - ကုန်ဆုံးချိန် သို့မဟုတ် Cache-Control header တစ်ခု ထည့်သွင်းထားခြင်း

အဓိက အကြောင်းအရာ - Server
ဤစည်းမျဉ်းတွင် အချက်နှစ်ချက် ရှိသည်။
၁။ မပြောင်းလဲသည့် အစိတ်အပိုင်းများ (static components) အတွက် - "Never expire" အဖြစ် သတ်မှတ်ပေးခြင်း
၂။ ပြောင်းလဲနေသည့် အစိတ်အပိုင်းများ (dynamic components) အတွက် - သင့်လျော်သည့် Cache-Control header တစ်ခုကို သတ်မှတ်ပေးခြင်း

Using a Content Delivery Network - ဖိုင်ဝန်ဆောင်မှု ကွန်ရက် (CDN) ကို အသုံးပြုခြင်း

အဓိက အကြောင်းအရာ - Server
ကျွန်တော်တို့၏ web server များနှင့် ၀က်ဘ်ဆိုက်သို့ လာရောက်လည်ပတ်သူများ၏ အနီးအပေး (proximity) သည်လည်း ၀က်ဘ်ဆိုက်များ၏ အမြန်နှုံးအပေါ်တွင် သက်ရောက်မှု ရှိသည်။ ၀က်ဘ်ဆိုက်၏ အချက်အလက်များကို ကမ္ဘာ၏ နေရာဒေသ အနှံ့ ဖြန့်ကျက်ထားသော ဆာဗာများစွာ (multiple, geographically dispersed servers) တို့ဖြင့် ဖြန့်ကျက်ထားရှိပါက ဆိုက်သို့ လာရောက် အသုံးပြုသူများ အနေဖြင့် ၀က်ဘ်ဆိုက်၏ လျင်မြန်မှုကို ကောင်းစွာ ခံစားကြရသည်။ သို့သော် မည်သည့်နေရာမှ စတင်ရမည် ဆိုသည်ကိုတော့ သိထားမှ အဆင်ပြေနိုင်မည်။

Featured Articles

Subscribe to RSS - Server