Self Study Tips, Tricks, Articles, Useful Resources & Information

Solving Systems Problems with or without Experiences - ပြဿနာ ဖြေရှင်းနည်း စနစ်များ

Solving Problems

ပြဿနာတစ်ခုကို ပြေလည်စေရန် ဖြေရှင်းရခြင်းသည် နည်းပညာနှင့် အတွေ့အကြုံတို့ကို တစ်ဝက်စီ ပေါင်းစပ်အသုံးပြု ဖြေရှင်းရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ အတွေ့အကြုံရှိသူဖြစ်စေ ယခုမှ စတင်၍ လုပ်ငန်းခွင်ဝင်သူဖြစ်စေ ပြဿနာတစ်ခုကို စနစ်တကျ ချဉ်းကပ် ဖြေရှင်းတတ်ရန် အထူး အရေးကြီးပါသည်။

ကွန်ပျုူတာတစ်လုံး၊ ကွန်ရက်တစ်ခု သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုအတွက် ပြဿနာတစ်ရပ်ကို ရှင်းရသည့်အချိန်တိုင်း အသုံးပြုနိုင်သည့် အခြေခံနည်းလမ်း နှစ်ခုရှိသည်။ အကောင်းမြင်အခြေပြု ဖြေရှင်းနည်း (Optimistic way ) နှင့် အဆိုးမြင်အခြေပြု ဖြေရှင်းနည်း (Pessimistic way) တို့ ဖြစ်သည်။ သူ့နည်းနှင့်သူ ကောင်းသောအချက်များ ရှိသည်။

Understanding Drupal - Core Modules, Node and Content Types

Drupal Logo

ကျွန်တော် Drupal ကို စတင်လေ့လာခဲ့တာ တစ်နှစ်ကျော်လာခဲ့ပါပြီ.. ဒီတစ်နှစ်တာကာလ အတွင်း - အလုပ်နားရက်နဲ့ ညပိုင်းအချိန်တွေမှာ Drupal ကို လေ့လာဖြစ်ပါတယ်။ နေ့ဘက် အလုပ်ထဲမှာ WordPress, နဲ့ PrestaShop ဆိုတဲ့ Shopping Cart Software ကို လုပ်ဖြစ်ပါတယ်။ mmshare.org ကို လည်း Drupal နဲ့ပဲ တည်ဆောက် ဖြစ်ခဲ့ပါတယ်... မြန်မာ Web Developer, Web Designer တွေကြားမှာ WordPress, Joomla စတဲ့ Blogging နဲ့ CMS Platform တွေ အကြောင်းကို အင်တာနက် စကား၀ိုင်းတွေ၊ ဘလော့ခ် တွေမှာ ဆွေးနွေးနေကြပေမယ့် Drupal အကြောင်းကတော့ ပြောတဲ့သူ မရှိသလောက်ပါပဲ...

ဒါဆိုရင် Platform တွေ အများကြီး ရှိတဲ့ အထဲက ဘာဖြစ်လို့ Drupal ကို ရွေးချယ်ခဲ့တာလဲလို့ မေးစရာ ရှိပါတယ်.. ဖြေစရာ အကြောင်းရင်းတွေလည်း အများကြီး ရှိပါတယ်။ အဲဒီအကြောင်းတွေ မပြောခင်မှာ Drupal မှာရှိတဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အရင်ဝေျှပေးပါ့မယ်.. ခုမှ Drupal ကို စပြီးလေ့လာလိုသူ တစ်ဦးအတွက် မသိမဖြစ် အခြေခံအချက်တွေပါပဲ

Introduction to System Administration & Troubleshooting - စနစ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပြဿနာရှင်းလင်းခြင်း - နိဒါန်း

ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက်တစ်ခုကို ထိန်းသိမ်းကိုင်တွယ်ခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို အဖြေရှာ ရှင်းလင်းခြင်းများကို ဆောင်ရွက်ရသည်မှာ သိပ္ပံပညာရပ်များ ပေါင်းစပ်ဆက်နွယ်နေသည့် အနုပညာတစ်ရပ် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မှန်ကန်သော နည်းလမ်းများကို စနစ်တကျ အသုံးပြုနိုင်မည်ဆိုပါက ပြဿနာရှိနေသည့် ကွန်ပျူတာတစ်လုံးကို ဖြစ်စေ၊ ကွန်ရက် တစ်ခုလုံးကို ဖြစ်စေ စိစစ်၊ အဖြေရှာ ရှင်းလင်းနိုင်မည် ဖြစ်သည်။

Tips and Tricks on Self-Studying Computer and IT - ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ

ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေး၀မ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ပေမျှချင်ပါတယ်။

How to read the Smashing Magazine Articles effectively and prepare for future references and developments

As we are working with Internet, online magazines and journals especially publishing about Internet and Web technology, are very useful and helpful for us. Among those online media, Smashing Magazine is publishing about the Internet, Web Design and Web Development, especially.

Self Studying Information Technology

ကွန်ပျူတာ နည်းပညာတစ်ခုခုကို လေ့လာလိုက်စားဖို့ ကြိုးစားကြသူတိုင်း အနေဖြင့် မလွဲမသွေ ပြုလုပ်ကြရသည့် အခြေအနေတစ်ရပ်မှာ - Self Study လုပ်ရသည့် အပိုင်း ဖြစ်သည်။ Hardware, Software, Networking, Web Development, System Administration စသည့် နယ်ပယ်အားလုံးတွင် ကျင်လည်နေရသူများသည် နေ့စဉ် လုပ်ငန်းခွင် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရသည့် အခါတွင် လိုလားသည့် အဖြေကို အမြဲတမ်း အလွယ်တကူ ရရှိကြသည် မဟုတ်ပေ။ ကြုံတွေ့လာရသည့် - အခြေအနေများ၊ ရရှိနေသည့် အခွင့်အရေးများ၊ ကြိုတင်သိရှိထားသည့် အသိပညာ ဗဟုသုတများ - ကို အခြေခံ၊ အရင်းတည်ကာ ရင်ဆိုင် ဖြေရှင်းကြရခြင်း ဖြစ်သည်။

Learning Drupal

Drupal Web site တစ်ခုကို ဖန်တီးရတာ သိပ်မလွယ်ကူ လှပါဘူး ...

ဒါပေမဲ့ အရမ်းခက်တယ်လို့လဲ မဆိုနိုင်ပြန်ဘူး...

နေအိမ်၊ တိုက်တာ အဆောက်အဦးအမျိုးမျိုးကို ပုံစံ အမျိုးမျိုး မြင်ဖူးကြမှာပါ...
ဘယ်လိုပဲ ပုံစံတွေပြောင်းလဲပါစေ... အခြေခံအဖြစ် အသုံးပြုထားတဲ့ “အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ မှန်၊ သစ်သား၊ သံ..” စတဲ့ အခြေခံ အစိတ်အပိုင်းတွေကတော့ အတူတူပါပဲ...  တည်ဆောက်သူတွေရဲ့ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်အယူအဆ အပေါ်မူတည်ပြီး ထွက်ပေါ်လာတဲ့ အဆောက်အဦးတွေရဲ့ အသွင်နဲ့ အသုံး၀င်မှု ပြောင်းလဲသွားတာပါ...

Pages

Featured Articles