Self Study Tips, Tricks, Articles, Useful Resources & Information

အတားအဆီးများကို ဖော်ထုတ်ခြင်း (၂) - သူတို့ကြောင့်လား

ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ တခါတရံ မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို အရမ်းထည့်တွက်နေမိ တတ်ကြပါတယ်။ အဲဒီလိုဆိုရင် ပတ်ဝန်းကျင်ကို လုံးဝ လစ်လျုရှုထား လိုက်ရတော့မလားလို့ မေးစရာ ရှိလာပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကို နေရာတိုင်း၊ အချိန်တိုင်းမှာ ထည့်တွက်စရာ မလိုပါဘူး။

ဘယ်လိုအချိန်မှာ ပတ်ဝန်းကျင်က အရေးကြီးပြီး ဘယ်အချိန်တွေမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုသလဲဆိုတာ သိထားရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ပိုပြီး တွင်ကျယ်လာပါ လိမ့်မယ်။

အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ

ကျွန်တော်တို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ တစ်ခုခု လုပ်မယ်ကြံတိုင်း အတားအဆီးတွေ ရှိနေတာ ကြုံဖူးမှာပါ။ အဲဒီ အတားအဆီးတွေကို အုပ်စုခွဲကြည့်ရင် အပြင်ကလာတဲ့ အတားအဆီးနဲ့ အတွင်းကလာတဲ့ (ကိုယ့်ကြောင့် ဖြစ်တဲ့) အတားအဆီးတွေဆိုပြီး နှစ်စု တွေ့ရပါလိမ့်မယ်။

အရိုးသားဆုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်/ဖြေကြည့်ပါ။ "ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်လောက် ပြန်တားဆီး ထားမိပြီလဲ"။ ကိုယ့်ကိုယ်ကို ပြန်တားဆီးထားမိလို့ မလိုအပ်ဘဲ ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေနဲ့ အဖြေတွေကို အခုလို လေ့လာ အသုံးပြု နိုင်ပါတယ်။

Collections of Keynotes, Videos and Presentations from DrupalCon Chicago 2011

DrupalCon (Drupal Confrences) are really interesting events for Drupal people around World.

"DrupalCon is an international event that brings together the people who use, develop, design, and support the Drupal platform."

An excerpt from Drupalcon Chicago website

Sequence, Selections & Iterations in Our Daily Life

ကျွန်တော်တို့ အခြေခံပညာ အဆင့်မှာ သင်ခဲ့ရတဲ့ သင်္ချာဘာသာရပ်တွေထဲက အချို့ဟာ နေ့စဉ်ဘ၀မှာ ချက်ချင်းကို အသုံးကျပါတယ်။ ဆယ်တန်းမှာ သင်္ချာသင်ရတဲ့ အချိန်က Sequence & Series ကို သင်ရတော့ ပုံသေနည်းတွေ၊ Function တွေထုတ်ပြီး ပုစာၦတွေ အဖြေထုတ်ရတာ အတော်လေး စိတ်၀င်စားစရာ ကောင်းပြီး၊ ပျော်စရာလည်း ကောင်းပါတယ်။ ဒီဆောင်းပါးမှာ အဲဒီ သင်္ချာသင်ခန်းစာတွေနဲ့ Computer Software Programming ဆက်စပ်မှုတွေ၊ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်နေတာတွေကို စဉ်းစားကြည့်ကြရအောင်။ ဒါမှ ကျောင်းသင်ခန်းစာတွေကို ပိုပြီး တန်ဘိုးထား နားလည်နိုင်လိမ့်မယ် ၊ ကိုယ့်အတွက် မဖြစ်နိုင်တော့ရင်တောင် ညီ/ညီမငယ်တွေကို ပြန်ပြီး ေ၀မျှနိုင်မယ်လို့ ယုံကြည်

How to Do a Proper Research for Our Projects, Challenges, Clients, Life and Community

Research ပြုလုပ်ခြင်းဟာ Engineer, Doctor, Web Developer, Web Designer, Author, Teacher အစရှိတဲ့ နယ်ပယ်အသီးသီး၊ လုပ်ငန်း အမျိုးမျိုးက ပညာရှင်များအားလုံးအတွက် အထူးအရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင် ကွမ်းယာရောင်းတဲ့သူလည်း သုတေသနနဲ့ မကင်းပါဘူး။ စိန်ခေါ်မှု အသစ် (New Challenge)၊ တောင်းဆိုမှု အသစ် (New Feature Requests) မရှိတဲ့ လုပ်ငန်း၊ အဲဒီ တောင်းဆိုမှုတွေကို မဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်း၊ Challenge တွေကို ရင်မဆိုင်ရဲတဲ့ Professionals တွေဟာလည်း ရေရှည်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။

Programming & Math Basic Relationships

ကျွန်တော်တို့ ပညာသင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အစီအစဉ် ရေးဆွဲခြင်း အနုပညာ (The Art of Programming) ဘယ်လောက် အထိ နီးစပ်မှုရှိသလဲ ဒါမှမဟုတ် ေ၀းကွာမှု ရှိသလဲဆိုတာ စဉ်းစားခဲ့ ဖူးပါသလား။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာတွေနဲ့ ကြီးလာတဲ့အချိန် ကြုံတွေ့ရတဲ့ Programming, Web Development, Graphic Design, Project Management, System Analysis, Engineering, System Administration စတာတွေကြားမှာ ဘယ်လောက် ဆက်စပ်မှု ရှိနေသလဲဆိုတာ တွေးကြည့်ဖူးပါသလား။ နေ့စဉ် အလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ တံမျက်လှည်း စတဲ့ ဗာဟီရ အလုပ်တွေမှာရော ငယ်ငယ်က ကျောင်းသင်ခန်းစာတွေက ဘယ်လောက် လွှမ်းမိုးမှု ရှိနေပါသလဲ။

Building & Playing Drupal Websites with Installation Profiles - Learning Drupal From Experts

Drupal ကို အခုမှ စလေ့လာတဲ့ သူတွေအတွက် Localhost မှာ Install လုပ်ပြီးသွားတဲ့ အချိန် - ပထမဆုံး တွေ့ရတဲ့ ပြဿနာက “ဘာဆက်လုပ် ရမလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ WordPress လို Blog Engine အတွက်ဆိုရင်လည်း Install လုပ်ပြီးတာနဲ့ Blog ရေးဖို့ အဆင်သင့် ဖြစ်နေသလို၊ Joomla လို CMS မှာဆိုရင်လည်း Install လုပ်တဲ့အချိန်မှာ Sample Data တွေ ကိုပါ Install လုပ်နိုင်တဲ့အတွက် အားလုံးပြီးတဲ့အချိန်မှာ အဆင်သင့်လုပ်ပေးထားတဲ့ ဆိုက်ကို အလွယ်တကူ လေ့လာပ

Understanding Drupal - Core Modules, Node and Content Types

Drupal Logo

ကျွန်တော် Drupal ကို စတင်လေ့လာခဲ့တာ တစ်နှစ်ကျော်လာခဲ့ပါပြီ.. ဒီတစ်နှစ်တာကာလ အတွင်း - အလုပ်နားရက်နဲ့ ညပိုင်းအချိန်တွေမှာ Drupal ကို လေ့လာဖြစ်ပါတယ်။ နေ့ဘက် အလုပ်ထဲမှာ WordPress, နဲ့ PrestaShop ဆိုတဲ့ Shopping Cart Software ကို လုပ်ဖြစ်ပါတယ်။ mmshare.org ကို လည်း Drupal နဲ့ပဲ တည်ဆောက် ဖြစ်ခဲ့ပါတယ်... မြန်မာ Web Developer, Web Designer တွေကြားမှာ WordPress, Joomla စတဲ့ Blogging နဲ့ CMS Platform တွေ အကြောင်းကို အင်တာနက် စကား၀ိုင်းတွေ၊ ဘလော့ခ် တွေမှာ ဆွေးနွေးနေကြပေမယ့် Drupal အကြောင်းကတော့ ပြောတဲ့သူ မရှိသလောက်ပါပဲ...

ဒါဆိုရင် Platform တွေ အများကြီး ရှိတဲ့ အထဲက ဘာဖြစ်လို့ Drupal ကို ရွေးချယ်ခဲ့တာလဲလို့ မေးစရာ ရှိပါတယ်.. ဖြေစရာ အကြောင်းရင်းတွေလည်း အများကြီး ရှိပါတယ်။ အဲဒီအကြောင်းတွေ မပြောခင်မှာ Drupal မှာရှိတဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အရင်ဝေျှပေးပါ့မယ်.. ခုမှ Drupal ကို စပြီးလေ့လာလိုသူ တစ်ဦးအတွက် မသိမဖြစ် အခြေခံအချက်တွေပါပဲ

Introduction to System Administration & Troubleshooting - စနစ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပြဿနာရှင်းလင်းခြင်း - နိဒါန်း

ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက်တစ်ခုကို ထိန်းသိမ်းကိုင်တွယ်ခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို အဖြေရှာ ရှင်းလင်းခြင်းများကို ဆောင်ရွက်ရသည်မှာ သိပ္ပံပညာရပ်များ ပေါင်းစပ်ဆက်နွယ်နေသည့် အနုပညာတစ်ရပ် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မှန်ကန်သော နည်းလမ်းများကို စနစ်တကျ အသုံးပြုနိုင်မည်ဆိုပါက ပြဿနာရှိနေသည့် ကွန်ပျူတာတစ်လုံးကို ဖြစ်စေ၊ ကွန်ရက် တစ်ခုလုံးကို ဖြစ်စေ စိစစ်၊ အဖြေရှာ ရှင်းလင်းနိုင်မည် ဖြစ်သည်။

Tips and Tricks on Self-Studying Computer and IT - ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ

ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေး၀မ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ပေမျှချင်ပါတယ်။

Pages