Security

Google+ Privacy Guide - 1 - Circles, Blocking and People Suggestions

The Google+ Project Logoကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Google က မကြာမီကပဲ Google+ ဆိုတဲ့ Social Networking Service တစ်ခုကို စတင် စမ်းသပ် ထုတ်လွှင့်လိုက်ပါတယ်။ တကယ်တော့ Google ရဲ့ Service အတော်များများဟာ ကျွန်တော်တို့ အားလုံးရဲ့ နေ့စဉ် လူမှုဘဝမှာ ပုံစံ အမျိုးမျိုးနဲ့ နေရာယူထား ပြီးသားပါ။ ဆောင်းပါးမှာ Google + ကို အသုံးပြုတော့မယ် ဆိုရင်တော့ အရေးကြီးတဲ့ တကိုယ်ရေ လုံခြုံမှုဆိုင်ရာ အချက်အလက်များ (Personal Security & Privacy) ကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

3 Essential Security Tips for Every WordPress Site

၀က်ဘ်ဆိုက် ဒါမှမဟုတ် ဘလော့ခ် ပိုင်ရှင်တစ်ယောက်ဟာ စာတွေ ပုံမှန်ရေးနေရုံ၊ ၀က်ဘ်ဆိုက်ထဲက အကြောင်းအရာတွေကို ပုံမှန် Update လုပ်နေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်ဆိုက်မှာ သုံးထားတဲ့ ဆော့ဖ်၀ဲတွေ Update ဖြစ်မဖြစ်၊ လာကြည့်တဲ့သူတွေ အသုံးပြုရတာ အဆင်ပြေမပြေ စတာတွေကိုလည်း အမြဲတမ်း စစ်ဆေးနေရပါသေးတယ်။ အများသိစေချင်တဲ့ အကြောင်းအရာတွေကို အများ အလွယ်တကူ သိအောင်၊ မသိစေချင်တာတွေကို မသိအောင် စတဲ့ လုံခြုံရေး (Webstie Security) ကိုလည်း လုပ်ဖို့ တာ၀န်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ WordPress website အတော်များများမှာ သတိမမူဘဲ အမှတ်တမဲ့ ထားလို့ ဖြစ်ပေါ်နေတဲ့ အရေးကြီးတဲ့ ၀က်ဘ်ဆိုက် လုံခြုံရေး ပြဿနာများနဲ့ ဖြေရှင်းနည်းများ (Website security problems and Solutions) ကို ေ၀မျှသွားပါ့မယ်။

Top Five Gmail Account Security Tips - Gmail Account လုံခြုံရေး အဆင့်မြင့်နည်းလမ်း 5 သွယ်

လုံခြုံမှုအဆင့် မြင့်မားတဲ့ စကားဝှက်တွေကို အသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ တကိုယ်ရေ အချက်အလက်များကို အကာအကွယ်ပေးရာမှာ အထောက်အကူပြုသည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းနဲ့ ရွေးချယ်နိုင်တဲ့ နည်းလမ်းများကို သိရှိခဲ့ကြပြီးပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့  Gmail account တွေကို ပိုမိုလုံခြုံစေဖို့ အတွက် လုပ်စရာတွေ ကျန်နေပါသေးတယ်။

Choosing a smart password - အဆင့်မြင့် စကားဝှက်တစ်ခု ရွေးချယ်အသုံးပြုခြင်း

ကျွန်တော်တို့သည် မည်သို့သော စကားဝှက်များကို အသုံးပြုနေကြပါသနည်း။ ကျွန်တော်တို့၏ စကားဝှက်များမှာ - လွယ်ကူသလား ခက်ခဲသလား။ “ အဆင့်မြင့်သော စကားဝှက် ” (Smart Password) များကို အသုံးပြုနေပါသလား။ ကျွန်တော်တို့ ကိုင်တွယ် အသုံးပြုနေသော ကွန်ပျူတာ အင်တာနက် ဝက်ဘ်ဆိုက်နှင့် အခြားသော တကိုယ်ရေ အချက်အလက်များ အားလုံးကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ရန် အတွက် မည်သို့သော စကားဝှက်များကို အသုံးပြု နေကြပါသနည်း။

Subscribe to RSS - Security