Programmers

ရိုးစင်းမှု၏ အလှအပ Beauty of Simplicity

အလှအပဆိုတာ ရိုးစင်းမှုကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အလှအပကို ရိုးစင်းမှုထဲမှာပဲ ရှာဖွေ တွေ့ရှိနိုင်ပါလိမ့်မယ်။ Software Engineer, Developer, Programmer များအနေနဲ့ ကျွန်တော်တို့ ရေးလိုက်တဲ့ Code တွေနဲ့ ပတ်သက်လို့ သတိထားစရာတွေ အများကြီး ရှိပါတယ်။ အဲဒီအချက်များထဲမှာ − ဖတ်ရှုရန် လွယ်ကူခြင်း၊ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူခြင်း၊ လျင်မြန်စွာ တည်ဆောက်နိုင်မှု၊ လှပသပ်ရပ်မှု − စတဲ့ အချက်များလဲ ပါရှိပါတယ်။ ဒီအရည်အသွေးများ အားလုံးအတွက် အခြေခံ အကျဆုံး လိုအပ်ချက်ကတော့ "ရိုးစင်းမှု (Simplicity)" ဖြစ်ပါတယ်။

ဘယ်သူ့အတွက်လဲ (You Are not the User)

"သူများလည်း ငါ့လိုပဲ တွေးမှာပါ" - ဆိုပြီး ယူဆတတ်တဲ့ အကျင့်တစ်ခုက လူအတော်များများမှာ ရှိနေတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ထင်နေသလို မဟုတ်ပါဘူး။ စိတ်ပညာရှင်များက ဒီလို တွေးထင်ယူဆမှုကို "တစ်ဖက်သတ် လွဲမှား ယူဆမှု" (False Consensus Bias) လို့ ခေါ်ကြပါတယ်။ တကယ်လို့ အခြားသူတွေက မိမိတွေးထင်သလို - မတွေးတဲ့အခါ သို့မဟုတ် လိုက်မလုပ်တဲ့အခါ - မိမိရဲ့ အတွေးကို ကာကွယ်တဲ့ အနေနဲ့ ထိုသူတွေကို အမှတ်တမဲ့ "ကင်ပွန်းတပ်၊ အမည်ပေး" တတ်ကြပါတယ်။ တခါတရံ "ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အထိ ရောက်ရှိသွားတတ်တဲ့ အဖြစ်မျိုးပါ။

အမြန်လမ်းနဲ့အမှန်လမ်း - Fast Way Vs the Right Way

Developer, Programmer အများစု အလုပ်လုပ်တဲ့အခါ လုပ်ငန်းအချိန်ဇယားကို အစပိုင်းမှာ ဘယ်လိုပဲ အဆင်ပြေအောင် လုပ်ထားပေမယ့် နောက်ပိုင်းမှာ အလွန်အကျွံ ဖိအားပေးခံရတဲ့ အချိန်နဲ့ အခြေအနေမျိုးတွေ ကြုံလာရတတ် ပါတယ်။ အဲဒီလိုအချိန်မှာ -
* အမှန်အတိုင်း လုပ်မလား (Doing it Right)
* အမြန်ပြီးအောင် လုပ်မလား(Doing it Quick)
ဆိုတဲ့ ရွေးစရာ လမ်းတွေ ရှိလာတတ်ပါတယ်။

Subscribe to RSS - Programmers