Web Performance and Website Speed Tips, Tricks, Articles, Useful Resources & Information

Splitting Components of the Websites Across Different Domains to Speed up Our Websites

Website တစ်ခု တည်ဆောက်တဲ့အခါ အစိတ်အပိုင်းများစွာကို ပေါင်းစပ် ဖွဲ့စည်း အသုံးပြုကြရ ပါတယ်။ အချို့ အစိတ်အပိုင်းတွေက တစ်ခါ ထည့်သုံးထားလိုက်တာနဲ့ ထပ်ပြောင်းစရာ မလိုတော့တဲ့ Static Files တွေ ဖြစ်ပြီး၊ တချို့ အပိုင်းတွေကတော့ လိုအပ်သလို အမြဲ ပြောင်းလဲနေရတဲ့ Dynamic Files တွေ ဖြစ်ပါတယ်။ Web Developer, Web Master တစ်ယောက်ဟာ ကိုယ်တည်ဆောက်နေတဲ့ ဝက်ဘ်ဆိုက်မှာ ပါရှိတဲ့ Static နဲ့ Dynamic အစိတ်အပိုင်းတွေကို တစ်နေရာတည်းမှာ မထားဘဲ နေရာခွဲခြား သိမ်းဆည်း အသုံးပြုနိုင်မယ် ဆိုရင် ဆိုက်ကို ဝင်ကြည့်တဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ ဆိုက်ကို လျင်မြန်စွာ မြင်တွေ့ကြရပါလိမ့်မယ်။

Minimizing the Number of iframes Usage to Speed Up our Websites

အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ နောက်ထပ် အခြားစာမျက်နှာတစ်ခုထဲက အကြောင်းအရာတွေကို ဖော်ပြချင်တယ်ဆိုရင် iframe တွေကို သုံးရပါတယ်။ Iframe ကို သုံးထားတဲ့ လူသိအများဆုံး ဥပမာ တစ်ခုကို ပြောပြပါဆိုရင်တော့ ယခုအချိန်မှာ ခေတ်အစားဆုံးနဲ့ ၀က်ဘ်ဆိုက် အတော်များများမှာ အသုံးပြုနေကြတဲ့ Facebook Like, Facebook Comment စတဲ့ Facebook Social Plugins များပဲ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်တစ်ခုကို လျင်မြန်စေဖို့ လိုအပ်တဲ့ အကြောင်းများထဲမှာ iframe တွေကို သုံးတတ်ဖို့လည်း လိုပါတယ်။

Reducing the Number of DOM Elements to Speed Up Our Websites

Web Page တစ်ခု၏ တည်ဆောက်ပုံ များပြားရှုပ်ထွေး လာသည်နှင့် အမျှ အင်တာနက်ကြည့် ဆော့ဖ်ဝဲ ထိုစာမျက်နှာကို Download လုပ်ပြီး ပုံဖော်ရသည့် အချိန် ပိုကြာလာသည်။ ထို့ပြင် အသုံးပြုထားသည့် JavaScript များမှ DOM access လုပ်သည့် အချိန်ကိုလည်း ပိုမို နှေးကွေးစေသည်။ ဥပမာ - အနေဖြင့် Event Handler တစ်ခုကို DOM Elements 500 ပါသည့် စာမျက်နှာတစ်ခုနှင့် 5000 ပါသည့် စာမျက်နှာတစ်ခုတွင် ထည့်သွင်း နှိုင်းယှဉ်ကြည့် နိုင်သည်။

How To Optimize Our Web Sites With GZIP Compression - Part Three - Gzipping WordPress, Joomla & Drupal Sites

Website တစ်ခုရဲ့ အမြန်နှုံးဟာ အဲဒီဆိုက်နဲ့ ပတ်သက်နေတဲ့ Webmaster, Website Owner နဲ့ Website Visitor များနဲ့ အများကြီး ဆက်စပ် သက်ဆိုင်နေပါတယ်။ အင်တာနက်ရဲ့ အရေးပါတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ Web Performance Optimization မှာ အဓိကကျတဲ့ အချက်တစ်ခု ဖြစ်တဲ့ GZip Compression အကြောင်း အခြေခံသဘောတရားများနဲ့ Webmaster တစ်ယောက်အနေနဲ့ Server ကို Configuration လုပ်နိုင်တဲ့ နည်းလမ်းများ အကြောင်းကို လေ့လာခဲ့ကြပြီးပါပြီ။ အခုဆက်ပြီး WordPress, Joomla, Drupal တို့နဲ့ တည်ဆောက်ထားတဲ့ Webite တွေမှာ အလွယ်တကူ GZip ဘယ်လိုလုပ်ကြမလဲ ဆိုတာနဲ့ Caching ဘယ်လိုလုပ်ကြမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

How To Optimize Our Web Sites With GZIP Compression - Part Two

Web Server နဲ့ Web Browser တို့ကြားမှာ ဖိုင်တွေ အပို့အယူလုပ်တဲ့အခါ သာမန်ဖိုင်တွေကို ပေးပို့တာထက် Zip လုပ်ပြီး ချုံ့ထားတဲ့ ဖိုင်တွေကို ပေးပို့တာက ပိုမြန်တဲ့ အကြောင်း ပထမပိုင်းမှာ ကျွန်တော်တို့ သိခဲ့ကြပြီးပါပြီ။ အခု ဆက်ပြီး ဒီလို Zip ဖိုင်တွေကို အလွယ်တကူ အပို့အယူ လုပ်နိုင်အောင် Webmaster အနေနဲ့ ကိုယ့်ရဲ့ Server ကို ဘယ်လို ပြင်ဆင် (Configuration) လုပ်ရမလဲဆိုတာ လေ့လာကြရအောင်။

How To Optimize Our Web Sites With GZIP Compression - Part One

Webmaster တစ်ဦး အနေနဲ့ Modern Web Server များနဲ့ Browser များရဲ့ စွမ်းဆောင်ရည်ကို အထိရောက်ဆုံး အသုံးပြုနိုင်တဲ့ နည်းပညာ တစ်ခုကတော့ GZip Encoding ကို သုံးခြင်းပါပဲ။ ဒီဆောင်းပါးမှာ GZip Encoding နည်းပညာနဲ့ အဲဒီနည်းပညာကို WordPress, Drupal စတဲ့ Blog Engine တွေ၊ CMS တွေနဲ့ PHP ၊ ASP ဘာသာစကားသုံး ၀က်ဘ်ဆိုက်များမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို ေ၀မျှသွားပါမယ်။

Speed Up Our Websites - Using Parallel Domains to Store Static Contents

ကျွန်တော်တို့ရဲ့ Website နဲ့ Blog တွေကို နည်းအမျိုးမျိုးနဲ့ ပိုမြန်အောင် လုပ်လို့ ရပါတယ်။ အခု ဆွေးနွေးမယ့် အကြောင်းအရာက ဖိုင်တွေကို နေရာခွဲထားပြီး Websiteကို ပိုမြန်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Web Browser တွေက Server ကနေ ဖိုင်တွေ ရယူပုံဖော်နည်း၊ ဖိုင်တွေကို ခွဲခြားထားရှိလို့ ရတဲ့ နေရာများ၊ Parallel Download အလုပ်လုပ်ပုံ၊ Sub Domain များ ပြုလုပ်နည်း၊ Hosting မှာ Sub Domain အတွက် Configuration လုပ်ပုံလုပ်နည်း၊ Image Hosting Website များကို ဘယ်လိုသုံးမလဲ၊ Single Domain နဲ့ Subdomain များက Website တစ်ခုရဲ့ အမြန်နှုံးနဲ့ စွမ်းဆောင်ရည် (Speed and Performance) ကို ဘယ်လ

Flushing the Buffer Early to Increase Web Site Speed

၀က်ဘ်ဆိုက်ကို သုံးနေသူများက စာမျက်နှာတစ်ခုကို Request လုပ်လိုက်တိုင်း Backend Server ဆီမှ HTML စာမျက်နှာတစ်ခု အဖြစ် ပြန်လည် ထုတ်ပေးနိုင်ရန်အတွက် 200 မှ 500 မီလီစက္ကန့်အထိ အချိန်ပေးရသည်။ ထိုအချိန်တွင် Server မှာ အလွန်အလုပ်လုပ်နေရပြီး User ၏ အင်တာနက်ကြည့်ဆော့ဖ်၀ဲမှာလည်း ဆာဗာမှ ပြန်လည်ပေးပို့မည့် HTML Code များကို စောင့်ဆိုင်းနေရသည်။ တခါတရံ ဖြူဖွေးနေသည့် ပလာစာမျက်နှာတစ်ခုကို မြင်နေရပြီး ကြာမြင့်စွာ စောင့်နေရတတ်သည်။ အထူးသဖြင့် IE6 တွင် ပိုသိသာသည်။ ထိုအချိန်မျိုးမှာ User Experience ကို အလွန်ထိခိုက်စေသည်။

Making Ajax Cacheable to Increase Web Site Speed

အဓိက အကြောင်းအရာ - Content
AJAXAjax ကို သုံးရသည့်အတွက် သိသာထင်ရှားသည့် အကျိုးအမြတ်တစ်ခုမှာ - User ၏ လုပ်ဆောင်မှု တစ်ခုအတွက် ပြန်လည်တုန့်ပြန်ရမည့် အလုပ်များ (Instantaneous Feedback) အားလုံးကို Backend Web Server ဆီသို့ ဆက်သွယ်ရယူပြီး (Requests information asynchronously) ပြန်လည် ဖော်ပြပေးနိုင်သည့် အတွက် ဖြစ်သည်။ သို့သော် ပြဿနာ တစ်ခုမှာ - JavaScript နှင့် XML response များ User ၏ မြင်ကွင်းဆီသို့ ပြန်လည် ရောက်ရှိမလာမီ၊ User က စောင့်ဆိုင်းနေရသည့် အချိန်တွင်၊ User များ နောက်ထပ် အခြားနေရာတစ်ခုဆီသို့ ထွက်ခွာသွားနိုင်သည့် အခြေအနေကို မတားဆီးနိုင်ခြင်း ဖြစ်သည်။

Configure/Remove ETags to Improve Website Performance

အဓိက အကြောင်းအရာ - server

ETag ဆိုသည်မှာ - အင်တာနက်ကြည့်ဆော့ဖ်၀ဲ၏ ခေတ္တသိုလှောင်ခန်း (Browser's Cache) အတွင်း သိမ်းဆည်းထားသည့် ၀က်ဘ်ဆိုက် (Web site) တစ်ခု၏ အစိတ်အပိုင်းများနှင့် ထိုအစိတ်အပိုင်းများ၏ မူလ ဆာဗာ (Original Server) တို့ကြားတွင် ကိုက်ညီ မှန်ကန်မှု ရှိမရှိ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန်အတွက် - ၀က်ဘ်ဆာဗာ (Web Server) များနှင့် အင်တာနက်ကြည့်ဆော့ဖ်၀ဲများ (Web Browsers) ကြားတွင်၊ အသုံးပြုသည့် နည်းစနစ် - တစ်ခုဖြစ်သည်။

Pages

Featured Articles