O'Reilly

ပရောဂျက် အောင်မြင်မှုကို တိုင်းတာခြင်း

"စီးပွားရေးဆိုင်ရာ ပရောဂျက်တစ်ခုရဲ့ အောင်မြင်မှုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအတွက် စီးပွားရေးဆိုင်ရာ တန်ဘိုး ဘယ်လောက်အထိ ဖြစ်ထွန်းမှု ရှိသလဲဆိုတာ အပေါ် မူတည်နေတယ်" ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ အစိုးရလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် အထူးအရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ပရောဂျက်တစ်ခုဟာ မပြီးခင်ကတည်းက အရှုံးပေါ်နေပြီ ဒါမှမဟုတ် သိပ်မကြာခင်မှာ အရှုံးပေါ်နေပြီ ဆိုရင် တစ်နေရာမှာ အကြီးအကျယ် မှားယွင်းနေပါပြီ။

အမှန်တကယ် အသုံးပြုသူ (End User) များနှင့် စတင် အလုပ်လုပ်ခြင်း

Programmer / Developer များအတွက် ရေးလက်စ၊ တည်ဆောက်လက်စ ပရောဂျက်တစ်ခုထဲက Code တွေကို ပြင်ဆင်လိုက်ရတာက လျင်မြန်လွယ်ကူတဲ့ အလုပ်ဖြစ်ပါတယ်။ အစအဆုံး ပြန်ပြင်ရတာလောက် မခက်ပါဘူး။ End user များအတွက် သူတို့ရဲ့ ပရောဂျက်မှာ လိုအပ်တာနဲ့ မလိုအပ်တာတွေကို စောစောစီးစီး သိရှိ ပြင်ဆင် ခွင့်ရတာကလည်း သူတို့ကို စိတ်ကြေနပ်မှု အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ အဲဒီလို အားလုံး အဆင်ပြေ၊ ပျော်ရွှင်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပရောဂျက် မန်နေဂျာများ အနေနဲ့ End user များနဲ့ Programmer, Developer များကို တတ်နိုင်သမျှ စောစောစီးစီး ပေါင်းစည်း ညှိနှိုင်းပေးတာပဲ ဖြစ်ပါတယ်။

ရိုးစင်းမှု၏ အလှအပ Beauty of Simplicity

အလှအပဆိုတာ ရိုးစင်းမှုကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အလှအပကို ရိုးစင်းမှုထဲမှာပဲ ရှာဖွေ တွေ့ရှိနိုင်ပါလိမ့်မယ်။ Software Engineer, Developer, Programmer များအနေနဲ့ ကျွန်တော်တို့ ရေးလိုက်တဲ့ Code တွေနဲ့ ပတ်သက်လို့ သတိထားစရာတွေ အများကြီး ရှိပါတယ်။ အဲဒီအချက်များထဲမှာ − ဖတ်ရှုရန် လွယ်ကူခြင်း၊ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူခြင်း၊ လျင်မြန်စွာ တည်ဆောက်နိုင်မှု၊ လှပသပ်ရပ်မှု − စတဲ့ အချက်များလဲ ပါရှိပါတယ်။ ဒီအရည်အသွေးများ အားလုံးအတွက် အခြေခံ အကျဆုံး လိုအပ်ချက်ကတော့ "ရိုးစင်းမှု (Simplicity)" ဖြစ်ပါတယ်။

ဘယ်သူ့အတွက်လဲ (You Are not the User)

"သူများလည်း ငါ့လိုပဲ တွေးမှာပါ" - ဆိုပြီး ယူဆတတ်တဲ့ အကျင့်တစ်ခုက လူအတော်များများမှာ ရှိနေတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ထင်နေသလို မဟုတ်ပါဘူး။ စိတ်ပညာရှင်များက ဒီလို တွေးထင်ယူဆမှုကို "တစ်ဖက်သတ် လွဲမှား ယူဆမှု" (False Consensus Bias) လို့ ခေါ်ကြပါတယ်။ တကယ်လို့ အခြားသူတွေက မိမိတွေးထင်သလို - မတွေးတဲ့အခါ သို့မဟုတ် လိုက်မလုပ်တဲ့အခါ - မိမိရဲ့ အတွေးကို ကာကွယ်တဲ့ အနေနဲ့ ထိုသူတွေကို အမှတ်တမဲ့ "ကင်ပွန်းတပ်၊ အမည်ပေး" တတ်ကြပါတယ်။ တခါတရံ "ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ အထိ ရောက်ရှိသွားတတ်တဲ့ အဖြစ်မျိုးပါ။

Pages

Subscribe to RSS - O'Reilly