Submitted by everlearner on Sat, 05/19/2012 - 09:00
We can't see the future of a person, is it?
Here is an example of CEO & President of HTC, Mr. Peter Chou (Burmese name U Win Thant) who was born in 1953, in Mandalay, lived till 1981, before he went to Taiwan. More info about his bio at - http://goo.gl/DWqGm
Today he was presenting about his experiences at a Seminar in Yangon, Myanmar Info Tech. I believe the attendees and young people can get some worthy experience and advices from him.
Submitted by everlearner on Sun, 05/13/2012 - 10:43
ဦးနှောက်ကောင်းတဲ့သူ တော်တဲ့သူတွေကတော့ သူ့ထက်တော်တဲ့သူကိုပဲ အားကိုးချင်တာ လိုချင်တာပါ။ လူတစ်ယောက် ဒါမှမဟုတ် တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တော်တဲ့သူတွေ၊ ဉီးနှောက်ကောင်းတဲ့ သူတွေနဲ့ နေ့ရော ညပါ အတူတူ အလုပ်လုပ်တဲ့ နည်းထက်ကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ နေရာတွေ အချိန်ကာလတွေမှာတော့ တကယ်တတ်သိတဲ့ ပညာရှင်တွေ ဘေးရောက်ဦးမှာပါပဲ။ အမှန်တရားကို မြတ်နိုးတဲ့ သူတွေက ပညာရှင်တွေကို ချစ်တယ် အားကိုးတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေကတော့ ဘေးနားမှာ နားဝင်ချိုစရာလေးတွေ ပြောပေးပြီး အလိုလိုက် အကြိုက်လုပ်ပေးတဲ့သူတွေကိုပဲ သဘောကျတယ်။ ပညာရှင်တွေကလည်း အဲလို မလုပ်တတ် မလုပ်ချင်သူတွေဆိုတော့ နောက်ဆုံးမှာ ပညာရှင်ကို Welcome လုပ်ပြီး ပျော်အောင်ထားတဲ့ နေရာတွေကို ရောက်ကုန်တာပါပဲ။
Submitted by everlearner on Sun, 04/08/2012 - 05:03
လူတိုင်းဟာ စီးပွားရေးနဲ့ မကင်းပါဘူး။ အသက်ရှင်သန် ရပ်တည်ဖို့အတွက် ဝင်ငွေရရာ အလုပ်တစ်ခုခုကို မဖြစ်မနေ လုပ်ကြရတဲ့ သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်ဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အထိ အကျိုးဖြစ်တယ် မဖြစ်ဘူးဆိုတာ သင့်မှာ အများကြီး မူတည်ပါတယ်။ လတ်တလော အခြေအနေမှာ ဆင်းရဲသားတွေ အများကြီးရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ရသလောက်ယူမယ် ဆိုတဲ့ စီးပွားရေးသမားတွေပဲ လာပြီး အလုပ်လုပ်မယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးတွေ ဒီထက်ပိုပြီး ဆင်းရဲမွဲတေဖို့ပဲ ရှိပါတယ်။ တကယ်လို့များ သင်ဟာ ကိုယ်ပိုင်အလုပ်တစ်ခုခုကို စတင်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် Social Entrepreneur တစ်ယောက် ဖြစ်လာဖို့ လိုအပ်ချက် နှစ်ခုပဲ ရှိပါတယ်။
Submitted by everlearner on Sun, 03/25/2012 - 10:14
အမိမြန်မာပြည်ရဲ့ ပြောင်းလဲ တိုးတက်စပြုနေတဲ့ အခြေအနေတွေကို အားရဝမ်းသာ စောင့်ကြည့်နေရင်း နေ့တိုင်းနီးပါး စဉ်းစားမိနေတဲ့ နောက်တစ်ချက်ကတော့ "ငါတို့ ဘာတွေ လုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းပါ။ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေ ဝင်လာတဲ့အခါ၊ လွတ်လပ်ပွင့်လင်းပြီး အဂတိလိုက်စားမှုကင်းတဲ့ စီးပွားရေး စနစ်ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။
ဒေသခံ မြန်မာလူငယ်တွေက အလယ်အလတ်နဲ့ အဆင့်မြင့် အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရစရာ ရှိပါတယ်။ မိုးရွာပေမယ့် ခံစရာ ခွက်မရှိလို့ မိုးကောင်းတုန်း ရေမခံရတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မြန်မာပြည်သား လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်တိုင်းပြည်က လူငယ်တွေကို အဆင့်အတန်းရှိတဲ့ အလုပ်တွေမှာပဲ သိက္ခာရှိရှိ ရပ်တည်လုပ်ကိုင် နေတာပဲ မြင်တွေ့ချင်တာ အမှန်ပါ။
Pages
မှတ်ချက်များ