Life

How to Do a Proper Research for Our Projects, Challenges, Clients, Life and Community

Research ပြုလုပ်ခြင်းဟာ Engineer, Doctor, Web Developer, Web Designer, Author, Teacher အစရှိတဲ့ နယ်ပယ်အသီးသီး၊ လုပ်ငန်း အမျိုးမျိုးက ပညာရှင်များအားလုံးအတွက် အထူးအရေးကြီးပါတယ်။ ကုန်ကုန်ပြောရရင် ကွမ်းယာရောင်းတဲ့သူလည်း သုတေသနနဲ့ မကင်းပါဘူး။ စိန်ခေါ်မှု အသစ် (New Challenge)၊ တောင်းဆိုမှု အသစ် (New Feature Requests) မရှိတဲ့ လုပ်ငန်း၊ အဲဒီ တောင်းဆိုမှုတွေကို မဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်း၊ Challenge တွေကို ရင်မဆိုင်ရဲတဲ့ Professionals တွေဟာလည်း ရေရှည်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။

Programming & Math Basic Relationships

ကျွန်တော်တို့ ပညာသင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အစီအစဉ် ရေးဆွဲခြင်း အနုပညာ (The Art of Programming) ဘယ်လောက် အထိ နီးစပ်မှုရှိသလဲ ဒါမှမဟုတ် ေ၀းကွာမှု ရှိသလဲဆိုတာ စဉ်းစားခဲ့ ဖူးပါသလား။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာတွေနဲ့ ကြီးလာတဲ့အချိန် ကြုံတွေ့ရတဲ့ Programming, Web Development, Graphic Design, Project Management, System Analysis, Engineering, System Administration စတာတွေကြားမှာ ဘယ်လောက် ဆက်စပ်မှု ရှိနေသလဲဆိုတာ တွေးကြည့်ဖူးပါသလား။ နေ့စဉ် အလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ တံမျက်လှည်း စတဲ့ ဗာဟီရ အလုပ်တွေမှာရော ငယ်ငယ်က ကျောင်းသင်ခန်းစာတွေက ဘယ်လောက် လွှမ်းမိုးမှု ရှိနေပါသလဲ။

After 5 Years Journey of Life

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလက စပြီး ကျွန်တော့် ဘဝမှာ အချိုးအကွေ့တွေ အများကြီး ကြုံခဲ့ရပါတယ်။ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာနဲ့ ဘီအီးဘွဲ့ ရခဲ့တဲ့သူတစ်ယောက် အခုအချိန်မှာ Web Development တွေ လုပ်နေတယ်ဆိုတော့ သင်ရတဲ့ ပညာနဲ့ လုပ်နေတဲ့ အလုပ် ဘယ်လောက်ကွာခြားခဲ့ပြီလဲ ဆိုတာ မှန်းဆလို့ ရပါတယ်။ အခုပြောပြချင်တာက ကျွန်တော့် အခက်အခဲတွေ မဟုတ်ပါဘူး။ အဲဒီအချိန် ကတဲက စပြီး စွဲစွဲမြဲမြဲလုပ်လာခဲ့တဲ့ အလေ့အကျင့် ကောင်းလေး တစ်ခုကို ပြန်ပြီး ​ဝေမျှပေးတာပါ။ မိတ်ဆွေ သူငယ်ချင်းတို့ရဲ့ ဘဝခရီး တစ်နေရာရာမှာ အထောက်အကူ ရပါလိမ့်မယ်။

Gmail တွင် ဖိုင်များကို အသုံးပြုနိုင်သည့် နည်းလမ်းငါးမျိုး - 5 Effective Ways To Use Attachments In Gmail

အီးမေးလ်သုံးသည့်အခါ အကြောင်းအမျိုးမျိုးဖြင့့်် ဖိုင်များကို (Attachment အဖြစ်) တစ်နေရာမှ တစ်နေရာသို့ ပေးပို့ ကြရသည်။ အများအားဖြင့် ဓါတ်ပုံများ (Photos)၊ တေးသီချင်း သို့မဟုတ် အသံဖိုင်များ (Audio)၊ ဗီဒီယို ဖိုင်များ (Videos)၊ စာရွက်စာတမ်းများ (Documents) ကို အီးမေးလ်ဖြင့် ပေးပို့လေ့ ရှိကြသည်။ မိတ်ဆွေ သူငယ်ချင်းများ ပေးပို့လိုက်သည့် အဆိုပါဖိုင်များကို လက်ခံ၊ ကြည့်ရှု၊ နားထောင်ကြသည်။ တခါတရံတွင် ဖိုင်များထဲမှ Attachment များကို ပြန်လည် ရှာဖွေကြရသည်။ အီးမေးလ်အသုံးပြုသည့် အခါ အချိန်တိုအတွင်း ထိရောက်လျှင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် Gmail တွင် ဖိုင်များကို ထိရောက်လွယ်ကူစွာ အသုံးပြုနိုင်သည့် နည်းလမ

Pages

Featured Articles

Subscribe to RSS - Life