Javascript

7 Videos & 359 PowerPoint Slides We Can Learn JavaScript from JavaScript Architect Douglas Crockford

Learning JavsScript from an Expert

Web Development အတွက် မဖြစ်မနေ အသုံးပြုကြရသည့် ဘာသာစကားများတွင် JavaScript လည်း ပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ၀က်ဘ်ဆိုက်များတွင် - လှုပ်ရှားမှုများ (Actions)၊ အမြင်အာရုံ အထူးပြုလုပ်ချက်များ (Visual Effects)၊ လာရောက် အသုံးပြုသူများနှင့် အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုများ (User Interactions)၊ အချက်အလက် မှန်မမှန် စစ်ဆေးချက်များ (Data Validations) - အစရှိသည့် လုပ်ဆောင်ချက်များစွာကို ထည့်သွင်းကာ ၀က်ဘ်ဆိုက်ကို အသက်၀င်လာအောင် ဖန်တီးရတော့မည် ဆိုလျှင် JavaScript ကို မဖြစ်မနေ အသုံးပြု ကြရသည်။ ယခုအခါ jQuery, MooTools, Prototype စသည့် JavaScript Library များစွာ ပေါ်ထွက်လာပြီ ဖြစ်၍ JavaScript အကြောင်းမသိသူများပင် JavaScript ၏ စွမ်းဆောင်ချက်များကို အလွယ်တကူ ရယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော် ကိုယ်တိုင်ရေးသား ဖန်တီးလိုလျှင်တော့ JavaScript ကို ကိုယ်တိုင် နားလည် တတ်ကျွမ်းထားဖို့ လိုအပ်မည်။

Minifying JavaScript And CSS to Improve Websites Performance

ကွန်ပျူတာ Program Code များအတွင်းမှ မလိုအပ်သည့် Character များကို ဖယ်ထုတ်ခြင်းကို အကျဉ်းချုံးခြင်း (Minification) ဟု ခေါ်သည်။ ဤနည်းဖြင့် Program Code များ၏ အရွယ်အစားသေးငယ်လာပြီး ၀က်ဘ်ဆိုက်၏ အမြန်နှုံးတိုးတက်လာသည်။ “Code များကို အကျဉ်းချုံးခြင်း” (Code Minification) ပြုလုပ်သည့်အခါတွင် - မှတ်ချက် (Comment) များ၊ မလိုအပ်သည့် နေရာလွတ်များ (Space, Newline, Tab) - စသည်တို့ကို ဖယ်ထုတ်ပစ်ရသည်။ အောက်တွင် မြင်ရသည့် ပုံမှာ - Google (Singaore) Home page ကို Viewsource ကြည့်သောအခါတွင် မြင်ရသည့် အနေအထား ဖြစ်သည်။ Minification ပြုလုပ်ထားသည့် JavaScript များနှင့် CSS များကို ပုံတွင် တွေ့ရမည်။

Using External JavaScript and CSS - JavaScript နှင့် CSS ဖိုင်များကို ပြင်ပမှ ရယူအသုံးပြုခြင်း

၀က်ဘ်ဆိုက်တစ်ခုကို လျင်မြန်စေသည့် အကြောင်းရင်းများစွာတွင် ပြင်ပမှ အစိတ်အပိုင်းများ (External Components) များကို ကိုင်တွယ် အသုံးချ စီမံခန့်ခွဲတတ်မှုလည်း ပါ၀င်သည်။ JavaScript နှင့် CSS ဖိုင်များကို

  • ပြင်ပမှခေါ်ယူအသုံးပြုခြင်း (External) နှင့်
  • စာမျက်နှာအတွင်း မြုပ်နှံထည့်သွင်း အသုံးပြုခြင်း (Inlined in the page) ဟူ၍ နည်းလမ်း နှစ်ခု ရှိသည်။

Web Developer များအနေဖြင့် ထိုနည်းနှစ်ခုအနက် မည်သည့်နည်းကို အသုံးပြုမည်ကို  အခြေခံအချက် တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြရသည်။

Putting Scripts at the Bottom of the Web Pages - Scripts များကို အင်တာနက်စာမျက်နှာ၏ အောက်ပိုင်းတွင်ထားရှိခြင်း

၀က်ဘ်ဆိုက်တစ်ခုတွင် Scripts (Javascripts) ဖိုင်များကြောင့် ဖြစ်ရသည့် ပြဿနာမှာ - အပြိုင်အဆိုင် ဒေါင်းလုတ် (Parallel Download) မလုပ်နိုင်စေရန် Scripts များက တားဆီးထားခြင်း - ဖြစ်သည်။ HTTP/1.1 သတ်မှတ်ချက်များတွင် အင်တာနက်ကြည့်ဆော့ဖ်၀ဲများကို - Hostname တစ်ခုမှ တစ်ကြိမ်လျှင် နှစ်မျိုးထက်ပို၍ တပြိုင်နက်ထဲ ဆွဲမချစေရန် အကြံပြုထားသည်။

Featured Articles

Subscribe to RSS - Javascript