Submitted by everlearner on Sat, 12/10/2011 - 05:45
Webmaster တစ်ယောက်ဟာ သူ့ရဲ့ website တွေကို Google ရဲ့ Search Engine မှာ ရှာတွေ့စေဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားရလေ့ ရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိနေတတ်ပါတယ်။ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုယ့်ဆိုက်ရဲ့ Ranking တက်လာနိုင်ပါတယ်။ အလားတူပဲ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေကို အင်တာနက်မှာ ရှာဖွေရ ခက်လာတတ်ပါတယ်။
အခု ဝေမျှချင်တဲ့ အကြောင်းအရာတွေက Google က Webmaster Trends Analyst ဖြစ်တဲ့ Pierre Far ရေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။ Webmaster Trends Analyst တစ်ယာက်အနေနဲ့ သူနေ့စဉ်ကြုံတွေ့နေတဲ့ Webmaster တွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို အကြံပြု ဖြေရှင်းပေးထားတဲ့ ဆောင်းပါး ဖြစ်တဲ့အတွက် မြန်မာ Webmaster, Web Developer ညီအကို မောင်နှမများ အတွက်လည်း တစ်နည်းနည်းနဲ့ အထောက်အပံ့ ရမယ်လို့ ယုံကြည်ပါတယ်။
Submitted by everlearner on Sat, 11/12/2011 - 23:47
Google ပေးနေတဲ့ ဝန်ဆောင်မှုတွေက အသစ် ဖန်တီးမှုတွေနဲ့ အမြဲတမ်း တိုးတက်နေသလို API တွေ အသစ်ထွက်တိုင်းလည်း သက်ဆိုင်ရာ နေရာ ဒေသတွေ အလိုက် Developer Conference တွေ လုပ်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ အသုံးပြုနိုင်တဲ့ Feature တွေကို မိတ်ဆက်ပေးလေ့ ရှိပါတယ်။
အခု ဝေမျှမယ့် အကြောင်းတွေက ဒီနေ့ (12 November 2011) တက်ဖြစ်ခဲ့တဲ့ Grand Hyatt Hotel, 10 Scotts Road, Singapore မှာလုပ်တဲ့ Google DevFests 2011 Singapore event မှာ သိလိုက်ရတဲ့ နည်းပညာတွေနဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ မတက်ဖြစ်တဲ့ ညီအကို မောင်နှမတွေနဲ့ အဝေးက မြန်မာ Developer ညီအကို၊ မောင်နှမ များအတွက်၊ လက်ရှိလုပ်နေတဲ့ ပရောဂျက်တွေနဲ့ နောက်လုပ်ရမယ့် အလုပ်တွေအတွက် အသုံးဝင်တဲ့ ဗဟုသုတ တစ်ခုခု ရစေဖို့ ရည်ရွယ်ပါတယ်။
Submitted by everlearner on Sat, 07/02/2011 - 09:27
ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Google က မကြာမီကပဲ Google+ ဆိုတဲ့ Social Networking Service တစ်ခုကို စတင် စမ်းသပ် ထုတ်လွှင့်လိုက်ပါတယ်။ တကယ်တော့ Google ရဲ့ Service အတော်များများဟာ ကျွန်တော်တို့ အားလုံးရဲ့ နေ့စဉ် လူမှုဘဝမှာ ပုံစံ အမျိုးမျိုးနဲ့ နေရာယူထား ပြီးသားပါ။ ဆောင်းပါးမှာ Google + ကို အသုံးပြုတော့မယ် ဆိုရင်တော့ အရေးကြီးတဲ့ တကိုယ်ရေ လုံခြုံမှုဆိုင်ရာ အချက်အလက်များ (Personal Security & Privacy) ကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
မှတ်ချက်များ