Drupal

Use this to talk about all Drupal related Articles and Researches.

Introduction to The Power of Drupal Views Module

Drupal နဲ့ ဝက်ဘ်ဆိုက်တွေ တည်ဆောက်တော့မယ် ဆိုရင် မဖြစ်မနေ သုံးသင့်တဲ့ Module တစ်ခုကတော့ Views module ပါ။ Views ကို သုံးပြီး Drupal ဆိုက်တစ်ခုမှာ ရှိတဲ့ Data တွေကို ကြိုက်တဲ့ ပုံစံနဲ့ ပြန်ထုတ်လို့ပြလို့ ရပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုမှာ ပါတဲ့ မူလစာမျက်နှာ (Home page), မာတိကာ (Table of Contents), လအလိုက်/ နှစ်အလိုက်/ စာရေးသူအလိုက်/ အုပ်စုတူအလိုက် အကြောင်းအရာတွေ၊ ဆောင်းပါးတွေ (Monthly, Yearly, By Author, By Category articles), ခေါင်စဉ်တွေပဲ စုထားတဲ့ အုပ်စုလေးတွေ (Blocks of Contents), Slide Show စတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာ မြင်ရတဲ့ အစိတ်အပိုင်း အားလုံးကို Views module နဲ့ သူ့ရဲ့ ဆက်စပ် module တွေကို သုံးပြီး ဖန်တီးလို့ ရပါတယ်။ Drupal အကြောင်းလေ့လာရင် Views ကို ဖယ်ထားလို့ကို မရတာပါ။

Views ကိုသုံးပြီး RSS Feed, JSON, XML, Excel file, PDF File တွေကိုလည်း ထုတ်လို့ ရပါတယ်။ အဲဒီလို အစွမ်းထက်တဲ့ Views module လို အလားတူကို ကျန်တဲ့ ဘယ် CMS မှာမှ မရနိုင်သေးဘူးဆိုတာ လူသုံးများတဲ့ CMS တော်တော်များများကို သေသေချာချာ လေ့လာဖူးရင်၊ သေသေချာချာ သုံးဖူးတဲ့ သူဆိုရင် လက်ခံနိုင်ပါလိမ့်မယ်။

Multiple Content Types OR Multiple Taxonomy, What is the best solution in Drupal way?

Facebook မှာ ညီလေး NYA က မေးထားတဲ့ Taxonomy နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနဲ့ ကျွန်တော် ပြန်ဖြေထားတဲ့ အဖြေကို ကျန်တဲ့ ညီအကို မောင်နှမတွေလဲ သိရအောင် ဒီမှာ ဝေမျှပေးလိုက်ပါတယ်။ ဒီမေးခွန်းကလည်း သူ့အတွေ့အကြုံအရ အမှန်တကယ် ရင်ဆိုင်နေရတဲ့ ပြဿနာဆိုတာ သိသာသလို ကျွန်တော်လည်း Drupal ကို စလေ့လာကာစက ကိုယ်တိုင် ဒီလို အခက်အခဲမျိုး ကြုံခဲ့ဖူးပါတယ်။ အဲဒီကနေ Taxonomy ကို ပိုနားလည်လာတဲ့ နောက်မှာ ကျန်တဲ့ သူတွေလည်း အခက်အခဲ မရှိရအောင် Understanding Taxonomy For Information Architecture in Websites and Drupal CMS ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။

ဆောင်းပါးကို Facebook မှာ Share လိုက်တော့ ညီလေး NYA က Comment ထဲကနေ အခုလို မေးပါတယ်။

Backuping Drupal Database and Files With Backup & Migrate Module or Drush

Website တည်ဆောက်နေတဲ့ Developer, Website Owner တစ်ဦးအနေနဲ့ တစ်ခါတလေ ဝက်ဘ်ဆိုက် ယိုယွင်းပျက်စီးသွားတာ၊ မတော်တဆ မှားပြီး ဖျက်မိတာ ဒါမှမဟုတ် ပုံပျက်ပန်းပျက် ချွတ်ယွင်းသွားတာမျိုးတွေ တစ်ချိန်ချိန်မှာ ကိုယ်တိုင် ကြုံကောင်း ကြုံရပါလိမ့်မယ်။ အဲဒီလို အခြေအနေဆိုးနဲ့ ကြုံလာရပြီဆိုရင် အကောင်းဆုံး ဖြေရှင်းဖို့ နည်းကတော့ ကြိုတင် သိမ်းဆည်းထားတဲ့ Backup file တွေကနေ Restore ပြန်လုပ်တာပဲ ဖြစ်ပါတယ်။

Drupal and CMS Best Practices

"ဝက်ဘ်ဆိုက်တစ်ခုလို့ ပြောလိုက်တာနဲ့ ငယ်တယ်ကြီးတယ် ဆိုတာ မရှိပါဘူး။ တစ်ဦးတစ်ယောက် အတွက်တော့ အရေးကြီးနေတာပါပဲ။"

တစ်ကယ်လို့ သင်ဟာ Drupal CMS မှာ အချိန်ယူ အလုပ်လုပ်တော့မယ်ဆိုရင်တော့ ရေရှည်မှာ အချိန်ကုန် လူပန်းမဖြစ်ရလေအောင် အလေ့အကျင့်ကောင်း (Best Practices) အချို့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေဟာ အကြံပြုချက်များသာဖြစ်ပြီး သင်ဖန်တီးနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ကိုက်ညီတဲ့ အချက်များကိုသာ လိုအပ်သလို ရယူ အသုံးပြုဖို့ ဖြစ်ပါတယ်။ Drupal အတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပေမယ့် အခြား CMS များအတွက်လည်း အသုံးဝင်မှာပါ။

Pages

Featured Articles

Subscribe to RSS - Drupal