Drupal

Use this to talk about all Drupal related Articles and Researches.

How to Use Node Reference with Contextual Filter ?

Drupal မှာ မတူတဲ့ Content Type နှစ်ခုကို ပုံစံအမျိုးမျိုးနဲ့ ဆက်စပ် ယှဉ်တွဲ ဖော်ပြချင်တယ် ဆိုရင် လုပ်လို့ရတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက အလွယ်ဆုံး၊ အရှင်းဆုံးနဲ့ အလုပ်အဖြစ်ဆုံးနည်းကတော့ Node Reference, Views နဲ့ Contextual Filter တွေကို အသုံးပြုတဲ့ နည်းပါ။

ဒီဆောင်းပါးမှာ ကျွန်တော်တို့ ဘောလုံးအသင်းတစ်သင်းလုပ်ကြည့်မယ်။ ဘောလုံးအသင်းတွေကို စိတ်ကြိုက်ထည့်လို့ရမယ်။ မန်ယူ၊ အာဆင်နယ်၊ မန်စီးတီး အစရှိသဖြင့်ပေါ့။ နောက်ပြီး ဘောလုံးအသင်းတစ်သင်းစီမှာလည်း ဘောလုံးသမားတွေကို စိတ်ကြိုက်ထည့်မယ်။ ပြီးရင် ဘောလုံးသမားတွေကြီးပဲ ဖော်ပြမယ့် Page ရယ်၊ ဘောလုံးအသင်းတွေကြီးပဲ ဖော်ပြမယ့် Page ရယ်နှစ်ခု လိုချင်တယ်။ နောက်ပြီး မန်ယူအသင်းရဲ့ Page ကိုကြည့်ရင် မန်ယူအသင်းတွင် ပါဝင်သော ကစားသမားများဆိုတာကို ဖော်ပြပေးရမယ်။ ကျွန်တော်တို့ လက်တွေ့ စလုပ်ကြည့်ရအောင်။

Top 10 things to do after you install Drupal - Part 2

Drupal site တစ်ခုကို စပြီး တည်ဆောက်တဲ့ အခါမှာ မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ အဆင့်တွေထဲက အစောပိုင်း အဆင့်တွေကို ရှေ့ပိုင်းက ဆောင်းပါးမှာ ပြောခဲ့ပါတယ်။ အခုဆက်ပြီး မဖြစ်မနေ အသုံးဝင်တဲ့ WYSIWYG Editor အကြောင်း၊ Drupal.org site ရဲ့ အသုံးဝင်ပုံ၊ Drupal ရဲ့ အခြား CMS တွေနဲ့ မတူ တမူထူးခြားတဲ့ CCK နဲ့ Content တွေ အကြောင်း၊ Search Box ဖန်တီးပုံ၊ ကိုယ့် site ကို စိတ်တိုင်းကျ မွမ်းမံဖို့ Theme အကြောင်း နဲ့ နောက်ဆုံးမှာ အကြောင်းအရာတွေကို စနစ်တကျ စုစည်းဖော်ပြပေးနိုင်တဲ့ Taxonomy တွေအကြောင်းကို ဝေမျှထားပါတယ်။

Top 10 things to do after you install Drupal

ကျွန်တော် က Drupal ကို လေ့လာဆဲ Beginner တစ်ယောက်ပါ။ ဒီ Post လေးကို တွေ့တော့ ကျွန်တော့်လိုပဲ Drupal ကိုလေ့လာနေတဲ့ အခြား Beginner တွေ တစ်စုံတစ်ရာ အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ကြိုးစားပြီး ရေးကြည့်တာပါ။ Senior အကို၊ အမ များကလည်း လိုအပ်တာလေးတွေကို ဖြည့်ပြီး ပြောပေးကြပါဦးနော်။

Detail of Using Text Editor in Drupal 7

ဒီ post က Absolute Beginner များကို ရည်ရွယ်ပါတယ်။ အခုကျွန်တော်ရေးထားတာက အသေးစိတ်နေတော့ တစ်ဆင့်ချင်း လိုက်လုပ်ရမှာ မကြိုက်သူတွေက ဒီမှာ ရေးထားတာလည်းရှိပါတယ်။Drupal 7 မှာ Beginner တော်တော်များများ Text Editor ထည့်ရတဲ့ အခက်အခဲကို ကြုံဖူးမယ်ထင်ပါတယ်။ သုံးလည်းသုံးချင်၊ module သွင်းပြန်တော့လည်းမရ၊ ရပြန်တော့လည်း ပုံတင်မရ၊ ပုံတင်လို့ရပြန်တော့လည်း page ပေါ်မှာ ပုံမပေါ်နဲ့ လုံးလည်ချာလည်လိုက်တဲ့ ပြဿနာတစ်ခုပါ။ ကျွန်တော်လည်း အဲဒီ Text Editor ပြဿနာကြုံဖူးပါတယ်။ ကဲ … စလိုက်ကြစို့။

Pages

Subscribe to RSS - Drupal