Douglas Crockford

7 Videos & 359 PowerPoint Slides We Can Learn JavaScript from JavaScript Architect Douglas Crockford

Learning JavsScript from an Expert

Web Development အတွက် မဖြစ်မနေ အသုံးပြုကြရသည့် ဘာသာစကားများတွင် JavaScript လည်း ပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ၀က်ဘ်ဆိုက်များတွင် - လှုပ်ရှားမှုများ (Actions)၊ အမြင်အာရုံ အထူးပြုလုပ်ချက်များ (Visual Effects)၊ လာရောက် အသုံးပြုသူများနှင့် အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုများ (User Interactions)၊ အချက်အလက် မှန်မမှန် စစ်ဆေးချက်များ (Data Validations) - အစရှိသည့် လုပ်ဆောင်ချက်များစွာကို ထည့်သွင်းကာ ၀က်ဘ်ဆိုက်ကို အသက်၀င်လာအောင် ဖန်တီးရတော့မည် ဆိုလျှင် JavaScript ကို မဖြစ်မနေ အသုံးပြု ကြရသည်။ ယခုအခါ jQuery, MooTools, Prototype စသည့် JavaScript Library များစွာ ပေါ်ထွက်လာပြီ ဖြစ်၍ JavaScript အကြောင်းမသိသူများပင် JavaScript ၏ စွမ်းဆောင်ချက်များကို အလွယ်တကူ ရယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော် ကိုယ်တိုင်ရေးသား ဖန်တီးလိုလျှင်တော့ JavaScript ကို ကိုယ်တိုင် နားလည် တတ်ကျွမ်းထားဖို့ လိုအပ်မည်။

Featured Articles

Subscribe to RSS - Douglas Crockford