မနှစ်က သီတင်းကျွတ် အမှတ်တရ အနေနဲ့ အရှင် ဦးဝါယာမသာရ သင်တန်းမှူး၊ အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း (ကမ္ဘာအေး) - ရဲ့ အဘိဓမ္မာ တရားတော်တွေကို မြန်မာလို ရှင်းလင်းဟောကြား ထားတဲ့ MP3 ဖိုင်များကို အပိုင်း (၁) မှ (၅) အထိ မြန်မာ ညီအကို မောင်နှမများအတွက် ေ၀မျှပေးခဲ့ ပါတယ် ...
ဒီနှစ် တစ်နှစ်လုံး အခါအခွင့်သင့်တိုင်းပဲ ဒီ အသုံးချ အဘိဓမ္မာတရားတော်တွေကို နာကြားဖြစ်ခဲ့ပါတယ်။ မြန်မာလို နားလည်လွယ်အေင် ပြန်ရှင်းပြထားတဲ့ တရားတော်တွေဟာ နာရတဲ့ အချိန်တိုင်းမှာ အသိဥာဏ်တိုးပွား ရင့်သန်မှုကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် မြန်မာညီအကို မောင်နှမ ဓမ္မမိတ်ဆွေများကိုလည်း နာကြားစေလိုတဲ့အတွက် ဒီနှစ် သီတင်းကျွတ်မှာတော့ ကျန်တဲ့ အပိုင်းတွေကိုပါပေါင်းပြီး အပိုင်း (၁) မှ (၂၃) အထိ အပြည့်အစုံကို ပြန်လည် ေ၀မျှလိုက်တာ ဖြစ်ပါတယ်...
အသုံးချ အဘိဓမ္မာ တရားတော်များ (MP3 Download) အပိုင်း (၁) မှ (၂၃) အထိ
မနှစ်က ကျန်တဲ့ အပိုင်း (၆) မှ (၂၃) အထိကို လိုချင်တဲ့သူများ ရှိရင် ဆက်သွယ် ရယူနိုင်တဲ့ အကြောင်းကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်နှစ်လုံးမှာ နှစ်ယောက် ရှိခဲ့ပါတယ်။ တစ်ယောက်က ကိုယ်တိုင်နာကြားဖို့ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ ပြန်တင်ဖို့ ဖြစ်ပါတယ်။
ညီအကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံပြီး တရားထူးတရားမြတ်များကို အမြန်ဆုံး ရရှိနိုင်ကြပါစေ....
Comments
kyaw (not verified)
Thu, 03/08/2012 - 07:39
Permalink
a free mp3 for tayar
a good resource for damadarna
kyaw (not verified)
Thu, 03/08/2012 - 07:47
Permalink
a free mp3 for tayar
a good resource for damadarna
Add new comment