သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ 2010-06-12 ရက်နေ့ ည 7:30 နာရီ စင်္ကာပူနိုင်ငံ Informatics Centre တွင် ဟောကြားသည့် တရားတော်

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ တရားပွဲကို 2010 ခုနှစ် ဇွန်လ 12 ရက်နေ့ ည 7:30 နာရီ စင်္ကာပူနိုင်ငံ Informatics Centre မှာ ကျင်းပခဲ့ပါတယ်... ဆရာတော်ရဲ့ တရားပွဲကို ကိုယ်တိုင် မသွားနိုင်ခဲ့ပေမယ့် http://lotusdhamma.blogspot.com/ မှာ Live လွှင့်ပေးထားတဲ့ အတွက်ကြောင့် အွန်လိုင်းကနေ နာယူနိုင်ခဲ့ပါတယ်။ နာယူနေရင်းလဲ ရသလောက်ကို လိုက်မှတ်ခဲ့ပါတယ်။ မှတ်လို့ရသလောက်ကို အောက်မှာ ပြန်လည် ေ၀မျှထားပါတယ်။ ဆရာတော် ဟောကြားတော်မူထားတဲ့ တရားတော်ကို မူရင်းဆိုက်မှာ အပိုင်း 3 ပိုင်းအဖြစ် နာကြားနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီ 3 ပိုင်းကို ပြန်ယူပြီး တစ်စုတစေ်၀းတည်း ဖြစ်အောင်ပြန်ပေါင်းရင်း တရားတော် အပြည့်အစုံကို MP3 အဖြစ်နဲ့ ပြန်ပြောင်းထားတာပါ။ အောက်မှာ ဒေါင်းလုတ်ရယူ နာကြားနိုင်ကြပါတယ်...

(တရားတော်မှတ်စု အကျဉ်း)
လောကရဲ့ အကျိုးကို ငါသယ်ပိုးမယ် ဆိုတဲ့ စိတ်နဲ့ ဘုရားရှင် စတင်ပါရမီဖြည့်ခဲ့
မည်သည့် လောကသားတွေရဲ့ အကျိုးကိုမဆို ငါသယ်ပိုးမယ် ဒီလို သယ်ပိုးနိုင်ဖို့အတွက် ကိုယ်တိုင်က  ကရုဏာနဲ့ မေတ္တာ ဆိုတဲ့ အရည်အချင်းတွေ ရှိဖို့လိုတယ်
မေတ္တာ = ဘယ်သူ့အကျိုးမဆို တို့သယ်ပိုးမယ်
ကရုဏာ = ဘယ်သူ ဒုက္ခရောက်ရောက် စောင့်ရှောက်မယ် (Quality of the Heart)
အဲဒီ အရည်အချင်းနှစ်ခု မရှိရင် လူစာရင်းသွင်းဖို့ တော်တော်ခက်မယ်
မနုဿ ဆိုတာ “အသိရှိသော သတ္တ၀ါ” ဘယ်လို အသိရှိတဲ့ သတ္တ၀ါလဲ
ကောင်းမှုနဲ့ မကောင်းမှု ဒီနှစ်ခုကို ကောင်းကောင်း ခွဲခြားသိသော သတ္တ၀ါ

အိပ်၊စား၊ ကာမ - ဒီသုံးခုပဲ သိတဲ့သတ္တ၀ါကို တိရစာၦန်လို့ ခေါ်တယ်
ဒီသုံးခုပဲသိတဲ့ သူတွေများလာရင် လူတွေရဲ့ Mentality ကျလာတယ် လူတိရိစာၦန်လို့ခေါ်တယ်
နိုင်ငံရေး ဆိုတာ ပါတီခေါ်တာကို ခေါ်တာ မဟုတ်ဘူး
လူသားတွေရဲ့ ကိုယ်ကျင့်တရား၊ စိတ်ဓါတ်နဲ့ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ရေး (Intellectual Development) အတွက် ဆောင်ရွက်တာလည်း နိုင်ငံရေးပဲ
အမွေပေးဆိုတဲ့နေရာမှာ ပညာ အမွေပေးနိုင်ပေမယ့် ကိုယ်ကျင့်တရား၊ စိတ်ဓါတ်နဲ့ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ရေး အမွေတွေ မပေးနိုင်ရင် အမွေကောင်း ပေးရာ မရောက်ဘူး
တိုးတက်တယ် ဆိုတဲ့ နေရာမှာ မူရင်း အနှစ်သာရတွေကို ထိန်းထားနိုင်တဲ့ တိုးတက်ခြင်းက ပိုကောင်းပါတယ်

ပါပ မကောင်းမှုဆိုတာ ဘာတွေလဲ -
ပုည  ကောင်းမှုဆိုတာ ဘာတွေလဲ  -
ကာယကံနဲ့ ပြုတဲ့ အပြုအမူတိုင်းမှာ လောဘ၊ ဒေါသ မောဟ ကို အခြေခံတာနဲ့ ဘယ်တော့မှ မကောင်းဘူး (Evil)
၀စီကံနဲ့ ပြုတဲ့ အပြုအမူတိုင်းမှာ လောဘ၊ ဒေါသ မောဟ ကို အခြေခံတာနဲ့ ဘယ်တော့မှ မကောင်းဘူး (Evil)
မနောကံနဲ့ ပြုတဲ့ အပြုအမူတိုင်းမှာ လောဘ၊ ဒေါသ မောဟ ကို အခြေခံတာနဲ့ ဘယ်တော့မှ မကောင်းဘူး (Evil)
မကောင်းမှုကို မကောင်းမှန်းသိရင်၊ ကောင်းမှုကို ကောင်းမှုမှန်းသိရင် အဲဒါ လူပဲ
နာမည်ကောင်းနဲ့ ကျော်ကြားတာနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတာကို ခွဲခြားမသိတာကိုက အယူလွဲတာ

ကိုယ်ကျင့်၊ စိတ်ဓါတ်နဲ့ အသိဥာဏ် တိုးတက်ဖို့၊ ကျဆင်းမသွားဖို့ ဒီတရားကို ဟောတယ်
လောက အကျိုး၊ ဆွေမျိုးအကျိုး နဲ့ အဲဒီ အကျိုးတွေ ဆောင်ရွက်နိုင်ဖို့ နှလုံးသားမှာ မေတ္တာနဲ့ ကရုဏာ ရှိဖို့လိုတယ်
ကိုယ်နှုတ် အမူအရာတွေကို ထိန်းသိမ်းနိုင်တဲ့ သီလ ရှိဖို့လိုတယ်
စည်းကမ်းကောင်းတဲ့ လူကြမ်း - ကိုယ်နှုတ် ကောင်းတယ် - နှလုံးသားမှာ မေတ္တာနဲ့ ကရုဏာ မရှိသူ ဖြစ်မယ်
ပညာ - မရှိရင် သူတော်ကောင်း လူအ ဖြစ်မယ်
ပညာ - ပ = အသေးစိတ်, ညာ = နားလည်ခြင်း (Understand in Detail)
အသေးစိတ် သိမှ ပညာလို့ခေါ်တယ်

သီလ = ကိုယ်နှုတ်နှစ်ပါးကို ထိန်းထားသော စည်းကမ်း
မေတ္တာနဲ့ ကရုဏာ = နှလုံးသားရဲ့ အရည်အချင်း
ပညာ = မည်သည့် သက်ရှိသက်မဲ့အရာကို မဆို အသေးစိတ် သိခြင်း
အများအကျိုးသယ်ပိုးတဲ့ သူတစ်ယောက်မှာ အဲဒီအရည်အချင်းတွေ ရှိဖို့လိုတယ်
ကြာကြာလုပ်ဖို့လိုတယ်၊ မရပ်မနားလုပ်ဖို့လိုတယ်၊ များများလုပ်ဖို့ လိုတယ်၊ ကောင်းတာမှန်သမျှ အကုန် သိမ်းကျုံးလုပ်ဖို့လိုတယ်၊ ရိုရိုသေသေလုပ်ဖို့လို၊ မပျင်းမရိလုပ်ဖို့လိုတယ်
လောက အကျိုးသယ်ပိုးချင်သူ တစ်ယောက်အတွက် အရည်အချင်း ခြောက်ပါးပဲ
ဒီအရည်အချင်းတွေအားလုံး ပြည့်စုံတဲ့ သူတစ်ယောက်ဟာ လောကအကျိုးသယ်ပိုး နိုင်လိမ့်မယ်

ဓမ္မစကြာမှာ အချက် ၃ ချက်ပဲပါတယ်
အစွန်းနှစ်ဘက်ကို ရှောင်၊ အလယ်က သွား၊ အမှန်တရားကို ရှာကြ
အနတ္တဆိုတာ ဘာလဲ - ငါဆိုတာကို မေ့ထားခြင်း
သူတပါး အကျိုးစီးပွားကို သယ်ပိုးချင်တဲ့သူ ဆိုတာ ငါဆိုတာကို (ငါ့အကျိုးဆိုတာကို) မေ့ထားနိုင်မှ ရမယ်
စိတ်ဓါတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်ကျိုးကို မေ့ထားပြီး၊ အများအကျိုးကို သယ်ပိုးများများသယ်ပိုးချင်တဲ့စိတ် မွေးထားမှရယ်
ပိုင်ဆိုင်ချင်တဲ့စိတ်ကို
အတ္တ(ငါ)ကို ဖယ်ရှားနိုင်မှ အတ္တနီယ (ငါ့ဥစ္စာ) ကို ဖယ်ရှားနိုင်မှာ

မြတ်စွာဘုရားဟာ လောကရဲ့ အကျိုးကို -
1 - အကြာကြီး ဆောင်ရွက်တော်မူတယ်၊
2 - မရပ်မနား ဆောင်ရွက်တော်မူတယ်၊
3 - များများ ဆောင်ရွက်တော်မူတယ်၊
4 - ကောင်းတာမှန်သမျှ အကုန် သိမ်းကျုံးဆောင်ရွက်တော်မူတယ်၊
5 - ရိုရိုသေသေ လေးလေးစားစား ဆောင်ရွက်တော်မူတယ်
6 - မပျင်းမရိ ဆောင်ရွက်တော်မူတယ်။

အရှင် ရဌပါလက ငါသည် မြတ်စွာဘုရားဆီက တရားအကျဉ်းချုပ် လေးပုဒ်ကို နာကြားပြီး ရဟန်း၀တ်တာပဲလို့ ဘုရင်ကြီး ကောဒဗျကို ပြောတယ်

  1. လောကကြီးက တုန်လှုပ်နေတယ် တည်ငြိမ်မှု မရဘူး၊ ဘယ်အရာမှ တည်ငြိမ်မှု မရှိဘူး အဲဒါကြောင့် ငါသည် တည်ငြိမ်မှုကို ဗုဒ္ဓဘာသာမှာ ရှာတယ် ဘ၀ရဲ့ တည်ငြိမ်မှုကို သီလ သမာဓိ ပညာ = ဓမ္မနဲ့ ထိန်းတယ် စိတ်ကို ပညာနဲ့ ထိန်းတယ်
  2. လောကကြီးမှာ ကိုယ်ပိုင်ဥစ္စာ ဆိုတာ ဘာမှမရှိဘူး၊ ငါပိုင် ငါ့ဥစ္စာ နှစ်တစ်ရာထက် ပိုပြီးဘယ်သူမှ မရှိပါဘူး။ ငါမပိုင်ဘူးဆိုတာ နားလည်ထားမှ၊ ငါသေသွားရင် ငါဘာထားခဲ့မလဲ ငါဘာယူသွားမလဲ တွေးကြ။ များများထားနိုင် များများယူသွားနိုင်အောင် လုပ်ကြ။ ငါသည် သာသနာတော်မှာ ကိုယ်ပိုင် ဥစ္စာကို ၀င်ရှာတာ။ သိမ်းပိုက်ထားခြင်းသည်ပင်လျှင် ဆုံးရှုံးတယ်
  3. တလောကလုံးမှာ အစိုးတရ ဘာမှ မရှိဘူး။ ကိုယ်ပိုင်တာ ကိုယ့်သြဇာအာဏာ ဘာမှမရှိဘူး။ မဲနေတဲ့ အရာ ၀တ္ထုကို ဖြူမသွားအောင် ဘယ်သူမှ မလုပ်နိုင်ဘူး။ လောကမှာ အို၊နာ၊သေခြင်းကို အစိုးရတဲ့သူ မရှိပါဘူး။
  4. ငါသည် တဏှာရဲ့ ကျေးကျွန်အဖြစ်က လွတ်အောင် ရဟန်းပြုတာ

ရသလောက် လိုက်မှတ်ထားတာ ဖြစ်တဲ့ အတွက် အမှားအယွင်းရှိနိုင်ပါတယ်...
တရားတော်မူရင်းကို ရယူနာကြားတာ အကောင်းဆုံးပါပဲ...

http://mmshare.org/d/dma/ThidaguSayadawDhammaTalkSG-20100612-AudioMP3.MP3         62.21 MB

ညီအကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်၀ပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ အများအကျိုး၊ ဘာသာ သာသနာတော်အကျိုးများကို ယခုထက်ပိုပြီး ထမ်းဆောင် အောင်မြင်နိုင်ကြပါစေ...

 

Add new comment

Featured Articles