Submitted by everlearner on Tue, 03/16/2010 - 09:32
ကွန်ပျူတာ Program Code များအတွင်းမှ မလိုအပ်သည့် Character များကို ဖယ်ထုတ်ခြင်းကို အကျဉ်းချုံးခြင်း (Minification) ဟု ခေါ်သည်။ ဤနည်းဖြင့် Program Code များ၏ အရွယ်အစားသေးငယ်လာပြီး ၀က်ဘ်ဆိုက်၏ အမြန်နှုံးတိုးတက်လာသည်။ “Code များကို အကျဉ်းချုံးခြင်း” (Code Minification) ပြုလုပ်သည့်အခါတွင် - မှတ်ချက် (Comment) များ၊ မလိုအပ်သည့် နေရာလွတ်များ (Space, Newline, Tab) - စသည်တို့ကို ဖယ်ထုတ်ပစ်ရသည်။ အောက်တွင် မြင်ရသည့် ပုံမှာ - Google (Singaore) Home page ကို Viewsource ကြည့်သောအခါတွင် မြင်ရသည့် အနေအထား ဖြစ်သည်။ Minification ပြုလုပ်ထားသည့် JavaScript များနှင့် CSS များကို ပုံတွင် တွေ့ရမည်။
Submitted by everlearner on Fri, 01/29/2010 - 14:08
၀က်ဘ်ဆိုက်တစ်ခုကို လျင်မြန်စေသည့် အကြောင်းရင်းများစွာတွင် ပြင်ပမှ အစိတ်အပိုင်းများ (External Components) များကို ကိုင်တွယ် အသုံးချ စီမံခန့်ခွဲတတ်မှုလည်း ပါ၀င်သည်။ JavaScript နှင့် CSS ဖိုင်များကို
- ပြင်ပမှခေါ်ယူအသုံးပြုခြင်း (External) နှင့်
- စာမျက်နှာအတွင်း မြုပ်နှံထည့်သွင်း အသုံးပြုခြင်း (Inlined in the page) ဟူ၍ နည်းလမ်း နှစ်ခု ရှိသည်။
Web Developer များအနေဖြင့် ထိုနည်းနှစ်ခုအနက် မည်သည့်နည်းကို အသုံးပြုမည်ကို အခြေခံအချက် တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြရသည်။
Submitted by everlearner on Thu, 12/17/2009 - 09:14
CSS expression များသည် CSS property များကို Dynamically သတ်မှတ်ပေးနိုင်သည့် အစွမ်းထက် (သလို အန္တရာယ်လည်းများ) သော နည်းလမ်းတစ်ခု ဖြစ်သည်။ ၄င်းတို့ကို Internet Explorer (IE) version 5 မှ စတင် အသုံးပြုနိုင်ခဲ့သည်။ ဥပမာအားဖြင့် နောက်ခံအရောင်တစ်ခုကို တစ်နာရီကြာတိုင်း တစ်ခါ အရောင်ပြောင်းစေလိုပါက CSS expressions ကို အသုံးပြုပြီး အောက်ပါအတိုင်း ရေးသားနိုင်သည်။
Expression များနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့် ပြဿနာမှာ - IE က ၄င်းတို့ကို အလုပ်လုပ်ပေးသည့် အခြေအနေမှာ လိုအပ်သည်ထက် ပိုများနေခြင်း ဖြစ်သည်။ အင်တာနက် စာမျက်နှာတစ်ခုကို ပုံဖော်ချိန်၊ အရွယ်အစား ပြောင်းလဲချိန်၊ အသုံးပြုနေသူများက စာမျက်နှာကို Scroll လုပ်လိုက်ချိန်နှင့် ထိုစာမျက်နှာပေါ်တွင် Mouse ကို ဖြတ်ရွှေ့လိုက်ချိန်များတွင် ပင်လျှင် Expression များကို စစ်ဆေး အလုပ်လုပ်နေခြင်း ဖြစ်သည်။
Submitted by everlearner on Wed, 12/09/2009 - 09:56
အဓိက အကြောင်းအရာ - CSS
Yahoo! မှ အင်ဂျင်နီယာများသည် အင်တာနက်စာမျက်နှာများ၏ စွမ်းဆောင်ရည်ကို သုတေသန ပြုလုပ်သည့်အခါ - CSS Stylesheet များကို စာမျက်နှာ၏ ထိပ်ပိုင်းနေရာ HEAD တွင် ရွှေ့ပြောင်းထားရှိခြင်းဖြင့် စာမျက်နှာများကို ပိုမို လျင်မြန်စွာ မြင်တွေ့ရစေနိုင်ကြောင်း- ရှာဖွေတွေ့ရှိခဲ့ကြသည်။ အကြောင်းမှာ - အင်တာနက်ကြည့်ဆော့ဖ်ပဲက Stylesheet ကို ဦးစွာ ရရှိခြင်းကြောင့် - စာမျက်နှာကို လျင်မြန်စွာ ပုံဖော်ပြသ နိုင်သည့်အတွက် ဖြစ်သည်။
Pages
မှတ်ချက်များ