Submitted by everlearner on Sat, 11/19/2011 - 00:59
Facebook မှာ ညီလေး NYA က မေးထားတဲ့ Taxonomy နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနဲ့ ကျွန်တော် ပြန်ဖြေထားတဲ့ အဖြေကို ကျန်တဲ့ ညီအကို မောင်နှမတွေလဲ သိရအောင် ဒီမှာ ဝေမျှပေးလိုက်ပါတယ်။ ဒီမေးခွန်းကလည်း သူ့အတွေ့အကြုံအရ အမှန်တကယ် ရင်ဆိုင်နေရတဲ့ ပြဿနာဆိုတာ သိသာသလို ကျွန်တော်လည်း Drupal ကို စလေ့လာကာစက ကိုယ်တိုင် ဒီလို အခက်အခဲမျိုး ကြုံခဲ့ဖူးပါတယ်။ အဲဒီကနေ Taxonomy ကို ပိုနားလည်လာတဲ့ နောက်မှာ ကျန်တဲ့ သူတွေလည်း အခက်အခဲ မရှိရအောင် Understanding Taxonomy For Information Architecture in Websites and Drupal CMS ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။
ဆောင်းပါးကို Facebook မှာ Share လိုက်တော့ ညီလေး NYA က Comment ထဲကနေ အခုလို မေးပါတယ်။
Submitted by everlearner on Sun, 06/19/2011 - 03:25
ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်တဲ့အခါ ပါရှိတဲ့ အကြောင်းအရာ (Content) အမျိုးအစားများစွာကို ဘယ်လိုနေရာချထားမလဲဆိုတဲ့ IA (Information Architecture) က အတော်လေး အရေးကြီးပါတယ်။ Drupal website တစ်ခုမှာတော့ Content တွေကို ထိန်းချုပ်၊ နေရာချထားဖို့ Taxonomy စနစ်ကို သုံးပါတယ်။ Drupal ကို စလေ့လာတဲ့သူ တစ်ဦးအနေနဲ့ Taxonomy အပိုင်း ရောက်တဲ့အခါ အတော်လေး နားလည်ရခက်တာ ကြုံရမှာပါ။ ဒီဆောင်းပါးမှာတော့ Taxonomy အကြောင်းနဲ့ Taxonomy ကို ဘယ်လို အသုံးချနိုင်မလဲ ဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ Drupal မဟုတ်တဲ့ တခြား CMS တွေကို သုံးနေတဲ့ Developer မျာ
Submitted by everlearner on Sun, 11/21/2010 - 05:08
CMS ဆိုတာ Content Management Systems ရဲ့ အတိုကောက် စာလုံးပါ။ အင်တာနက်မှာတော့ Web site တစ်ခုမှာ ပါရှိတဲ့ အကြောင်းအရာ (Content) တွေကို စနစ်တကျ ဖန်တီး စီမံခန့်ခွဲ ထိန်းသိမ်း ပြုပြင် အသုံးချ (Systematically Create, Manage, Maintain, Repair & Apply) ဖို့အတွက် အသုံးပြုနိုင်တဲ့ ဆော့ဖ်၀ဲစနစ်တွေကို Web CMS Software တွေလို့ ခေါ်ပါတယ်။ Drupal ဟာ အဲဒီလို CMS တွေ အများကြီးထဲက တစ်ခုပါ။ ဒီဆောင်းပါးမှာ Content Management Systems တွေရဲ့ အသက်ဖြစ်တဲ့ Content တွေ အကြောင်းနဲ့ CMS အကြောင်းကို လေ့လာကြမှာ ဖြစ်ပါတယ်။
Submitted by everlearner on Sun, 10/10/2010 - 08:12
Web Page တစ်ခု၏ တည်ဆောက်ပုံ များပြားရှုပ်ထွေး လာသည်နှင့် အမျှ အင်တာနက်ကြည့် ဆော့ဖ်ဝဲ ထိုစာမျက်နှာကို Download လုပ်ပြီး ပုံဖော်ရသည့် အချိန် ပိုကြာလာသည်။ ထို့ပြင် အသုံးပြုထားသည့် JavaScript များမှ DOM access လုပ်သည့် အချိန်ကိုလည်း ပိုမို နှေးကွေးစေသည်။ ဥပမာ - အနေဖြင့် Event Handler တစ်ခုကို DOM Elements 500 ပါသည့် စာမျက်နှာတစ်ခုနှင့် 5000 ပါသည့် စာမျက်နှာတစ်ခုတွင် ထည့်သွင်း နှိုင်းယှဉ်ကြည့် နိုင်သည်။
Pages
မှတ်ချက်များ