အသုံးဝင်တဲ့ Views Hacks Module

Drupal ရဲ့ Views module ဟာ Drupal site တိုင်းအတွက် အလွန်အသုံးဝင်တယ်ဆိုတာ အားလုံး သိပြီးသားပါ။ Drupal stie တိုင်းမှာ မပါရင် မပြီးတဲ့ module တစ်ခုဖြစ်လို့ နောင်ထွက်လာမယ့် Drupal 8 မှာ တစ်ခါတည်း ပေါင်းထည့်ဖို့ ပြင်ဆင်နေကြပါပြီ။ Views ကို ဒီအတိုင်း သုံးတာထက်စာရင် Views plugin module လေးတွေနဲ့ တွဲသုံးတာက ပိုထိရောက်ပါတယ်။ ပိုပြီးတော့ အစွမ်းထက်လာပါတယ်။ ဉပမာ − Slideshow တွေ လုပ်ချင်တယ်ဆိုရင် Views slideshow ကို ထပ်ပေါင်းထည့်ပြီး လိုချင်တဲ့ Slideshow တွေ ဖန်တီးတာမျိုး ဖြစ်ပါတယ်။

ဒီ​ဆောင်းပါးမှာတော့ အသုံးဝင်တဲ့ Views Hacks ဆိုတဲ့ Views plugin module လေးအကြောင်းကို ဝေမျှမှာ ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူက Drupal beginner တစ်ယောက်ဆိုရင်တော့ Views module အကြောင်း ရေးထားတဲ့ ဆောင်းပါးတွေကို အရင်ဖတ်ဖို့ အားပေးပါတယ်။ အဲဒါမှာ Views module ရဲ့ အသုံးဝင်မှုတွေကို ပိုပြီး နားလည်မှာပါ။

Features of Views Hacks module

Views Hacks module မှာပါတဲ့ Feature တွေကို လေ့လာကြည့်ရအောင်...

  1. Views Block - Block တွေကို Views object တွေ အဖြစ်သုံးနိုင်အောင် လုပ်ပေးပါတယ်။
  2. Views Filters Reset - User တွေကို လွတ်လွတ်လပ်လပ် ရွေးချယ် ရှာဖွေခွင့်ပေးထားတဲ့ Exposed filter တွေမှာ Reset ဆိုတဲ့ button လေးတစ်ခု ထည့်ပေးပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ Reset ကို OFF ထားတာပါ။ ON ချင်ရင်တော့ Administer > Site configuration > Views Filters Reset page (admin/settings/views_filters_reset) ကိုသွားပြီး ကိုယ် Reset ထည့်ချင်တဲ့ View ကို ရွေးပေးရပါမယ်။ Reset ခလုတ်ကို Ajax သုံးတဲ့ Views တွေအတွက်လည်း သုံးနိုင်ပါတယ်။
  3. Views Selective Exposed Filters - Custom search box လို function တွေကို လုပ်တဲ့အခါ Filter တွေကို Expose လုပ်ရတဲ့ အချိန်တွေ ရှိပါတယ်။ ဒီ plugin ကို သုံးမယ်ဆိုင် List, Checkbox expose filter တွေအတွက် View result တွေကနေ တကယ်ထွက်လာမယ့် အဖြေတွေကိုပဲ ဖော်ပြပေးဖို့အတွက် "Limit list to result set" ကို သတ်မှတ်ပေးနိုင်ပါတယ်။
    "Further limit list to active filters" ကို ရွေးထားမယ်ဆိုရင်တော့ expose filter တွေက ထွက်လာမယ့် တန်ဘိုးတွေကိုပဲ ဖော်ပြပေးပါလိမ့်မယ်။
  4. Views Auto-refresh - ကျွန်တော်တို့လုပ်ထားတဲ့ View တစ်ခုခု၊ ဉပမာ Latest News block လို အချိန်တစ်ခု ကြာတိုင်း update လုပ်ပေးဖို့ လိုအပ်တဲ့ View မျိုးအတွက် သုံးဖို့ပါ။
  5. Project url - http://drupal.org/project/views_hacks
  6. Supported versions - Drupal 6, Drupal 7

နောက်ထပ် အသုံးဝင်တဲ့ အခြား plugin တွေပါ ပါသေးတယ်။ အသေးစိတ်ကိုတော့ အပေါ်က Project page မှာပဲ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ ညီအကို မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေခင်ဗျာ...

Comments

Drupal မှာBookmark လုပ်နည်းလေးသိချင်လို့ပါ။

Add new comment

Similar Articles

  1. December Songs Collections (Burmese Version)         4,789 Reads...
  2. Minimizing the Number of iframes Usage to Speed Up our Websites         4,551 Reads...
  3. Gmail's People Widgets         7,100 Reads...
  4. sh404SEF in Joomla CMS         19,113 Reads...
  5. Data and Presentation Layers of Web Content Management Systems         13,038 Reads...
  6. 3 Essential Security Tips for Every WordPress Site         3,597 Reads...
  7. A Remote Team for a Tech Startup in Myanmar         15,529 Reads...

Featured Articles