Submitted by everlearner on Sun, 08/07/2011 - 11:09
"ဝက်ဘ်ဆိုက်တစ်ခုလို့ ပြောလိုက်တာနဲ့ ငယ်တယ်ကြီးတယ် ဆိုတာ မရှိပါဘူး။ တစ်ဦးတစ်ယောက် အတွက်တော့ အရေးကြီးနေတာပါပဲ။"
တစ်ကယ်လို့ သင်ဟာ Drupal CMS မှာ အချိန်ယူ အလုပ်လုပ်တော့မယ်ဆိုရင်တော့ ရေရှည်မှာ အချိန်ကုန် လူပန်းမဖြစ်ရလေအောင် အလေ့အကျင့်ကောင်း (Best Practices) အချို့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေဟာ အကြံပြုချက်များသာဖြစ်ပြီး သင်ဖန်တီးနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ကိုက်ညီတဲ့ အချက်များကိုသာ လိုအပ်သလို ရယူ အသုံးပြုဖို့ ဖြစ်ပါတယ်။ Drupal အတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပေမယ့် အခြား CMS များအတွက်လည်း အသုံးဝင်မှာပါ။
Submitted by everlearner on Sat, 12/04/2010 - 06:51
Web Content Management System တွေ အကြောင်း အထိုက်အလျောက် သိပြီးတဲ့ အခါ Web CMS တွေမှာ ပါရှိတဲ့ အစိတ်အပိုင်းများ အကြောင်းကို သိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာ CMS တစ်ခုအတွက် အချက်အလက်တွေကို သိမ်းဆည်းတဲ့ စနစ်များနဲ့ ပြန်လည်ထုတ်ယူ အသုံးပြုပုံ နည်းလမ်းများ၊ Presentation Layer သို့မဟုတ် User Interface နဲ့ ဆိုင်တဲ့ အကြောင်းအရာများ၊ Website ပိုင်ရှင်တစ်ဦး အနေနဲ့ ကိုယ့်ဆိုက်မှာ အသုံးပြုဖို့၊ အများကို ဖော်ပြဖို့ အချက်အလက်များနဲ့ လိုအပ်ချက်များ၊ Web Professional များအတွက် Static, Dynamic နဲ့ CMS အသုံးပြုထားတဲ့ ၀က်ဘ်ဆိုက်များ တည်ဆောက်တဲ့အခါ သိရှ
Submitted by everlearner on Sun, 11/28/2010 - 08:47
Web Professional တစ်ယောက်အနေနဲ့ Client အမျိုးမျိုးရဲ့ ထူးဆန်းတဲ့ လိုလားချက်တွေကို ဖြေရှင်းနေကြရစမြဲပါ။ Freelance web developer တစ်ယောက်ပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တစ်ခုရဲ့ Full Time Developer တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် တစ်နေ့မှာ မလွဲမသွေ ကြုံတွေ့ရမယ့် Client တွေရဲ့ တောင်းဆိုချက်တစ်ခုကတော့ သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ ပါတဲ့ အကြောင်းအရာ (Contents) တွေကို သူတို့ကိုယ်တိုင် အချိန်မရွေး ပြင်ဆင်နိုင်အောင် လုပ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်မျိုး ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ Web Content Management Systems (WCMS) တွေရဲ့ အခန်းကဏ္ဍက အရ
Submitted by everlearner on Sun, 11/21/2010 - 05:08
CMS ဆိုတာ Content Management Systems ရဲ့ အတိုကောက် စာလုံးပါ။ အင်တာနက်မှာတော့ Web site တစ်ခုမှာ ပါရှိတဲ့ အကြောင်းအရာ (Content) တွေကို စနစ်တကျ ဖန်တီး စီမံခန့်ခွဲ ထိန်းသိမ်း ပြုပြင် အသုံးချ (Systematically Create, Manage, Maintain, Repair & Apply) ဖို့အတွက် အသုံးပြုနိုင်တဲ့ ဆော့ဖ်၀ဲစနစ်တွေကို Web CMS Software တွေလို့ ခေါ်ပါတယ်။ Drupal ဟာ အဲဒီလို CMS တွေ အများကြီးထဲက တစ်ခုပါ။ ဒီဆောင်းပါးမှာ Content Management Systems တွေရဲ့ အသက်ဖြစ်တဲ့ Content တွေ အကြောင်းနဲ့ CMS အကြောင်းကို လေ့လာကြမှာ ဖြစ်ပါတယ်။
မှတ်ချက်များ