Business

အလုပ် နဲ့ ငွေ

အလုပ်လုပ်ရင် မဖြစ်မနေ ပြောရ ဆိုရတာက ကိုယ်ရသင့်တဲ့ လုပ်အားခ နဲ့ ဆိုင်တဲ့ "ငွေကြေး" စကား တွေပါ။ လူတော်တော် များများက ငွေအကြောင်း ပြောရမှာ ရှက်တတ် ကြတယ်။ ငွေအကြောင်း ပြောရင် ငွေမက်တဲ့သူလို့ အထင်ခံရမှာ စိုးတာမျိုး ဖြစ်နေတတ်တာ သတိထားမိပါတယ်။

ကုသိုလ် ပညာ ဥစ္စာ ရဖို့

အရွယ်ရောက်လာတဲ့ လူတစ်ယောက် အတွက် နေ့စဉ်နဲ့ အမျှ မဖြစ်မနေ ရရှိနေဖို့ လိုအပ်တာက ကုသိုလ်၊ ပညာ နဲ့ ဥစ္စာပါ။

ကုသိုလ်

ကုသိုလ် ရအောင် လုပ်ရမယ့် အပိုင်းက ကိုယ်လုပ်မှ ကိုယ်ရမယ့် အပိုင်းပါ၊ အလကား နေရင်း ရမယ့် ကုသိုလ်ကို နေ့စဉ် မနက် အိပ်ယာထ၊ ညအိပ်ယာဝင်၊ အချိန်တိုင်း သတိရရင် ရသလို ကုသိုလ် ရယူနိုင်အောင် ကြိုးစားတာ အရမ်းကောင်းတဲ့ အလေ့အကျင့်ပါ။

အလုပ်ပြောင်းလိုသူများ အတွက် အရေးကြီး အချက် ၃ ချက်

ကျွန်တော်တို့ အများစုဟာ အကြောင်း အမျိုးမျိုးကြောင့် လက်ရှိ အလုပ်က ပြောင်းချင်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေရင် စနစ်တကျ အောင်အောင်မြင်မြင် ပြောင်းနိုင် စေဖို့ ဒီနည်းလေးတွေက အသုံးကျမယ် မျှော်လင့် ပါတယ်...

အောင်မြင်ခြင်း သီအိုရီများ - အတားအဆီးများကို ဖော်ထုတ်ခြင်း(၈)

အောင်မြင်ခြင်း ဆိုတာ အလကားရတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ လုပ်လို့လည်း မရပါဘူး။ လူတစ်ယောက် အောင်မြင်တဲ့ အလုပ်တစ်ခုကို နောက်ထပ် လူတွေ လိုက်လုပ်တိုင်းလည်း အောင်မြင်ဖို့ ရာနှုံးပြည့် မသေချာပါဘူး။ သက်ဆိုင်တဲ့သူတွေ အဖွဲ့အစည်းတွေရဲ့ အားထုတ် ကြိုးစားမှုတွေ အများကြီး ရှိနေပါတယ်။

လုပ်စရာ တစ်ခုခုရှိလာတဲ့အခါမှာ ကိုယ့်မှာ ရှိသမျှ အတွေ့အကြုံ ဗဟုသုတ ကာယအား ဉာဏအားတွေကို အစွမ်းကို အသုံးချပြီး အမှန်ကန်ဆုံး ဆောင်ရွက်လိုက်ပါ။ ထိုက်တန်တဲ့ ရလာဒ်ကောင်းတစ်ခု သေချာပေါက် ရလာပါလိမ့်မယ်။ ဒါဟာ အကောင်းဆုံး အမှန်ကန်ဆုံး နည်းလမ်းပါပဲ။

Tags:

Pages

Featured Articles

Subscribe to RSS - Business