ဝက်ဘ်ဆိုက်တစ်ခုကို လာကြည့်တဲ့သူ တစ်ယောက်ဟာ မြန်တဲ့ ဆိုက်ကိုပဲ ကြည့်ချင်တာပါ။ အပျော်တမ်း Blogger တစ်ယောက်ပဲ ဖြစ်ဖြစ်၊ Professional Web Developer/ Designer တစ်ယောက်ပဲ ဖြစ်ဖြစ် သူ့ဆိုက်လေးကို မြန်စေချင်ကြတာပါပဲ။ Web Developer တစ်ယောက် အနေနဲ့ အလုပ် စလုပ်တော့ HTML, CSS, jQuery, PHP တွေသာမက၊ FTP, cPanel, Web Hosting, Virtual Private Server (VPS), Domain Name Systems (DNS) စတဲ့ Web Hosting နဲ့ဆိုင်တဲ့ ဆော့ဖ်ဝဲတွေ၊ အလုပ်တွေကိုလည်း မသိမဖြစ် သိရှိ ပတ်သက်လာရပါတယ်။ ဒီ့အပြင် Google Applications (Google Apps) ကိုလည်း ချန်ထားလို့ မရခဲ့ပါဘူး။ Drupal, WordPress, BuddyPress, PrestaShop စတဲ့ CMS နဲ့ E Commerce ဆော့ဖ်ဝဲ တွေကိုလည်း အသုံးချပြီး အလုပ်တွေလုပ်ခဲ့ ရပါတယ်။ ဆိုက်ကို အလွယ်တကူ ရှာတွေ့အောင် SEO (Search Engine Optimization) နဲ့ Keyword Building တွေကိုလည်း လေ့လာရပါသေးတယ်။
မြန်မာ ဝက်ဘ်နည်းပညာ (Web Technology) Blog တွေ အတော်များများမှာ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေထဲက အတော်များများကို ဆွေးနွေးနေကြပေမယ့် Web Performance လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်တွေကို လျှင်မြန်အောင် ဘယ်လိုလုပ်ကြမလဲ၊ အွန်လိုင်းပေါ်မှာ စီးပွားရေး ဘယ်လိုလုပ်မလဲ (E Commerce) စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြတာကိုတော့ မတွေ့ရသလောက်ပါ။ အများစုက စိတ်မ၀င်စားကြတာလည်း ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် အချိန်ကဆို ပိုတောင် ဆိုးပါသေးတယ်။
အလုပ်ဝင်ပြီး သိပ်မကြာခင်မှာ Great Singapore Sales (GSS) Campaign အတွက် ဝက်ဘ်ဆိုက်တစ်ခု လုပ်ရပါတယ်။ ကြော်ငြာရှင်တွေ အတွက် Offline မှာ လက်ကမ်းစာစောင်၊ သတင်းစာမှာ အချပ်ပို၊ TV Channel မှာ 30 စက္ကန့်စာ ကြော်ငြာနဲ့ Online မှာတော့ အဲဒီ Digital Assets တွေအားလုံးကို ၀က်ဘ်ဆိုက်တစ်ခုနဲ့ ထပ်တင်ဖို့ လုပ်ကြပါတယ်...
Web Performance ဇတ်လမ်းက အဲဒီမှာ စတော့တာပါပဲ... အတူတွဲ အလုပ်လုပ်ရတဲ့ Graphic Designer တွေက Advertising Field မှာ ကြော်ငြာတွေ အများကြီးလုပ်ပြီး အတွေ့အကြုံ များနေတဲ့သူတွေပါ... ဒါပေမယ့် Web Advertising နဲ့ Web Site တွေမှာ သုံးရတဲ့ Image တွေအကြောင်းကို မသိကြပါဘူး... အစပိုင်းမှာ သူတို့က Web site ကပုံတွေက သူတို့ရဲ့ Print Design က ပုံတွေလောက် အရည်အသွေးမကောင်းတာကို သဘောမကျကြပါဘူး.... Flash တွေက လှပေမယ့် Search Engine Friendly မဖြစ်တာ မသိကြပါဘူး (နောက်တော့ နားလည်အောင် အတော်ရှင်းပြရပါတယ်...)
GSS Campaign အတွက်လုပ်တော့ ကြော်ငြာရှင်တွေအားလုံးရဲ့ လက်ကမ်းကြော်ငြာတွေနဲ့ TV ကြော်ငြာတွေကို ဝက်ဘ်ဆိုက်ပေါ်တင်ပါတယ်... ကြော်ငြာရှင်ဘက်က ကြည့်ရင်တော့ သူက ပိုက်ဆံပေးထားတဲ့သူမို့ ၀က်ဘ်ဆိုက်ထဲ ၀င်လိုက်တာနဲ့ သူ့ကြော်ငြာကို မြင်ချင်တာပါ... ဒါကလည်း သဘာ၀ကျပါတယ်... ဒါပေမယ့် ဝက်ဘ်ဆိုက်တစ်ခုတည်းမှာ
စသည်အားဖြင့် ထည့်စဉ်းစားလိုက်ရတဲ့ အချက်တွေ အများကြီးပါ... Hosting က (So called) Unlimited Shared Hosting... ဒါတွေကို သူတို့ကို ရှင်းပြနေလို့လည်း ပြီးမှာ မဟုတ်တော့တဲ့ အတူတူ ကိုယ့်ဘာသာပဲ ရှေ့ဆက်လျှောက်ရ တာပါပဲ... ကျွမ်းကျင်မှု နယ်ပယ် မတူညီတဲ့သူတွေ အတူအလုပ်တွဲလုပ်ကြရတဲ့ အခါ ဖြစ်နေကြ ဖြစ်ရပ်တွေပါ...
အဲဒီမှာ ဝက်ဘ်ဆိုက်ကို မြန်အောင် အတတ်နိုင်ဆုံး ဘယ်လိုလုပ်လို့ရမလဲ ဆိုတာ အင်တာနက်ထဲမှာပဲ ရှာဖွေလေ့လာရင်း Yahoo Developer Network က Best Practices for Speeding Up Your Website ကို သွားတွေ့ပါတယ်... အဲဒီထဲက Performance Rules တွေကို လိုက်လုပ်ကြည့်ရင်း မြန်မာ ညီအကို မောင်နှမများအတွက်လည်း တစ်ထောင့်တစ်နေရာက အထောက်အကူ ရလိုရငြား မျှော်လင့်ချက်နဲ့ ဖြေးဖြေးချင်း ဘာသာပြန်ပြီး mmshare.org မှာ တင်ဖြစ်ပါတယ်... အစအဆုံး မပြီးသေးသော်လည်း ပြီးသလောက်ကို ပြန်စုပြီး PDF eBook အဖြစ် လုပ်ထားတာပါ...
တတ်နိုင်သလောက် ဘာသာပြန်ထားတာ ဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေမှာတော့ မဟုတ်ပါဘူး... ဒါပေမယ့် ကိုယ့်ရဲ့ blogger.com က ဘလော့ခ်ပဲ ဖြစ်ဖြစ်၊ Free Hosting မှာ တင်ထားတဲ့ ဆိုက်ပဲ ဖြစ်ဖြစ် ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ မြန်ုမြန်နဲ့ အဆင်ပြေပြေ ကြည့်ပျော်ရှုပျော် ပေါ်လာဖို့ အတော် အရေးကြီးပါတယ်... ဒီစာအုပ်ထဲက နည်းတွေက အဲဒီလို အခြေအနေတွေအတွက် အထောက်အကူ ရမှာပါ... ဖြစ်နိုင်ရင် မူရင်းဆိုက်ကိုလည်း သွားကြည့်ကြဖို့ တိုက်တွန်းပါတယ်... ဆောင်းပါးတိုင်းရဲ့ အောက်မှာ မူရင်းလိပ်စာတွေ ထပ်ပြီး ဖတ်သင့်တဲ့ အခြားဆိုက်တွေ ပါပါတယ်... အမှားအယွင်း တစ်ခုခု တွေ့ခဲ့ရင်လည်း လမ်းမှန်ညွှန်ပေးသွားဖို့ ဖိတ်ခေါ်ပါတယ်...
မြန်မာ ညီအကို မောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်ဝပျော်ရွှင် အောင်မြင်ကြပါစေ...
Add new comment