Submitted by everlearner on Sun, 08/07/2011 - 11:09
"ဝက်ဘ်ဆိုက်တစ်ခုလို့ ပြောလိုက်တာနဲ့ ငယ်တယ်ကြီးတယ် ဆိုတာ မရှိပါဘူး။ တစ်ဦးတစ်ယောက် အတွက်တော့ အရေးကြီးနေတာပါပဲ။"
တစ်ကယ်လို့ သင်ဟာ Drupal CMS မှာ အချိန်ယူ အလုပ်လုပ်တော့မယ်ဆိုရင်တော့ ရေရှည်မှာ အချိန်ကုန် လူပန်းမဖြစ်ရလေအောင် အလေ့အကျင့်ကောင်း (Best Practices) အချို့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေဟာ အကြံပြုချက်များသာဖြစ်ပြီး သင်ဖန်တီးနေတဲ့ ဝက်ဘ်ဆိုက်နဲ့ ကိုက်ညီတဲ့ အချက်များကိုသာ လိုအပ်သလို ရယူ အသုံးပြုဖို့ ဖြစ်ပါတယ်။ Drupal အတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပေမယ့် အခြား CMS များအတွက်လည်း အသုံးဝင်မှာပါ။
Submitted by everlearner on Sun, 10/10/2010 - 08:12
Web Page တစ်ခု၏ တည်ဆောက်ပုံ များပြားရှုပ်ထွေး လာသည်နှင့် အမျှ အင်တာနက်ကြည့် ဆော့ဖ်ဝဲ ထိုစာမျက်နှာကို Download လုပ်ပြီး ပုံဖော်ရသည့် အချိန် ပိုကြာလာသည်။ ထို့ပြင် အသုံးပြုထားသည့် JavaScript များမှ DOM access လုပ်သည့် အချိန်ကိုလည်း ပိုမို နှေးကွေးစေသည်။ ဥပမာ - အနေဖြင့် Event Handler တစ်ခုကို DOM Elements 500 ပါသည့် စာမျက်နှာတစ်ခုနှင့် 5000 ပါသည့် စာမျက်နှာတစ်ခုတွင် ထည့်သွင်း နှိုင်းယှဉ်ကြည့် နိုင်သည်။
Submitted by everlearner on Sat, 05/29/2010 - 07:20
၀က်ဘ်ဆိုက်ကို သုံးနေသူများက စာမျက်နှာတစ်ခုကို Request လုပ်လိုက်တိုင်း Backend Server ဆီမှ HTML စာမျက်နှာတစ်ခု အဖြစ် ပြန်လည် ထုတ်ပေးနိုင်ရန်အတွက် 200 မှ 500 မီလီစက္ကန့်အထိ အချိန်ပေးရသည်။ ထိုအချိန်တွင် Server မှာ အလွန်အလုပ်လုပ်နေရပြီး User ၏ အင်တာနက်ကြည့်ဆော့ဖ်၀ဲမှာလည်း ဆာဗာမှ ပြန်လည်ပေးပို့မည့် HTML Code များကို စောင့်ဆိုင်းနေရသည်။ တခါတရံ ဖြူဖွေးနေသည့် ပလာစာမျက်နှာတစ်ခုကို မြင်နေရပြီး ကြာမြင့်စွာ စောင့်နေရတတ်သည်။ အထူးသဖြင့် IE6 တွင် ပိုသိသာသည်။ ထိုအချိန်မျိုးမှာ User Experience ကို အလွန်ထိခိုက်စေသည်။
Submitted by everlearner on Mon, 05/10/2010 - 09:53
အဓိက အကြောင်းအရာ - Content
Ajax ကို သုံးရသည့်အတွက် သိသာထင်ရှားသည့် အကျိုးအမြတ်တစ်ခုမှာ - User ၏ လုပ်ဆောင်မှု တစ်ခုအတွက် ပြန်လည်တုန့်ပြန်ရမည့် အလုပ်များ (Instantaneous Feedback) အားလုံးကို Backend Web Server ဆီသို့ ဆက်သွယ်ရယူပြီး (Requests information asynchronously) ပြန်လည် ဖော်ပြပေးနိုင်သည့် အတွက် ဖြစ်သည်။ သို့သော် ပြဿနာ တစ်ခုမှာ - JavaScript နှင့် XML response များ User ၏ မြင်ကွင်းဆီသို့ ပြန်လည် ရောက်ရှိမလာမီ၊ User က စောင့်ဆိုင်းနေရသည့် အချိန်တွင်၊ User များ နောက်ထပ် အခြားနေရာတစ်ခုဆီသို့ ထွက်ခွာသွားနိုင်သည့် အခြေအနေကို မတားဆီးနိုင်ခြင်း ဖြစ်သည်။
Pages
မှတ်ချက်များ