ဗီဒီယိုဖိုင် အမျိုးအစား တစ်ခုကနေ နောက်တစ်ခု ပြောင်းဖို့၊ ဖုန်းထဲက ဖိုင်တွေကို ကွန်ပျုတာမှာ ကြည့်နိုင်အောင် လုပ်ဖို့၊ ကွန်ပျုတာထဲက ဖိုင်တွေကို ဖုန်းထဲမှာ ကြည့်လို့ရအောင် အသွင်ပြောင်းဖို့၊ ဗီဒီယိုကနေ Mp3 ပြောင်းဖို့ စတဲ့ အလုပ်တွေဟာ ဒီနေ့ အင်တာနက် သုံးနေတဲ့ လူအတော်များများ လုပ်နေကြအလုပ်တွေ ဖြစ်နေပါပြီ။ အဲဒီအလုပ်တွေအတွက် အဆင်ပြေပြေ အသုံးပြုနိုင်တဲ့ WinFF ဆိုတဲ့ အခမဲ့ ဆော့ဖ်ဝဲလေး အကြောင်းကို ဝေမျှ ချင်ပါတယ်။
WinFF ဆိုတာ Command Line ကနေ ဗီဒီယို ဖိုင်တွေကို MP3, MP4, FLV စသည်ဖြင့် အသွင်အမျိုးမျိုးပြောင်းပေးနိုင်တဲ့ FFMPEG ဆော့ဖ်ဝဲရဲ့ GUI version ပါ။ အဲဒီအတွက်ကြောင့် FFMPEG ဆော့ဖ်ဝဲက Command Line မှာ ပြောင်းပေးနိုင်တဲ့ ဖိုင်အားလုံးကို ပြောင်းပေးနိုင်ပါတယ်။ ဖိုင်အမျိုးအစားများစွာကိုလည်း တစ်ပြိုင်တည်း အသွင်ပြောင်းပေးနိုင်ပါတယ်။ ဆိုလိုတာက သူ့ထဲကို FLV, WMV, AVI, MOV စတဲ့ မတူတဲ့ ဖိုင်တွေ ထည့်ပြီး အဲဒီဖိုင်တွေကို mp4 အဖြစ် တစ်ပြိုင်တည်း ပြောင်းခိုင်းတာမျိုးပါ။
WinFF ဆော့ဖ်ဝဲဟာ Free, Open Source ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ GNU/GPL လိုင်စင်နဲ့ ထုတ်ပေးထားတဲ့အတွက် မည်သူမဆို လွတ်လပ်စွာ စိတ်တိုင်းကျ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကို Windows နဲ့ Linux OS တွေမှာ သုံးလို့ ရပါတယ်။ အခုအချိန်မှာ Windows အတွက် Windows 95, 98 , ME, NT, XP, VISTA, Windows 7 OS တွေမှာ အလုပ်လုပ်ပါတယ်။ Linux အတွက် Debian, Ubuntu, Redhat အခြေပြု GNU/Linux distributions အားလုံးမှာ သုံးနိုင်ပါတယ်။

All Download Links
Ubuntu Installation
How To Make Presets
Portable Windows Version of WinFF
WinFF Wiki - How To And More
ကျွန်တော် တစ်ချိန်က တရားမဝင် ဆော့ဖ်ဝဲတွေကို (ဝယ်သုံးရမယ့် ဆော့ဖ်ဝဲတွေကို ဝယ်မသုံးဘဲ) ပျော်ပျော်ကြီး သုံးခဲ့ဖူးပါတယ်။ စာတွေအဖတ်များ၊ အင်တာနက် သုံးတာများလာတော့ ဆော့ဖ်ဝဲတွေကို ဒီလိုသုံးတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးဆိုတာ သိလာပါတယ်။ အဲဒီနောက်မှာတော့ ဝယ်ဖို့ အဆင်ပြေရင်၊ ကိုယ်လည်း ဝယ်နိုင်ရင် ဝယ်သုံးပါတယ်။ မဝယ်နိုင်ရင် လုပ်ဆောင်ချက်တူတဲ့ အခမဲ့ ဆော့ဖ်ဝဲ (Free Software) တွေကို ရှာသုံးပါတယ်။ ခုချိန်ထိ ရာနှုံးပြည့် မသုံးနိုင်သေးပေမယ့် လက်ရှိသုံးနေတဲ့ OS အပါအဝင် 95 ရာနှုံးလောက်ရှိတဲ့ ဆော့ဖ်ဝဲတွေကတော့ ဝယ်သုံးတာနဲ့ Free Software တွေပါပဲ။
စာဖတ်သူ မိတ်ဆွေ ညိအကို မောင်နှမများရော ဘယ်လို အခမဲ့ ဆော့ဖ်ဝဲလေးတွေများ သုံးနေကြပါသလဲ.... Comment လေးထဲမှာ ဝေမျှသွားစေချင်ပါတယ်...
Add new comment