What is Drupal

Drupal သည် တစ်ဦးခြင်း တစ်ယောက်ခြင်းဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ - အကြောင်းအရာ အမျိုးမျိုးကို ၀က်ဆိုက်တစ်ခုပေါ်တွင် အလွယ်တကူ ရေးသားထုတေ်၀ခြင်း၊ စီမံခန့်ခွဲခြင်း၊ အနေအထားအမျိုးမျိုးဖြင့် စုစည်း ပုံဖော်ခြင်းများ ပြုလုပ်နိုင်သည့် - အခမဲ့ ရယူ အသုံးပြုနိုင်သော ဆော့ဖ်၀ဲ တစ်ခုဖြစ်သည်။
ယခုအခါ ထောင်ပေါင်းများစွာသော - လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် အမျိုးမျိုးသော ၀က်ဆိုက်များစွာကို Drupal ဖြင့် တည်ဆောက် အသုံးပြုလျက် ရှိကြသည်။ ထို၀က်ဆိုက်များတွင် -

  • လူမှုရေးဆိုင်ရာ ၀က်ဆိုက်များ Community web portals
  • ပညာဗဟုသုတ နှီးနှောဖလှယ်ရေး ၀က်ဆိုက်များ Discussion sites
  • ကော်ပိုရေးရှင်း ၀က်ဆိုက်များ Corporate web sites
  • အင်ထရာနက် အသုံးချဆော့ဖ်၀ဲများ Intranet applications
  • တကိုယ်ရေ ၀က်ဆိုက်များနှင့် ဘလော့ခ်များ Personal web sites or blogs
  • ၀ါသနာအရ တည်ဆောက်ထားသော ၀က်ဆိုက်များ Aficionado sites
  • စီးပွားရေး ၀က်ဆိုက်များ E-commerce applications
  • အရင်းအမြစ်များ စုစည်းထားသည့် ၀က်ဆိုက်များ Resource directories
  • လူမှုကွန်ရက် ၀က်ဆိုက်များ Social Networking sites

စသည့် အမျိုးအစားများစွာ ပါ၀င်လျက်ရှိသည်။

Drupal တွင် ပါ၀င်သည့် - Collaborative Book, Friendly URLs, Modules, Online help, Open source, Searching System - စသည့် အင်္ဂါရပ်များစွာ အပြင် - အခမဲ့ ရယူအသုံးပြုနိုင်သည့် ရာပေါင်းများစွာသော Modules များကို အသုံးပြုလျက် -

  • အင်တာနက် ဈေးဆိုင်များ Electronic commerce
  • ဘလော့ခ်များ Blogs
  • စုပေါင်းဆွေးနွေးသည့် ပတ်၀န်းကျင်များ Collaborative authoring environments
  • အင်တာနက် စကား၀ိုင်းများ Forums
  • အချင်းချင်းဆက်သွယ်နိုင်သည့် လူမှုကွန်ရက်များ Peer-to-peer networking
  • သတင်းလွှာများ Newsletters
  • တကိုယ်ရေ အင်တာနက် အသံလွှင့်ချက်များ Podcasting
  • ဓါတ်ပုံပြခန်းများ Picture galleries
  • ဖိုင်ဖြနေ့်၀ရေး ၀က်ဆိုက်များ File uploads and downloads
    စသည့် ၀က်ဆိုက်များစွာ အပြင် အခြားသော ၀က်ဆိုက်များစွာကို စိတ်ကူးရှိသည့်အတိုင်း တည်ဆောက်နိုင်သည်။

Drupal သည် GPL ("GNU General Public License") လိုင်စင်ဖြင့် ဖြနေ့်၀ထားသည့် “အပွင့်ဆော့ဖ်၀ဲ” (Open-source software) ဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော “အသုံးပြုသူများ” (Users) နှင့် “၀က်ဆိုက်တည်ဆောက်သူများ” (Developers) စုစည်းထားသည့် အဖွဲ့အစည်း (Community) ဖြင့် တည်ဆောက် ထိန်းသိမ်း (Develope and Maintain) လျက်ရှိသည်။

ဆက်ရန်...

Tags:

Add new comment

Similar Articles

Featured Articles