Web Servers - ဆာဗာ ကွန်ပျုတာ စနစ်များ

Web learner, designer, developer နှင့် Web master - စသည့် web site များ တည်ဆောက်ဖန်တီးသည့် အလုပ်များ လုပ်နေရသူများ အတွက် မရှိမဖြစ်လိုအပ်သည့် ဆော့ဖ်ဝဲတစ်ခုမှာ Web Server ဆော့ဖ်ဝဲများ ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် သမားရိုးကျ ပုံသေအချက်အလက်များသာ ပါရှိသည့် အင်တာနက်စာမျက်နှာများ (Static Web Pages) ကိုသာ ဖန်တီးနေရပါက Web Server ဆော့ဖ်ဝဲများကို မလိုအပ်သော်လည်း - အချက်အလက်ထိန်းသိမ်းမှုစနစ်များ (Databases)၊ ပြောင်းလဲသက်ဝင်နေသည့် အကြောင်းအရာများ (Dynamic Contents) ပါရှိသည့် web site များ၊ Server ပေါ်တွင် အလုပ်လုပ်သော PHP, ASP, Perl စသည့် အင်တာနက် ပရိုဂရမ်ဘာသာစကားများ (Internet/web programming languages) ကို သုံးရတော့မည် ဆိုပါက Web Server ဆော့ဖ်ဝဲများကို မဖြစ်မနေ လိုအပ်လာပြီ ဖြစ်သည်။

ကွန်ပျူတာနှင့် အင်တာနက်နည်းပညာများ၊ အထူးသဖြင့် Web Design and Development ကို လေ့လာနေသူတစ်ဦး အနေဖြင့် အစပိုင်း ကာလများတွင် - Static web pages - များကို ရေးသားတတ်ကြသော်လည်း အတွေ့အကြုံများလာပြီး၊ လုပ်ငန်းလိုအပ်ချက် ကျယ်ပြန့်လာသည်နှင့်အမျှ Dynamic web site များကို ဖန်တီးလာကြရသည်။ ဤတွင် Web Designer/ Developer တစ်ဦး၏ တန်ဆာပလာများတွင် (A Web Developer's Toolbox) Web Server ဆော့ဖ်ဝဲများမှာ ရှေ့ဆုံးမှ ပါ၀င်လာသည်။

Web Server ဟု ပြောသည့် အခါတွင် အနက်နှစ်မျိုးထွက်နိုင်သည်။ Software web server နှင့် Hardware web server တို့ဖြစ်ကြသည်။

၁။ အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Web browser) တစ်ခုက တောင်းဆိုလာသည့် HTTP Request များကို တာ၀န်ယူလက်ခံပြီး၊ ထိုတောင်းဆိုမှုများ အတွက် - လိုအပ်သော အချက်အလက်များကို ထည့်သွင်းထားသည့် HTML documents များနှင့် သက်ဆိုင်ရာ ပုံများ၊ ချိတ်ဆက်ရာ လမ်းကြောင်းများ - ကို ပြန်လည်ပေးပိုသည့် လုပ်ငန်းများ (HTTP Response များ) ကို ဆောင်ရွက်ပေးသည့် ဆော့ဖ်ဝဲကို - Web Server ဟု ခေါ်နိုင်သည်။

၂။ အထက်ပါ Web Servers ဆော့ဖ်ဝဲများကို ထည့်သွင်း အလုပ်လုပ်ပေးနိုင်သည့် ကွန်ပျူတာစက်များကိုလည်း web server များဟုခေါ်နိုင်သည်။

ဆက်ရန် -

Add new comment

Featured Articles