မြန်မာ ညီအကို မောင်နှမတွေကြားမှာ Drupal ကို စိတ်၀င်စားတဲ့သူတွေ ပိုများလာတာ တွေ့ရပါတယ်။ စမ်းသပ်နေတဲ့ သူတွေ အမျိုးမျိုး ရှိပါလိမ့်မယ်။ အဆင်ပြေရင် ပြေသလို Hosting တွေမှာ စမ်းတဲ့သူတွေရှိသလို အိမ်သုံး၊ ကျောင်းသုံးကွန်ပျူတာတွေနဲ့ Localhost မှာ စမ်းနေသူတွေလည်း ရှိမှာပါ။ ဒီဆောင်းပါးကတော့ ကိုယ်ပိုင် Hosting ဒါမှမဟုတ် Free Hosting တစ်ခုမှာ Drupal ကို စမ်းသုံးနေသူတွေ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Email မထွက်တာ၊ Email ပို့လို့ မရတာ ဖြစ်ခဲ့ရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးကို ေ၀မျှပေးမှာ ဖြစ်ပါတယ်။
Requirements - Drupal Core, PHPMailer module, PHPMailer library for PHP5/6, SMTP Server
Website တစ်ခုအတွက် အီးမေးလ် အပြန်အလှန်ပေးပို့နိုင်ဖို့ အတော်အရေးကြီးပါတယ်။ System ကနေ Admin ဆီကို ပို့တဲ့ အီးမေးလ်၊ User အသစ်တစ်ယောက် Register လုပ်တဲ့အခါ အတည်ပြုတဲ့ အီးမေးလ်၊ Comment အသစ်တစ်ခု ၀င်လာတဲ့အခါ သတိပေးတဲ့ အီးမေးလ် စသည်ဖြင့် အီးမေးလ် အမျိုးမျိုး ပေးပို့နေရ တတ်ပါတယ်။ အဲဒါကြောင့် Website အသစ်တစ်ခုကို စပြီး Configure လုပ်တာနဲ့ Email အလုပ်လုပ်ဖို့ သေချာအောင် ပြင်ဆင်ရပါတယ်။ များသောအားဖြင့် Hosting အတော်များများမှာ အီးမေးလ်အတွက် ပြင်ဆင် ပေးထား ပြီးပါပြီ။ ကိုယ်က အသင့်သုံးဖို့ပဲ လိုပါတယ်။
တခါတရံ အီးမေးလ်တွေ မထွက်ပါဘူး။ အီးမေးလ်မထွက်တာ Free Hosting ဖြစ်နေလို့ ဖြစ်နိုင်ပါတယ်။ တခါတလေ ပိုက်ဆံပေးထားရတဲ့ Hosting တွေမှာလည်း Configuration အဆင်မပြေရင် အီးမေးလ် မရတတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် Hosting ရဲ့ အီးမေးလ်ကို သုံးလို့ မရတော့ဘူးဆိုရင် အစားထိုး အနေနဲ့ Gmail ကို သုံးလို့ ရပါတယ်။ လောလောဆယ်မှာ Drupal ကို စမ်းနေတဲ့ ညီလေးတစ်ယောက်က အီးမေးလ်ပြဿနာ ကြုံနေတဲ့အတွက် Drupal နဲ့ပဲ အရင်ပြောပြပါ့မယ်။ နောက်ထပ် ဆောင်းပါးတစ်ပုဒ်မှာတော့ WordPress နဲ့ Drupal မှာအသုံးပြုနေတဲ့ SMTP plugins, modules တွေအကြောင်း ဆွေးနွေးပါ့မယ်။ ဒီဆောင်းပါးမှာ ရှင်းရလွယ်စေဖို့ example.com ကို နမူနာအဖြစ် သုံးပါ့မယ်။
Drupal မှာ SMTP နဲ့ PHPMailer Module ဆိုပြီး နှစ်ခုရှိပါတယ်။ ဒီဥပမာမှာတော့ PHPMailer ကို သုံးမှာပါ။


သတိထားရန် အချက်များ
Reference
PHPMailer module - http://drupal.org/project/phpmailer
Gmail Sending Limits - http://mail.google.com/support/bin/answer.py?hl=en&answer=22839
Add new comment