ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်တဲ့အခါ ပါရှိတဲ့ အကြောင်းအရာ (Content) အမျိုးအစားများစွာကို ဘယ်လိုနေရာချထားမလဲဆိုတဲ့ IA (Information Architecture) က အတော်လေး အရေးကြီးပါတယ်။ Drupal website တစ်ခုမှာတော့ Content တွေကို ထိန်းချုပ်၊ နေရာချထားဖို့ Taxonomy စနစ်ကို သုံးပါတယ်။ Drupal ကို စလေ့လာတဲ့သူ တစ်ဦးအနေနဲ့ Taxonomy အပိုင်း ရောက်တဲ့အခါ အတော်လေး နားလည်ရခက်တာ ကြုံရမှာပါ။ ဒီဆောင်းပါးမှာတော့ Taxonomy အကြောင်းနဲ့ Taxonomy ကို ဘယ်လို အသုံးချနိုင်မလဲ ဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ Drupal မဟုတ်တဲ့ တခြား CMS တွေကို သုံးနေတဲ့ Developer များအနေနဲ့လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။
Drupal ရဲ့ Taxonomy စနစ်က ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ Content တိုင်းမှာ အဓိပ္ပါယ် ရှိတဲ့ အတိုချုပ် စကားလုံးလေးတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ အဲဒီ စကားလုံးလေးတွေက
စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
Drupal မှာ အဲဒီ စကားလုံးတွေကို Terms လို့ ခေါ်ပါတယ်။ သက်ဆိုင်ရာ Terms တွေကို ပိုပြီး စနစ်တကျရှိစေဖို့ ဝေါဟာရများ (Vocabularies) များအဖြစ် ထပ်မံ စုစည်းထားပါတယ်။ Drupal ဆိုက်တစ်ခုကို တည်ဆောက်တဲ့အခါ ပထမဆုံး လုပ်သင့်တဲ့ အဆင့်တစ်ခုကတော့
တို့ ဖြစ်ပါတယ်။ ဒါဟာ Website Information Architecture အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကို အောက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။
ဝက်ဘ်ဆိုက် တစ်ခုမှာ Vocabulary အမျိုးအစား အများကြီး ပါနိုင်ပါတယ်။ အဲဒီ Vocabulary တွေကို စနစ်တကျခွဲခြား အသုံးချနိုင်မှ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပါရှိတဲ့ အကြောင်းအရာ (Content) တွေကို အကောင်းဆုံး စုစည်းဖော်ပြ (Categorize) နိုင်မှာပါ။
Vocabulary တွေကို အမျိုးအစား ထပ်ခွဲကြည့်ရင် အခုလို သုံးပိုင်း တွေ့ရပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို ပိုရှင်းသွားအောင် အခုလို လက်တွေ့လုပ် ကြည့်ကြရအောင်။ ဥပမာ - ဓါတ်ပုံ ဂယ်လာရီ တစ်ခုကို ထိန်းချုပ်ဖို့အတွက် Taxonomy ကို အသုံးပြုမယ် ဆိုပါစို့။
ကျွန်တော်တို့ ဓါတ်ပုံတွေ ရိုက်တဲ့ အခါမှာ နေရာအမျိုးမျိုးမှာ ရိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေနဲ့ ဓါတ်ပုံတွေကို ချိတ်ဆက် မှတ်သားနိုင်ဖို့ အတွက် အခုဆက်ပြီး တည်နေရာ (Location) လို့ခေါ်တဲ့ Hierarchical Vocabulary တစ်ခုကို ဖန်တီးကြပါမယ်။ အဲဒီလို ဖန်တီးလိုက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ "မြန်မာ - Myanmar", "ထိုင်း - Thailand", "စင်္ကာပူ - Singapore" စတဲ့ Terms တွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
အဲဒီကနေ တစ်ဆင့် သက်ဆိုင်ရာ Term အသီးသီးရဲ့အောက်မှာ - "ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်", "ဘန်ကောက်၊ မဲဆောက်၊ ချင်းရိုင်", "တိုပါးယိုး၊ စီးတီးဟော၊ ဘူဂစ်" အစရှိတဲ့ သက်ဆိုင်ရာ နိုင်ငံ၊ ဒေသ အသီးသီးနဲ့ ကိုက်ညီတဲ့ Sub terms တွေကို အဆင့်ဆင့် (Hierarchically) ထပ်မံ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မှတ်သားထားနိုင်တဲ့ အတွက်ကြောင့် နောင်တစ်ချိန်မှာ မြန်မာနိုင်ငံ မော်လမြိုင်မြို့မှာ 2010 ခုနှစ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံများ ဆိုပြီး ပြန်ရှာတာမျိုး လုပ်နိုင်မှာပါ။
နောက်ဆုံး အဆင့်ကတော့ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို အဲဒီဓါတ်ပုံတွေကို ရိုက်နေစဉ် အချိန်၊ အခြေအနေနဲ့ ကိုက်ညီတဲ့ အနေအထားအတိုင်း မှတ်တမ်းတင်နိုင်တဲ့ Free Tagging Vocabulary စနစ်ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် Keywords လို့ခေါ်တဲ့ Free tagging vocabulary တစ်ခုကို ဖန်တီးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဓါတ်ပုံတွေကို စိတ်တိုင်းကျ မှတ်တမ်းတင်နိုင်ပြီ ဖြစ်ပါတယ်။
ယခု အချိန်မှာ Flat, Hierarchy နဲ့ Free Tag vocabulary အားလုံးကို သုံးထားတဲ့ Taxonomy အခြေပြု ဓါတ်ပုံ သိမ်းဆည်းမှု စနစ်တစ်ခုကို ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် 2010 ခုနှစ် စင်္ကာပူနိုင်ငံ တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် အဘိဓမ္မာ အခါတော်နေ့ အလှူမှတ်တမ်း ဓါတ်ပုံများ လို့ခေါ်တဲ့ ရှုပ်ထွေးတဲ့ ရှာဖွေမှုမျိုးကို အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ကျန်တဲ့ အခြားသော CMS တွေဖြစ်တဲ့ WordPress, Joomla စတဲ့ CMS များမှာတော့ အခုပြောခဲ့တဲ့ Vocabulary တွေကို "Categories", "Sections", "Keywords", "Tags" စသည်ဖြင့် အမျိုးမျိုး အမည်တပ် အသုံးပြုကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
Drupal မှာတော့ အဲဒီလို ပုံသေသတ်မှတ်ဖို့ မလိုအပ်ပါဘူး။ ကိုယ် အသုံးပြုချင်တဲ့ Content အမျိုးအစားနဲ့ ကိုက်ညီတဲ့ Vocabulary တွေကို စိတ်တိုင်းကျ သတ်မှတ် ပေးနိုင်ပါတယ်။ ဥပမာ - News Articles နဲ့ Images ဆိုတဲ့ Content အမျိုးအစား နှစ်ခုမှာ - Keywords ဆိုတဲ့ Vocabulary ကို နှစ်နေရာလုံးမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် "Photo Type" ဆိုတဲ့ Vocabulary ကိုတော့ Images ဆိုတဲ့ Content Type အတွက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။
အထက်မှာ လေ့လာခဲ့ရတဲ့ Vocabulary နည်းစနစ် အမျိုးမျိုးကို ထိထိရောက်ရောက် အသုံးချနိုင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Content တွေကို လိုအပ်သလို စုစည်း၊ ဖော်ပြ၊ နေရာချ၊ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဖော်ပြနိုင်မှလည်း CMS တွေကို အသုံးပြုရကျိုး နပ်မှာပါ။
Website တစ်ခုမှာ ထည့်သွင်းမယ့် အကြောင်းအရာ (Content)၊ အဲဒီ အကြောင်းအရာတွေကို စုဆောင်း၊ သိမ်းဆည်း၊ နေရာချ၊ ထုတ်ယူ၊ ဖော်ပြမှု Information Storage and Display၊ အကြောင်းအရာများကို အသုံးဝင်တဲ့ သတင်းအချက်အလက်များ အဖြစ် ပြန်လည် ရရှိစေနိုင်ရန် တည်ဆောက်မှု (Information Architecture) တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။ Drupal ရဲ့ Taxonomy နဲ့ Vocabulary စနစ်တွေဟာ အဲဒီအလုပ်တွေကို လွယ်ကူစွာ ဆောင်ရွက်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
သင်ဟာ Web Developer တစ်ယောက်၊ Website Creator သို့မဟုတ် Web Content Manager တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် Taxonomy စနစ်များအကြောင်းကို နားလည်ထားခြင်းဖြင့် သင့်ရဲ့ ဝက်ဘ်ဆိုက်မှာ သိမ်းဆည်းထားတဲ့ အကြောင်းအရာ အမျိုးမျိုးကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုနိုင်ခြင်း ဆိုတဲ့ အကျိုးထူးများကို ရရှိနိုင်မှာ ဖြစ်တဲ့အကြောင်း ဝေမျှလိုက်ပါတယ်။
Add new comment