CCK ဆိုတာ Drupal CMS အတွက် အလွန်သုံး၀င်တဲ့ module တစ်ခုပါ။ နာမည် အပြည့်အစုံက Content Construction Kit ဖြစ်ပါတယ်။ Drupal CMS ကို ထိထိရောက်ရောက် အသုံးပြုချင်တယ် ဆိုရင်တော့ CCK ကို ကျွမ်းကျင်စွာ သိရှိနားလည် အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ Content နဲ့ Content Manangement System (CMS) တွေ အကြောင်းကို အသေးစိတ် သိချင်သေးရင် Understanding Content, Web Content & Content Management Systems နဲ့ ဆက်စပ် ဆောင်းပါးတွေမှာ ဖတ်နိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ အဲဒီအချက်တွေကို အခြေခံပြီး CCK နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အခြေခံ အချက်များ၊ တွဲဖက် အသုံးပြုနိုင်တဲ့ အခြား Module များအကြောင်းကို ေ၀မျှသွားမှာပါ။
Website တစ်ခုမှာ Content အမျိုးအစားများစွာ ပါရှိနိုင်ပါတယ်။ အဲဒီ Content တွေမှာပါတဲ့ အစိတ်အပိုင်းများ (Fields) အနေနဲ့ တူညီတဲ့အပိုင်းတွေ ရှိသလို မတူညီတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ခေါင်းစဉ် (Title)၊ စာရေးသူ (Authoring Information)၊ ရေးသားချိန် (Post time)၊ မျိုးတူစု အစီအစဉ် (Taxonomy) စသည်ဖြင့် တူတဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။
အောက်မှာ နမူနာ ပြထားတဲ့ပုံက
ဒီလောက်ဆိုရင် CCK နဲ့ ဘာတွေလုပ်လို့ ရတယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ ရနေပါပြီ။ နောက်ထပ် Content Type အသစ်တွေ အမျိုးမျိုးကို အသစ်ထပ်လုပ်ရင်လည်း အခုလို အစိမ်းရောင်နဲ့ ဘောင်ခတ်ထားတဲ့ Field တွေလိုပဲ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Field အသစ်တွေကို လိုအပ်သလို ထပ်ထည့် သွားရမှာပါ။

Drupal site တစ်ခုမှာ CCK Module ကိုသုံးပြီး အလုပ်နှစ်ခု လုပ်နိုင်ပါတယ်။
ဒီလို အစွမ်းထက်တဲ့ CCK နဲ့ အချို့သော Field များကို Drupal 7 မှာ Core ထဲကို ပေါင်းစပ်ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ Drupal 6 အတွက်ဆိုရင်တော့ Module တစ်ခု အနေနဲ့ သီးသန့် ရယူ အသုံးပြုရပါမယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ ၀က်ဘ်ဆိုက်မှာ ပါရှိတဲ့ Content အမျိုးအစား များစွာကို စိတ်တိုင်းကျ၊ ပြင်ဆင်ဖန်တီး ထိန်းချုပ်နိုင်တဲ့ အခွင့်အရေးကို ရချင်တယ်ဆိုရင်တော့ Drupal နဲ့ CCK ကို စမ်းကြည့်သင့်တဲ့ အကြောင်းပြောရင်း CCK နိဒါန်းကို ဒီမှာ အဆုံးသတ်လိုက်ပါတယ်။
Download CCK module at Drupal.org
Add new comment