Top 10 things to do after you install Drupal - Part 2

Drupal site တစ်ခုကို စပြီး တည်ဆောက်တဲ့ အခါမှာ မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ အဆင့်တွေထဲက အစောပိုင်း အဆင့်တွေကို ရှေ့ပိုင်းက ဆောင်းပါးမှာ ပြောခဲ့ပါတယ်။ အခုဆက်ပြီး မဖြစ်မနေ အသုံးဝင်တဲ့ WYSIWYG Editor အကြောင်း၊ Drupal.org site ရဲ့ အသုံးဝင်ပုံ၊ Drupal ရဲ့ အခြား CMS တွေနဲ့ မတူ တမူထူးခြားတဲ့ CCK နဲ့ Content တွေ အကြောင်း၊ Search Box ဖန်တီးပုံ၊ ကိုယ့် site ကို စိတ်တိုင်းကျ မွမ်းမံဖို့ Theme အကြောင်း နဲ့ နောက်ဆုံးမှာ အကြောင်းအရာတွေကို စနစ်တကျ စုစည်းဖော်ပြပေးနိုင်တဲ့ Taxonomy တွေအကြောင်းကို ဝေမျှထားပါတယ်။

  1. Add A WYSIWYG Editor

  2. Drupal ကို install လုပ်ပြီးရင် text editor ထည့်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ Text editor ထည့်ထားခြင်းအားဖြင့် HTML ကို သိပ်မကျွမ်း၀င်သေးတဲ့ end user တွေလည်း content တွေကို အလွယ်တကူ create လုပ်နိုင်ပါလိမ့်မယ်။
    အသုံးအများဆုံး Text editor ကတော့ TinyMCE  ပါ ။ Drupal 7 မှာTinyMCE install လုပ်ပုံ အသေးစိတ်ကိုတော့ Detail of Using Text Editor in Drupal 7 ဆောင်းပါးမှာ ရှင်းပြထားပြီးသားပါ။

  3. Sign up for an account at Drupal.org

  4. Drupal ရဲ့ official site ဖြစ်တဲ့ Druapl.org မှာ register မလုပ်ရသေးဘူး ဆိုရင် ခု Register  လုပ်ထားသင့်ပါတယ်။ ဒါဆို သူ့ရဲ့ forum မှာ ကိုယ်မသိသေးတာ သိချင်တာတွေရှိရင် မေးလို့ရပါတယ်။ ပြီးတော့ ကိုယ့်ကြုံတွေ့ရတဲ့ bug တွေကိုလည်း ပြန် share ပေးလို့ ရတာပေါ့။

    Drupal newsletter ကို sign up လုပ်ထားရင် Druapl နဲ့ပတ်သက်တဲ့ သတင်းတွေ ၊ Security announcements တွေကိုပါ သိနိုင်ပါလိမ့်မယ်။

  5. Create A Custom Content Type

  6. Drupal မှာ story နဲ့ page ဆိုတဲ့ default content type နှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီ နှစ်ခုကိုပဲ သုံးရမယ်လို့ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကြိုက် content type တွေ ထပ်ဆောက်နိုင်ပါသေးတယ်။ Administer->Content Management->Content types ထဲမှာ Add content type ကို click နှိပ်လိုက်ယုံပါဘဲ။ ဥပမာ- Animal ဆိုတဲ့ content type တစ်ခု အသစ်ဆောက်မယ် ဆိုပါတော့။ Add content type ကို click ပြီး Name မှာ Animal ၊ type မှာ animal ကိုပေးလိုက်မယ်။ ပြီးရင် Save content type လေး click လိုက်တာနဲ့ Animal ဆိုတဲ့ နာမည်နဲ့ content type အသစ်တစ်ခု ရပါပြီ။

    နောက်ထပ် field အသစ်တွေထည့်ပြီး စိတ်ကြိုက် customize လုပ်ချင်တယ်ဆိုရင်တော့ Content Construction Kit (CCK) ကို download ချပြီး ကောင်းကောင်းသုံးဖို့ လိုပါလိမ့်မယ်။ ဥပမာ- Animal content type မှာပဲ animal ရဲ့ အလေးချိန်၊ အသက်တို့ဖြည့်ဖို့ text box တွေ ၊ ရေသတ္တဝါလား၊ ကုန်းသတ္တဝါလား ဆိုတာရွေးနိုင်တဲ့ option လိုမျိုးလေးတွေနဲ့ ကိုယ့်စိတ်တိုင်းကျ ဆောက်နိုင်တာပေါ့။

    Drupal 7 ကို သုံးမယ် ဆိုရင်တော့ CCK ကို သီးခြား ထည့်ဖို့ မလိုတော့ပါဘူး။ Drupal 7 core မှာ CCK ကို တစ်ခါတည်း ပေါင်းထည့်ထားပြီးသား ဖြစ်လို့ပါပဲ။ ဒါပေမယ့် ကျန်တဲ့ CCK fields တွေကိုတော့ လိုအပ်ရင် လိုအပ်သလို ထပ်ထည့်ဖို့ လိုပါလိမ့်မယ်။

    တကယ်လို့ Content နဲ့ Content Management Systems (CMS) တွေအကြောင်း အသေးစိတ် လေ့လာချင်တယ် ဆိုရင်တော့ Understanding Content, Web Content & Content Management Systems ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

  7. Set up Search

  8. Search box ဆိုတာ site တစ်ခုအတွက် မပါမဖြစ်လို့ ပြောလို့ရတယ်မဟုတ်လား။ သင့် site အတွက်လည်း search box လေး ထည့်ကြည့်ပါဦး။ Administer->Site Building->Modules ထဲမှာ search ကို on ပေးလိုက်ပါ။ ဒါဆို သင့် site ရဲ့ ဘယ်ဘက်ထိပ်မှာ search box လေးပေါ်လာပါပြီ။

    Search module ကို enable လုပ်ပြီးပြီဆိုတော့ Administer->Site Configuration->Sreach Setting ထဲကို သွားကြည့်ရအောင်။ “0% of the site has been indexed.” ဆိုတဲ့ စာကြောင်းကို တွေ့ရပါလိမ့်မယ်။ site ကို index လုပ်ဖို့ ကြိုးစားကြည့်ကြရအောင်။ အရေးကြီးဆုံး setting ကတော့ Minimum word length ပါဘဲ။ သင့် site က သိပ်အကြီးစားကြီး မဟုတ်ဘူး ဆိုရင် Minimum word length 3 အစား 1 ကို ပြောင်းလိုက်ပါ။

    ပြီးရင် Administer->Reports->Status Report ကိုသွားပြီး run cron manually ကို click လိုက်ပါ။ ကဲ ခုသင့်ရဲ့ search box လေး အလုပ်မလုပ် စမ်းသပ်ကြည့်လိုက်ပါဦး။

  9. Learn about themeing

  10. သင့်ရဲ့ Drupal site ကို default theme အတိုင်း မမြင်ချင်ဘူးဆိုရင် Drupal Theme Section ကို လေ့လာကြည့်ပါ။ theme လေးတွေ download ချပြီး စမ်းသုံးကြည့်ရင်း သူတို့ဘယ်လို အလုပ်လုပ်သွားတယ် ဆိုတာ သိအောင်လေ့လာကြည့်ပါ။ ပြီးရင် Theme Developers Guide ကိုလဲ ဖတ်ကြည့်လိုက်ပါဦး။ ဖတ်ရင်းနဲ့ နားမလည်တာ ၊ ပိုသိချင်တာတွေ ရှိလာရင် Drupal forums မှာ ၀င်မေးကြည့်ဖို့ မမေ့ပါနဲ့။ Drupal မှာ register လုပ်ပြီးသားပဲ။

  11. Learn About the Drupal Taxonomy

  12. Drupal မှာ taxonomy ဆိုတာ content တွေကို အမျိုးအစားအလိုက် ခွဲခြားပြီး တူရာအမျိုးအစားတွေကို စုစည်းဖော်ပြပေးဖို့ အတွက်ပါ။ အစပိုင်းမှာ နဲနဲ နားလည်ရခက်သလို ဖြစ်တတ်ပေမယ့် တစ်ကယ် အသုံး၀င်တဲ့ module ပါ။ Taxonomy အကြောင်း အသေးစိတ် ရှင်းပြထားတာကို Understanding Taxonomy For Information Architecture in Websites and Drupal CMS ဆောင်းပါးနဲ့ Multiple Content Types OR Multiple Taxonomy, What is the best solution in Drupal way? ဆောင်းပါးတွေမှာ ဖတ်နိုင်ပါတယ်။

အခု စာဖတ်နေတဲ့ ညီအကို မောင်နှမတွေရော Drupal site တစ်ခုကို စပြီး Develop လုပ်တဲ့အခါမှာ အခုဖတ်ခဲ့ရတဲ အချက်တွေ အပြင် နောက်ထပ် ဘယ်အချက်တွေများ ဆောင်ရွက်လေ့ရှိပါသလဲ....

Comments

ကျေးဇူးတင်ပါတယ်
နောက်ထပ်လည်း အခုလို စလေ့လာတဲ့ သူတွေ အတွက် အသုံးဝင်တာလေးတွေ ရေးပေးပါနော်

Add new comment

Similar Articles

Featured Articles