Top 10 things to do after you install Drupal

Search Drupal Tutorials, Resources, Tips and Solutions

ကျွန်တော် က Drupal ကို လေ့လာဆဲ Beginner တစ်ယောက်ပါ။ ဒီ Post လေးကို တွေ့တော့ ကျွန်တော့်လိုပဲ Drupal ကိုလေ့လာနေတဲ့ အခြား Beginner တွေ တစ်စုံတစ်ရာ အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ကြိုးစားပြီး ရေးကြည့်တာပါ။ Senior အကို၊ အမ များကလည်း လိုအပ်တာလေးတွေကို ဖြည့်ပြီး ပြောပေးကြပါဦးနော်။

  1. Make sure you have clean URLs enabled

  2. Clean URL ဆိုတာ drupal ရဲ့ ကောင်းမွန်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ URL ရဲ့ “?q=” အပိုင်းကို ဖယ်ထုတ်ပေးလိုက်တဲ့ အတွက်ကြောင့် user တွေအတွက် မှတ်သားရ လွယ်ကူသွားစေသလို Search Engine Optimization အတွက်လည်း ပိုမိုကောင်းမွန် သွားစေပါတယ်။ ဥပမာ - http://www.mysite.com/?q=/node/1 ဆိုတဲ့ link ကို http://www.mysite.com/node/1 ဆိုပြီး ရှင်းလင်းသွားအောင် clean URL က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    Drupal 6 နဲ့ 7 မှာ install လုပ်တဲ့အချိန်မှာပဲ clean URL ကို enable လုပ်ပေးပါတယ်။ Drupal old version တွေမှာတော့ automatic မလုပ်ပေးပါဘူး။ Administer->Site Configuration-> Clean URLs ကို သွားပြီး Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။

    Senior အကို တစ်ယောက် က clean URL အကြောင်းကို ဒီလိုထပ်ဖြည့် ပြောပြထားပါတယ်။ “Drupal install လုပ်တဲ့အချိန် clean URL ကို auto enable မလုပ်ခင် apache ရဲ့ mod_rewrite module enable ဖြစ်မဖြစ် အရင် စစ်ပါတယ်။ mod_rewrite enable မဖြစ်ဘူးဆိုရင် Drupal က clean URL ကို enable မလုပ်နိုင်ပါဘူး။ mod_rewrite enable ဖြစ်၊ မဖြစ် စိတ်ပူစရာတော့ သိပ်မလိုပါဘူး။ Hosting အများစု က enable လုပ်ပေးထားပြီးသားမို့ပါ။ တကယ်လို့ Drupal installation မှာ clean URL enable မရဘူးဆိုရင် mod_rewrite enable ဖြစ်၊ မဖြစ် Hosting ကို မေးကြည့်ဖို့ လိုပါလိမ့်မယ်။”

  3. Install and Enable the Pathauto module

  4. Clean URL ကို enable လုပ်ပြီးလို့ URL မှာ မျက်စိနောက်စရာ “?q=” ကတော့ ရှင်းသွားပါပြီ။ ခု Pathauto အကြောင်း နဲနဲပြောပါမယ်။ Drupal Help ဆိုတဲ့ ခေါင်းစဉ်နဲ့ node တစ်ခု ရေးမယ် ဆိုပါစို့။ အဲဒီ node ရဲ့ url က http://www.mysite.com/node/75 ဖြစ်နေမယ့် အစား http://www.mysite.com/drupal-help ဆိုတာလေး က ပိုမကောင်းဘူးလား။ user တွေလည်း မှတ်မိလွယ်စေသလို URL မှာ drupal ,help စတဲ့ keyword တွေ ပါတဲ့အတွက် SEO အတွက်လည်း ပိုကောင်းသွားစေပါတယ်။ အဲလိုဖြစ်သွားဖို့ Pathauto module လေး install လုပ်ပေးဖို့ လိုပါတယ်။

    Pathauto module ကို ဒီနေရာ မှာ Download လုပ်နိုင်ပါတယ်။ ပြီးရင်တော့ Pathauto module ကို install, enable လုပ်ပေးရမှာပါ။

    Pathauto module enable ဖြစ်သွားပြီဆိုရင် node အသစ်တိုင်း အတွက် Default node path ပုံစံ content/[title-raw] နဲ့ path ကို auto ထုတ်ပေးသွားမှာပါ။ Default ပုံစံကို မကြိုက်ဘူးဆိုရင် Drupal 6 မှာ − Administer -> Site Building -> URL Aliases (admin/build/path/pathauto) - မှာ ပြင်လို့ ရပါတယ်။

    Drupal 7 မှာဆိုရင် Configuration-> URL aliases မှာ setting ကို လိုသလို ပြင်လို့ရပါတယ်။ ဒီ အကြောင်း အသေးစိတ်ကို Kirsten.org ရဲ့ URL Aliases Settings အကြောင်းမှာ အသေးစိတ် ရှင်းပြထားပါတယ်။

  5. Add Some Content

  6. အခု content တွေ ဖြည့်ရင်း ဆက်လေ့လာ ကြည့်ကြရအောင်။ Drupal ရဲ့ default content type နှစ်ခု ကတော့ story နဲ့ page တို့ ဖြစ်ပါတယ်။ Create content -> story ,Create content-> page မှ content တွေ create လုပ်ရမှာပါ။ Default အနေနဲ့ content type “story” နဲ့ create လုပ်ထားတဲ့ node တွေရဲ့ introtext (summary)ကို front page မှာ publish လုပ်ပေးပါတယ်။ front page မှာ မပေါ်ချင်ဘူးဆိုရင်လည်း Publishing Option မှာ သွားပြင်နိုင်ပါတယ်။

    About Us လို static content တွေကို Content type “page” နဲ့ create လုပ်ပါတယ်။ page တစ်ခု အသစ်ယူပြီးရင် title ကို About Us လို့ပေးမယ်။ Menu Setting ရဲ့ Menu Link Title မှာလည်း About Us လို့ပဲပေးမယ်။ parent item ကို primary link ထားမယ်။ weight ကို 0 ပေးမယ်။ Body မှာ content ဖြည့်ပြီး save လုပ်ပြီးရင် ညာဘက် အပေါ် Primary Menu နေရာမှာ About Us Menu item တစ်ခု တိုးလာပါပြီ။

    “page” အမျိုးအစား node တွေကိုတော့ front page မှာ မမြင်နိုင်ပါဘူး။ သူ့ကိုလည်း story လိုမျိုးပဲ Publishing Option မှာ ပြင်နိုင်ပါတယ်။

  7. Add A Contact Me Form

  8. User တွေနဲ့ အပြန်အလှန် interact ဖြစ်ဖို့ဆိုတာ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သာမန် blog လေး ဖြစ်စေဦးတော့ ၊ contact page ရှိဖို့ လိုပါတယ်။ Drupal မှာ contact page ကို အလွယ်တကူ create လုပ်နိုင်ပါတယ်။

    ပထမဆုံး Administrator->Site Building->Modules ထဲက contact module ကို enable လုပ်ပေးရပါမယ်။ ပြီးရင် Administrator -> Site Building -> Contact Form မှာ category အသစ်တစ်ခုယူ ၊settings မှာ စိတ်ကြိုက် configure လုပ်ပြီး contact form တစ်ခု ဆောက်လိုက်ပါ။

    Contact Us ကို Menu တစ်ခုအနေနဲ့ ရဖို့ဆိုရင်တော့ Administer -> Site building -> Menus -> Primary Links မှာ menu item တစ်ခု ယူရပါမယ်။ menu settings ရဲ့ path မှာ ခုနက ဆောက်ထားတဲ့ contact form ရဲ့ path ကိုထည့်ပေးပြီး link title မှာတော့ menu မှာမြင်ရချင်တဲ့ Contact Us ကိုထည့်ပေးပါမယ်။ Menu တစ်ခုလုံးရဲ့ ညာဘက်ဆုံးမှာ ပေါ်ချင်တော့ weight ကို 5 ပေးလိုက်မယ်။ Menu item တွေအားလုံးပြီးပြီ ဆိုမှ menu item list မှာ drag and drop လုပ်ပြီး Menu position ကို စိတ်တိုင်းကျ ပြန်ပြင်လို့လဲ ရပါတယ်။ ခုဆို Contact Us Menu နဲ့ contact form တစ်ခု ရပါပြီ။

To be continued

Comments

I'm studying Drupal based on this tutorial. Thank you so much. :)
စိတ်ချမ်းသာ ကိုယ်ကျန်းမာနိုင်ပါစေ ။

Add new comment

Featured Articles

Drupal for Absolute Beginners slides Presented at Microsoft Singapore and Plug-In@Blk71 Singapore

A few months ago (17 Oct 2012), I had a chance to contributed to the community. That was to present a few Drupal introductory courses to the local community.

It was organized by the Drupal Developer Network Singapore. Microsoft (Singapore) sponsored venue and foods. It was a series of 3 parts events and you can see the details in the following links from Drupal.org.sg

Tags:

JDownloader - Free and Opensource alternative to Internet Download Manager

ကျွန်တော်တို့ ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် သူများဆော့ဖ်ဝဲတွေကို မသိအောင် ခိုးသုံးနေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ အဲဒီထဲမှာ အသုံးအများဆုံး တစ်ခုကတော့ အင်တာနက် ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲပါ။ ဒီဆောင်းပါးမှာတော့ အဲဒီဆော့ဖ်ဝဲအစား အခမဲ့ရယူ အသုံးပြုနိုင်ပြီး ပိုမို အစွမ်းထက်တဲ့ ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အချိန်ကောင်း အခါကောင်း အခြေအနေကောင်း - အတားအဆီးများကို ဖော်ထုတ်ခြင်း (၇)

ကျွန်တော်တို့ အတွက် ကောင်းတာတစ်ခုခု လုပ်ဖို့ စဉ်းစားကြတဲ့အခါမှာ − အချိန်ကောင်းဆိုတာ ဘယ်အချိန်လဲ။ ကိုယ့်အတွက် ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေကို ဘယ်လို ဖန်တီးကြမလဲ။

လူတွေကို ကူညီတဲ့ အလုပ်ဟာ တစ်ကယ်ကို ပျင်းရိငြီးငွေ့ စရာကောင်းပြီး သင့်အတွက် လုံးဝ အကျိုးမရှိဘူးလို့ ထင်နေသလား။ တစ်ကယ် အရေးကြီးတယ် ဒါမှ မဟုတ် နောင်မှာ အရေးကြီးလာနိုင်တဲ့ အလုပ်တစ်ခုခုကို လုပ်လိုက်ဖို့ စိတ်အားထက်သန်မှု လိုအပ်နေလား။ လုပ်စရာ အလုပ်တွေ ရှိနေပေမယ့် သိပ်ပြီး ငြီးငွေ့နေတတ်တာမျိုး ခံစားနေရပြီလား...

ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်၊ မဖြစ်မနေ လုပ်ကို လုပ်ရတော့မယ် အလုပ်တွေအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေနဲ့ စိတ်အားထက်သန်မှုတွေကို ဘယ်လို ရအောင် ဖန်တီးမလဲ၊ စိတ်ပါလက်ပါနဲ့ အောင်မြင်အောင် ဘယ်လို လုပ်ကြမလဲ..

အသုံးဝင်တဲ့ Views Hacks Module

Drupal ရဲ့ Views module ဟာ Drupal site တိုင်းအတွက် အလွန်အသုံးဝင်တယ်ဆိုတာ အားလုံး သိပြီးသားပါ။ Drupal stie တိုင်းမှာ မပါရင် မပြီးတဲ့ module တစ်ခုဖြစ်လို့ နောင်ထွက်လာမယ့် Drupal 8 မှာ တစ်ခါတည်း ပေါင်းထည့်ဖို့ ပြင်ဆင်နေကြပါပြီ။ Views ကို ဒီအတိုင်း သုံးတာထက်စာရင် Views plugin module လေးတွေနဲ့ တွဲသုံးတာက ပိုထိရောက်ပါတယ်။ ပိုပြီးတော့ အစွမ်းထက်လာပါတယ်။ ဉပမာ − Slideshow တွေ လုပ်ချင်တယ်ဆိုရင် Views slideshow ကို ထပ်ပေါင်းထည့်ပြီး လိုချင်တဲ့ Slideshow တွေ ဖန်တီးတာမျိုး

December Songs Collections (Burmese Version)

December music video collection for all my friends, December Birthday Boys and Birthday Girls. Have a Sweet December to you all... :)