Solving Systems Problems with or without Experiences - ပြဿနာ ဖြေရှင်းနည်း စနစ်များ

Solving Problems

ပြဿနာတစ်ခုကို ပြေလည်စေရန် ဖြေရှင်းရခြင်းသည် နည်းပညာနှင့် အတွေ့အကြုံတို့ကို တစ်ဝက်စီ ပေါင်းစပ်အသုံးပြု ဖြေရှင်းရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ အတွေ့အကြုံရှိသူဖြစ်စေ ယခုမှ စတင်၍ လုပ်ငန်းခွင်ဝင်သူဖြစ်စေ ပြဿနာတစ်ခုကို စနစ်တကျ ချဉ်းကပ် ဖြေရှင်းတတ်ရန် အထူး အရေးကြီးပါသည်။

ကွန်ပျုူတာတစ်လုံး၊ ကွန်ရက်တစ်ခု သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုအတွက် ပြဿနာတစ်ရပ်ကို ရှင်းရသည့်အချိန်တိုင်း အသုံးပြုနိုင်သည့် အခြေခံနည်းလမ်း နှစ်ခုရှိသည်။ အကောင်းမြင်အခြေပြု ဖြေရှင်းနည်း (Optimistic way ) နှင့် အဆိုးမြင်အခြေပြု ဖြေရှင်းနည်း (Pessimistic way) တို့ ဖြစ်သည်။ သူ့နည်းနှင့်သူ ကောင်းသောအချက်များ ရှိသည်။

What is the Better Way?

အကယ်၍ ပြဿနာတစ်ရပ်ကို စနစ်တကျဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ပြည့်စုံကောင်းမွန်စွာ ရှိနေသည်ဆိုလျှင် ၄င်းနည်းလမ်းကို သိထားသူတိုင်း - အသုံးချမည်သာ ဖြစ်သည်။ တခါတရံတွင် အဆိုးမြင်အခြေပြု ဖြေရှင်းနည်း (မည်သည့်နေရာတွင် မှားယွင်းနေသည်ကို ဦးစွာရှာဖွေအဖြေရှာနည်း) က အဖြေတစ်ရပ်ကို လျှင်မြန်စွာ ထုတ်ပေးနိုင်တတ်သည်။ ထိုအခါမျိုးတွင် ဤနည်းစနစ်က ပိုကောင်းသည် ထင်ရသည်။

Optimistic and Pessimistic Approach

သို့သော် မည်သည့်နေရာတွင် မှားနေသည်ကို ချက်ချင်းရှာဖွေတွေ့ရှိနိုင်ရန်မှာ - ကျွန်တော်တို့ အနေဖြင့် ထိုအမှားမျိုးကို မိမိကိုယ်တိုင် သော်လည်းကောင်း၊ အခြားသူတစ်ဦး၏ အတွေ့အကြုံကို လေ့လာရာမှ သော်လည်းကောင်း တစ်နည်းနည်းဖြင့် ကြုံတွေ့ခဲ့ရဖူးသည့် ကနဦး အတွေ့အကြုံတစ်ခု ရှိထားခဲ့ဖူးမှသာ မှားနေသည့်အချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ တစ်ကယ်တမ်း ယခုမှ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကာစ လူငယ်၊ လူသစ်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော အတွေ့အကြုံကို အခြေခံသည့် ပြဿနာဖြေရှင်းနည်းကို အသုံးပြုရန်မှာ စိတ်ကူးထဲပင် မစဉ်းစားနိုင်သည့် အခြေအနေဖြစ်သည်။  အဆိုးမြင်အခြေပြု ဖြေရှင်းနည်း (Pessimistic way) မှာ ဟာ့ဒ်ဝဲဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်သော ချဉ်းကပ်နည်းဖြစ်သည်။

Provlem Solving Examples

ဥပမာ - Power Supply မှ ညှော်နံ့ရခြင်း မျိုး။
အတွေ့အကြုံံရှိထားသူ တစ်ဦးအတွက် မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်သည့် အဖြေဖြစ်သည်။ သို့သော် ကွန်ပျူတာဆော့ဖ်ဝဲဆိုင်ရာ ပြဿနာများကို ဖြေရှင်းရသည့်အခါတွင် အထက်ပါ ဥပမာကဲ့သို့ လွယ်ကူစွာဖြေရှင်းနိုင်ရန် မဖြစ်နိုင်ပေ။

အကောင်းမြင်အခြေပြုဖြေရှင်းနည်းကို ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ပြဿနာ နှစ်မျိုးလုံးကို ဖြေရှင်းရာတွင် အသုံးပြုနိုင်သည်။ လုပ်ငန်းစဉ်တစ်ခုအတွင်း မည်သည့်အရာက မှန်ကန်စွာ အလုပ်လုပ်နေသည်ကို ရှာဖွေရခြင်းသည် ပထမဦးဆုံးအချိန်တွင် အလွန် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည် ထင်ရသော်လည်း၊ အလေ့အကျင့်ရလာသည့်အခါ အလွန် အခြေခံကျသောနည်းလမ်းဖြစ်ကြောင်း သိရှိလာမည် ဖြစ်သည်။ အကောင်းမြင်အခြေပြုဖြေရှင်းနည်းကို နမူနာပြနိုင်ရန်အတွက် အဖြစ်များသည့် ကွန်ရက်အဆက်အသွယ် ပြတ်တောက်သည့် ဖြစ်ရပ်တစ်ခုဖြင့် လေ့လာကြည့်ကြပါစို့။

ကျွန်တော်တို့ ကိုင်တွယ်နေသည့် ကွန်ရက်ရှိ မောင်နီ၏ ကွန်ပျူတာသည် ကုမ္ပ္ပဏီ၏ Intranet Server နှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။ ဤပြဿနာအတွက် အောက်ပါအတိုင်း အကောင်းမြင်အခြေပြု ဖြေရှင်းနည်းဖြင့် အဖြေရှာကြည့်နိုင်သည်။

  1. ကျွန်တော်တို့၏ ကွန်ပျူတာမှတဆင့် ကုမ္ပ္ပဏီ၏ Intranet Server သို့ Host Name ကို အသုံးပြုပြီး Ping လုပ်ကြည့်မည်။ Server မှ Reply ပြန်လာပါက Name Resolution ရနေသည့် အတွက် DNS အလုပ်လုပ်နေပြီ ဖြစ်သည်။ Ping ရသည့် အတွက်ကျွန်တော်တို့၏ ကွန်ပျူတာနှင့် ဆာဗာကြားရှိ Network ဆက်သွယ်မှုမှာ ကောင်းမွန်နေပြီ ဖြစ်သည်။
  2. အဆင့် ၁ အရ ဆာဗာဆီသို့ ကွန်ရက်ဆက်သွယ်မှု ကောင်းမွန်နေသည်ကို တွေ့ရသည့်အတွက်၊ မောင်နီ၏ ကွန်ပျူတာတွင် ဖြစ်ပေါ်နေသည့် ကွန်ရက် ပြဿနာကို သွားရောက်စစ်ဆေးသည်။ ကွန်ရက်ကြိုးပြုတ်နေသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ၊ ပြန်တပ်ပေးလိုက်သည့်နောက် ပြဿနာဖြေရှင်းပြီး ဖြစ်သည်။

Steps by Steps Approach to Solve the Problems

တကယ်တမ်းလက်တွေ့ရင်ဆိုင်ရသည့် အခြေအနေများမှာ ယခုထက်ပိုမို ခက်ခဲနိုင်သော်လည်း ဖြေရှင်းရာတွင် အသုံးပြုရမည့် နည်းလမ်းများကို စနစ်တကျ သိရှိထားပါက မည်မျှခက်ခဲသည့် အခြေအနေမျိုးဖြစ်စေ ကျော်လွှားနိုင်မည် ဖြစ်သည်။

ပြဿနာဖြေရှင်းနည်းလုပ်ငန်းစဉ်တစ်ခုတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အဆင့် (၈) ဆင့် ပါရှိသည်။

  1. ဖြစ်နေသည့် ပြဿနာကို ဖော်ထုတ်ခြင််း။ (Identifying the problem)
  2. ပြဿနာ၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ခြင်း။ (Documenting the history of the problem)
  3. လက်ရှိ အခြေအနေကို စိစစ်လေ့လာခြင်း။ (Analyzing the current environment)
  4. လတ်တလော ပြဿနာရှိနေသည့် ဖြစ်စဉ်ကို မှတ်တမ်းတင်ခြင်း။ (Documenting processes involved in the problem)
  5. မှန်ကန်နေသည့် အရာများကို ရွေးချယ် ဖယ်ထုတ်ခြင်း။ (Eliminating what's right)
  6. ပြဿနာကို ပြင်ဆင်ခြင်း။ (Correcting the problem)
  7. ပြင်ဆင်ချက်မှန်မမှန်ကို စမ်းသပ်စစ်ဆေးခြင်း။ (Testing the corrective action)
  8. နောက်ထပ် ဆက်လက်ဆောင်ရွက်ဖွယ်ရာများကို ပြုလုပ်ခြင်း။ (Following up)

ဆက်ပါဦးမည်...

Image Source - Pessimism from Wikipedia

Add new comment

Similar Articles

  1. December Songs Collections (Burmese Version)         4,789 Reads...
  2. Minimizing the Number of iframes Usage to Speed Up our Websites         4,551 Reads...
  3. Gmail's People Widgets         7,100 Reads...
  4. sh404SEF in Joomla CMS         19,113 Reads...
  5. Data and Presentation Layers of Web Content Management Systems         13,038 Reads...
  6. 3 Essential Security Tips for Every WordPress Site         3,597 Reads...
  7. A Remote Team for a Tech Startup in Myanmar         15,529 Reads...

Featured Articles