Social Networking, Ning Refugees, Egg, BuddyPress and Drupal

ယခုတလော Ning social network platform က အလကားမပေးတော့ဟု သတင်းထုတ်ပြန်လိုက်သည့်နောက်တွင် Drupal Content Management Framework Softwareအင်တာနက်အတွင်း Ning Refugees ဟူသော ေ၀ါဟာရအသစ်တစ်ခု တိုးပွားလာသည်။ Ning ကဲ့သို့ပင် Social Network များ အခမဲ့ တည်ထောင်ခွင့်ပေးသည့် အခြား Platform များဖြစ်သည့် ilonio, Shoutem, Grou.ps နှင့် Grouply တို့တွင် Ning မှ ထွက်ပြေးရတော့မည့် Social Network များကို ကြိုဆိုပွဲများလုပ်နေကြသည်။ Ning Importer Script များကို ခါတော်မှီ ရေးသားကာ နည်းအမျိုးမျိူးဖြင့် ဆွဲဆောင်နေကြသည်။

အောက်ပါ Social Networking Service အချို့မှာ Ning ကဲ့သို့ပင် Social Network များ တည်ထောင်နိုင်သည့် ၀က်ဘ်ဆိုက်များ ဖြစ်သည်။ မိုဘိုင်း ဟု မှတ်ချက်ရေးထားသည့် ဆိုက်များမှာ မိုဘိုင်း (Mobile) Social Network များတည်ထောင်နိုင်သည့် နေရာများ ဖြစ်သည်။

FaceBooking & Elgg

နောက်ထပ် စဉ်းစားသင့်သည့် အချက်တစ်ခုမှာ Facebook တွင် Group များတည်ထောင်သည့် နည်းလမ်း ဖြစ်သည်။ လူတိုင်းလိုလိုတွင် Facebook account ရှိနေသည့် အတွက် ၀ါသနာတူသူ၊ စိတ်၀င်စားမှုတူသူများ Facebook Group များတွင် ဆက်လက်တွေ့ဆုံနိုင်ကြမည် ဖြစ်သည်။
ကိုယ်ပိုင် Hosting ဖြင့် Social Network များ တည်ဆောက်လိုသူများအနေဖြင့် BuddyPress ၊ Drupal နှင့် ELGG တို့ကို စဉ်းစားနိုင်သည်။
Elgg Social Networking SorgwareElgg မှာ Social Networking အတွက် သီးသန့်ရေးသားထားသည့် ဆော့ဖ်၀ဲ ဖြစ်သည်။ Profile များ၊ Activity Streams, Blogging / Microblogging, Groups, Access controls, Video နှင့် Photo Gallery feature များ ထည့်သွင်း တည်ဆောက်ပေးထားပြီး ဖြစ်သည်။ နမူနာ အနေဖြင့် http://community.elgg.org/ တွင် ၀င်ရောက်လေ့လာနိုင်သည်။

BuddyPress

BuddyPress ကို WordPress ပေါ်တွင် Plugin တစ်ခု အဖြစ် ထည့်သွင်း တည်ဆောက်ရမည် ဖြစ်သည်။ မည်သည့် Program code တစ်ခုမှ ရေးရန်မလိုဘဲ Social Network တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်သည်။ Customize လုပ်လိုလျင်တော့ PHP နှင့် Logical Thinking လိုအပ်မည်။ Privacy feature များအတွက် သီးခြား Plugin များ ထပ်မံပေါင်းစည်းပေးရန် လိုအပ်သည်။ Ning Refugees များအတွက် Budypress သို့ Import လုပ်နိုင်သည့် Plug in လည်း ထွက်နေပြီ ဖြစ်သည်။ BuddyPress ၏ Default Theme မှာ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိသည့်အတွက် များစွာ BuddyPress Social Networking Softwareပြင်ဆင်စရာမလိုဘဲ အဆင်သင့် သုံးနိုင်သည်။ WordPress ကို USB Drive တစ်ခု အတွင်း ထည့်သွင်းတပ်ဆင်ပြီး ရောက်ရာအရပ်မှ တွေ့ရာ ကွန်ပျူတာတွင် အသုံးပြုနည်း အဆင့်ဆင့်ကို http://mmshare.org/node/119/ http://mmshare.org/node/120/ နှင့် http://mmshare.org/node/122/ တို့တွင် ဖတ်ရှု လေ့လာနိုင်သည်။

Drupal

Drupal တွင် Multi users blog နှင့် Forum feature များမှာ Drupal core တွင် တစ်ပါတည်း ပါရှိပြီးဖြစ်သည်။ User profile များကိုလည်း စိတ်ကြိုက် တည်ဆောက်နိုင်သည်။ Privacy နှင့် Security ပိုင်းတွင် Drupal ကို အခြားဆော့ဖ်၀ဲများ လုံး၀ မမှီနိုင်တာကတော့ သေချာသည်။ User Level အမျိုးမျိုးကို ဖန်တီးနိုင်သည်။ Drupal Site တစ်ခုလုံးတွင် ပါရှိသည့် အစိတ်အပိုင်း အသီးသီးကို သက်ဆိုင်ရာ User Drupal Content Management Framework SoftwareLevel အမျိုးအစားအလိုက် အသုံးပြုခွင့်များ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်သည်။ Content အမျိုးအစား အမျိုးမျိုးကို Content Construction Kit (CCK) ဖြင့် တည်ဆောက်နိုင်သည်။ ထို Content များကို အသုံးပြုသူများ၏ အင်တာနက်ကြည့် ဆော့ဖ်၀ဲများတွင် ပုံစံအမျိုးမျိုးဖြင့် ဖော်ပြနိုင်ရန်အတွက် Views ကို သုံးနိုင်သည်။ Drupal ကို စတင်လေ့လာရာတွင် အခက်အခဲ ရှိတတ်ကြသည်။ (Wordpress လောက် မလွယ်တာတော့ အမှန်ဖြစ်သည်။) သို့သော် လေ့လာရင်း Drupal ၏ လုပ်ဆောင်နိုင်စွမ်းရည်များကို သိရှိနားလည် သွားသည်နှင့်အမျှ၊ CCK နှင့် View ကို ပိုင်နိုင်လာသည်နှင့် အမျှ Drupal သည် သင့်လက်ထဲတွင် ကစားစရာရွှံ့ပျော့ တစ်ခုပမာ ၀က်ဘ်ဆိုက်များကို လိုသလို စိတ်တိုင်းကျ တည်ဆောက်နိုင်လာမည် ဖြစ်သည်။

အကယ်၍ Drupal အကြောင်းပိုသိလိုပါက

  • မူလ၀က်ဘ်ဆိုက် drupa.org တွင် သွားရောက် လေ့လာနိုင်သည်။
  • Drupal 6 Install လုပ်နည်း အဆင့်ဆင့် ဗီဒီယို ရှင်းလင်းချက်ကို http://drupal.org/videocasts/installing-6 တွင် ရယူနိုင်သည်။
  • Drupal 6 အား အိမ်သုံး ကွန်ပျူတာ တစ်လုံးတွင် ထည့်သွင်း အသုံးပြုနည်း အဆင့်ဆင့် ရှင်းလင်းချက်ကို http://drupal.org/node/749846 တွင် တစ်ဆင့်ခြင်း ရှင်းပြထားသည်။
  • mmshare.org တွင်လည်း မြန်မာလို ဆွေးနွေးမေးမြန်း နိုင်သည်။ သိသလောက်တော့ ပြန်ပြီး ေ၀မျှသွားပါမည်။ mmshare.org ကို Drupal ဖြင့် တည်ဆောက်ထားသည့် အတွက် ဖြစ်သည်။

WordPress, Drupal နှင့် Elgg သုံးခုလုံးမှာ PHP နှင့် MySQL ကို အသုံးပြုထားပြီး၊ Open Source, Free ဆော့ဖ်၀ဲများ ဖြစ်ကြသည်။ သင်ရော မည်သည့် Platform ကို နှစ်သက်ပါသနည်း။ ကျွန်တော်ကတော့ Elgg ကို သဘောကျသည်။ BuddyPress ဖြင့် လတ်လော project တစ်ခု လုပ်နေသည်။ သို့သော် အားလုံးထဲတွင် Drupal ကို ပိုနှစ်သက်ပါသည်။ :)

Ref -
- Ning Social Networking
- Ning Importer for BuddyPress
- Ning Pricing Plans

Add new comment

Featured Articles