အဓိက အကြောင်းအရာ - Content
၀က်ဘ်ဆိုက်တစ်ခု လျင်မြန်စေရန်အတွက် DNS Lookup များကို တတ်နိုင်သမျှ လျော့ချနိုင်သည်။ Domain Name System (DNS) များတွင် ၀က်ဘ်ဆိုက်အမည်များ (Host names) ကို အင်တာနက်နံပါတ်များ (IP Addresses) များနှင့် ယှဉ်တွဲမှတ်သားထားသည်။ တယ်လီဖုန်းလမ်းညွှန် စာအုပ်များတွင် လူအမည်များနှင့် သက်ဆိုင်ရာ တယ်လီဖုန်းနံပါတ်များကို ယှဉ်တွဲမှတ်သားထားသည်နှင့် အလားတူသည်။
Image Source - http://www.coalitionsummit.com/dns-and-IPv6.html
အင်တာနက် အသုံးပြုသူတစ်ဦးက သူ၏ အင်တာနက်ကြည့် ဆော့ဖ်၀ဲတွင် (ဥပမာ - www.mmshare.org ဟု) ၀က်ဘ်ဆိုက် လိပ်စာ တစ်ခုကို ရိုက်ထည့်လိုက်သည်နှင့် ထိုအင်တာနက်ကြည့်ဆော့ဖ်၀ဲနှင့် အနီးဆုံးဆာဗာရှိ DNS resolver က mmshare.org ၀က်ဘ်ဆိုက် ရှိနေသော ဆာဗာ၏ အင်တာနက် နံပါတ် (IP Address) ကို ပြန်လည်ပေးပို့မည် ဖြစ်သည်။
Image Source - http://www.dwhs.net/blog/
ပုံမှန်အားဖြင့် DNS ဆာဗာတစ်ခုသည် လက်ခံရရှိသည့် အင်တာနက်လိပ်စာ တစ်ခု၏ အင်တာနက်နံပါတ်ကို ကြည့်ရှုနိုင်ရန် (DNS Lookup) အတွက် ၂၀ မှ ၁၂၀ မီလီစက္ကန့် ကြာမျှ အချိန်ယူလေ့ ရှိသည်။ အင်တာနက်ကြည့်ဆော့ဖ်၀ဲသည် DNS Lookup တစ်ခုမပြီးမခြင်း ၄င်း၀က်ဘ်ဆိုက်မှ မည်သည့်အရာကိုမျှ ဒေါင်းလုတ်ရယူနိုင်ခြင်း မရှိပေ။

Image Source - http://www.nil.com/ipcorner/RouterDNS/
အင်တာနက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန်အတွက် DNS Lookup များကို ခေတ္တသိမ်းဆည်းခြင်း (Caching) ပြုလုပ်ထားလေ့ ရှိသည်။ ထို့သို့ သိမ်းဆည်းပေးသည့် လုပ်ငန်းကို အင်တာနက် ၀န်ဆောင်မှုပေးသည့် လုပ်ငန်း (Internet Services Provider - ISP) သို့မဟုတ် ဒေသတွင်း ကွန်ရက်ငယ် (Local Area Network - LAN) ရှိ အထူးပြုလုပ်ထားသည့် Caching Server တစ်ခုဖြင့် ဆောင်ရွက်ကြသည်။ ထို့ပြင် အင်တာနက်သုံးနေသူ တစ်ဦးချင်းစီ၏ ကွန်ပျူတာများတွင်လည်း Caching ပြုလုပ်ထားလေ့ ရှိသည်။ DNS နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များသည် ကွန်ပျူတာ မောင်းနှင်စနစ် (Operating System - OS) ၏ DNS cache (Microsoft Windows တွင် "DNS Client service") တွင် သိမ်းဆည်းထားသည်။ အင်တာနက်ကြည့်ဆော့ဖ်၀ဲများတွင်လည်း သီးခြား၊ ကိုယ်ပိုင် DNS မှတ်တမ်းများ ထားရှိကြသည်။ ထိုမှတ်တမ်းများသည် OS ကို အနှောက်အယှက်ပေးခြင်း မရှိပေ။

Image Source - http://techrepublic.com/
Internet Explorer ၏ DNS lookup အချက်အလက်များကို DnsCacheTimeout အမည်ရှိ Registry Settings များတွင် သိမ်းဆည်းထားလေ့ ရှိသည်။ Firefox အတွက် DNS Lookup ဆိုင်ရာ အချက်အလက်များကို - network.dnsCacheExpiration - setting ထဲတွင် ထိန်းသိမ်းထားသည်။

Image Source - http://docstore.mik.ua/orelly/networking_2ndEd/dns/figs/dns4_0213.gif
အင်တာနက်သုံးနေသူတစ်ဦး၏ - အင်တာနက်ကြည့်ဆော့ဖ်၀ဲ နှင့် OS နှစ်ခုလုံး၏ - DNS cache များထဲတွင် မည်သည့် DNS information မျှ မရှိသေးပါက၊ ပြုလုပ်ရမည့် DNS Lookup အရေအတွက်သည် ကြည့်ရှုလိုသည့် အင်တာနက်စာမျက်နှာ အတွင်းပါရှိသည့် Host Name အရေအတွက်နှင့် အတူတူ ဖြစ်သည်။ ၄င်းတို့တွင် အင်တာနက် စာမျက်နှာ၏ URL အသုံးပြုထားသည့် ပုံများ၊ Java Scripts ဖိုင်များ၊ Stylesheet များ၊ Flash ဖိုင်များ၊ တေးသီချင်းဖိုင်များ၊ ဗီဒီယိုဖိုင်များဆီသို့ ချိတ်ဆက်ထားသည့် အင်တာနက်လိပ်စာများအားလုံး ပါရှိသည်။ Unique Host Name များ၏ အရေအတွက်ကို လျော့ချနိုင်ပါက DNS Lookup ပြုလုပ်ရသည့် အကြိမ်ကိုလည်း လျော့ကျစေသည်။

Image Source - http://weblogs.asp.net/omarzabir/archive/2008/08/02/
Host Name များ၏ အရေအတွက်ကို လျော့ချနိုင်လျင်၊ အင်တာနက် စာမျက်နှာအတွင်း ဖြစ်ပေါ်နေသည့် Parallel Download ပမာဏကိုလည်း လျော့ချနိုင်သည့် အလားအလာ ရှိသည်။ DNS Lookup များကို လျော့ချသည့် အတွက် တုန့်ပြန်ချိန် (Response Time) များလည်းကျဆင်းသည်။ သို့သော် Parallel Download များကို လျော့ချနိုင်သည့်အတွက် Response Time များ ပြန်တက်လာမည်။

Image Source - http://weblogs.asp.net/omarzabir/archive/2008/08/02/
ဤသို့ Parallel Dowload များလျော့နည်းစေရန်အတွက် အင်တာနက်စာမျက်နှာအတွင်း ပါရှိသည့် အစိတ်အပိုင်းများကို Host Name အနည်းဆုံးနှစ်ခု အများဆုံး လေးခု အတွင်း ေ၀မျှထားရှိနိုင်သည်။
1. Loading static content in ASP.NET pages from different domain for faster parallel download
2. A graphical explanation on how DNS lookups work
3. Cisco Router: the Swiss Army Knife of Network Services
4. Performance Research, Part 4: Maximizing Parallel Downloads in the Carpool Lane
REF - http://developer.yahoo.com/performance/rules.html#dns_lookups
Add new comment