Putting Scripts at the Bottom of the Web Pages - Scripts များကို အင်တာနက်စာမျက်နှာ၏ အောက်ပိုင်းတွင်ထားရှိခြင်း

အဓိက အကြောင်းအရာ - javascript
၀က်ဘ်ဆိုက်တစ်ခုတွင် Scripts (Javascripts) ဖိုင်များကြောင့် ဖြစ်ရသည့် ပြဿနာမှာ - အပြိုင်အဆိုင် ဒေါင်းလုတ် (Parallel Download) မလုပ်နိုင်စေရန် Scripts များက တားဆီးထားခြင်း - ဖြစ်သည်။ HTTP/1.1 သတ်မှတ်ချက်များတွင် အင်တာနက်ကြည့်ဆော့ဖ်၀ဲများကို - Hostname တစ်ခုမှ တစ်ကြိမ်လျှင် နှစ်မျိုးထက်ပို၍ တပြိုင်နက်ထဲ ဆွဲမချစေရန် အကြံပြုထားသည်။

အကယ်၍ ၀က်ဘ်ဆိုက်တွင် အသုံးပြုထားသော ပုံများကို hostname များစွာဖြင့် ဖြန့်ခွဲထားရှိ အသုံးပြုပါက တစ်ကြိမ်တည်းတွင် နှစ်ခုထက်ပိုသော ဒေါင်းလုတ်များကို အပြိုင်အဆိုင် ရရှိနိုင်သည်။ ဥပမာအားဖြင့် Smashing Magazine တွင် ပုံများကို http://media.smashingmagazine.com/... နှင့် http://media1.smashingmagazine.com/... စသည်ဖြင့် နေရာများ ဖြန့်ခွဲထားရှိသည်။ သို့သော်လည်း အင်တာနက်ကြည့်ဆော့ဖ်၀ဲအနေဖြင့် Script တစ်ခုကို ဒေါင်းလုတ် လုပ်နေစဉ်အချိန်တွင် ကျန်ရှိသည့် အခြားသော ဒေါင်းလုတ်များကို ဆက်လက် ပြုလုပ်နိုင်ခြင်း မရှိပေ။ မတူညီသော hostname တစ်ခုမှ ဒေါင်းလုတ်ချသည့်တိုင်အောင် အဆင်မပြနိုင်ပေ။

အချို့သော အခြေအနေများတွင် Script များကို ၀က်ဘ်ဆိုက်၏ အောက်ပိုင်းတွင်ထားရှိရန် အဆင်ပြေမည် မဟုတ်ချေု။ ဥပမာ - အင်တာနက် စာမျက်နှာအတွင်းရှိ အစိတ်အပိုင်းတစ်ခု အနေဖြင့် ထည့်သွင်းရေးသားထားသော document.write ကို အသုံးပြုထားသည့် Script များကို အောက်ခြေပိုင်းသို့ ရွှေ့ပြောင်းထားရှိနိုင်မည် မဟုတ်ချေ။ အခြားသော မမျှော်မှန်းနိုင်သည့် ပြဿနာများကိုလည်း ကြုံတွေ့ရနိုင်သည်။ မည်သို့ပင် ဖြစ်စေ ဤအခြေအနေများကို ကျော်လွှားနိုင်သည့် နည်းလမ်းများ ရှိသည်။

မကြာခဏ ဆိုသလို ပြောင်းလဲ အသုံးပြုရန် အကြံပြုကြသည့် နည်းလမ်းတစ်ခုမှာ Deferred Script များကို အသုံးပြုရန် ဖြစ်သည်။ DEFER attribute သည် သက်ဆိုင်ရာ Script အတွင်း document.write ကို အသုံးပြုထားခြင်း မရှိကြောင်း ဆိုလိုပြီး၊ အင်တာနက်ကြည့်ဆော့ဖ်၀ဲများ အတွက် လိုအပ်သည့် ပုံဖော်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် အချက်ပြ သငေ်္ကတတစ်ခု ဖြစ်သည်။ DEFER attribute ကို HTML 4.0 စံသတ်မှတ်ချက်များ (1999) တွင် စတင်ထည့်သွင်း သတ်မှတ်ခဲ့ပြီး Internet Explorer တွင် Version 4.0 (1997) မှ စတင် အသုံးပြုနိုင်ခဲ့သော်လည်း Firefox တွင် 9 နှစ်ကြာပြီး Firefox Version 3.5 သို့ရောက်မှသာ စတင် အသုံးပြုနိုင်လာသည်။

အကယ်၍ Script တစ်ခုကို Deferred အဖြစ် သတ်မှတ်ပေးနိုင်ပါက ၄င်း Script ကို အင်တာနက်စာမျက်နှာ၏ အောက်ခြေပိုင်းသို့ ရွှေထားနိုင်သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာများ ထွက်ပေါ်လာမည့် အမြန်နှုံးကို ပိုမို တိုးတက်လျင်မြန် လာစေနိုင်မည် ဖြစ်ပေသည်။

REF: http://developer.yahoo.com/performance/rules.html#js_bottom

Add new comment

Featured Articles