Portable Web Servers - အိပ်ဆောင် Web Server များ

အိုင်တီနည်းပညာ ကျယ်ပြန့်ထွန်းကား လာသည်နှင့်အမျှ ကွန်ပျူတာဖြင့် ရှင်သန်နေထိုင်ရသည့် ကျွန်တော်တို့၏ နေ့စဉ် အချိန် ကာလများမှာ ပိုမိုများပြားလာသည်။ သို့သော် ကိုယ်ပိုင် ကွန်ပျူတာများကို အသုံးပြု အလုပ်လုပ်နိုင်သူဦးရေမှာ အလွန်နည်းပါးပြီး အများသုံး ကွန်ပျူတာများ (Shared Computers) တွင် အခြားသူများနှင့် ဝေမျှအသုံးပြုနေရသူ ဦးရေက ပိုများသည်။ ထိုသူများတွင်

  1. ကွန်ပျူတာဖြင့် အလုပ်လုပ်နေသည့် ရုံးဝန်ထမ်းများ
  2. အိုင်တီ၊ ကွန်ပျူတာနှင့် နည်းပညာ ကျောင်းသား/ကျောင်းသူများ
  3. အင်တာနက် ကဖေးများမှ သုံးစွဲသူများ
  4. မိသားစုဝင် အချင်းချင်း ကွန်ပျူတာတစ်လုံးကို ဝေမျှ သုံးစွဲသူများ
  5. Web Designer, Web Developer များ
  6. အခြားနည်းလမ်းများဖြင့် ကွန်ပျူတာများကို ဝေမျှအသုံးပြုနေသူများ

စသည်ဖြင့် အမျိုးမျိုး ပါရှိကြသည်။

 

ဤသို့ အများသုံးကွန်ပျူတာများကို အသုံးပြုကာ အိုင်တီနည်းပညာမျာကို လေ့လာ လိုက်စားနေသူများ၊ Web Designer, Web Developer များနှင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် မလွဲမသွေ ကြုံတွေ့ကြရသည့် အခြေအနေတစ်ခုမှာ - ကွန်ပျူတာတစ်လုံးကို အခြေအနေ၊ အချိန်အခါမရွေး၊ နေရာဒေသ မရွေး - အခါအခွင့်သင့်နှင့် တပြိုင်နက်၊ တနည်းအားဖြင့် ကိုင်တွယ် အသုံးပြုခွင့် ရသည်နှင့်တပြိုင်နက် - သုံးကြရခြင်း ဖြစ်သည်။ ကြိုတင်ပြင်ဆင်ထား၍ မရနိုင်သည့် အချက်များတွင် - ကွန်ပျူတာ အသုံးပြုရမည့် အချိန်၊ နေရာ၊ အမျိုးအစား နှင့် အမြန်နှုံးမျာ: - ပါဝင်သည်။

ကြိုတင်ပြင်ဆင်ထား၍ မရနိုင်သည့် အခြေအနေများတွင် ကွန်ပျူတာများကို အသုံးပြုနိုင်ရန် အတွက် ကျွန်တော်တို့ဘက်မှ ကြိုတင်ပြင်ဆင်ထားနိုင်သည့် အလုပ်များမှာ - အိပ်ဆောင်ဆော့ဖ်ဝဲ (Portable Software) များကို ထိထိရောက်ရောက် အသုံးပြုခြင်း ဖြစ်သည်။ အိပ်ဆောင်ဆော့ဖ်ဝဲ အမျိုးအစားများစွာ ရှိသည့်အနက် အိပ်ဆောင် ဝက်ဘ်ဆာဗာ (Protable Web Server) များအကြောင်းကို အထူးပြု လေ့လာကြည့်သည့်အခါ အောက်ပါအတိုင်း တွေ့ရသည်။

 No.  Server Name License Download Link
 1  Server2Go  Freeware Link
 2  Uniform Server – WAMP Portable  Open Source Link
 3  XAMPP – Portable *  Open Source Link
 4  USB Webserver  Freeware Link

* XAMPP Server ကို Portable အဖြစ် အသုံးပြုလိုပါက Installi လုပ်ပြီးသည့်အခါ ပြင်ဆင်ပြောင်းလဲမှုများ အနည်းငယ် ပြုလုပ်ရန် လိုအပ်သည်။

ဆက်ရန် -

Add new comment

Featured Articles