ကွန်ပျူတာဆော့ဖ်ဝဲတွေကို မဖြစ်မနေ အသုံးပြုကြတဲ့အခါမှာ - “၀ယ်သုံးခြင်း” နဲ့ “အခမဲ့” သုံးခြင်းဆိုပြီး ရွေးချယ်စရာ လမ်းတွေ ရှိလာပါတယ်...
တစ်ခါတစ်လေမှာ “အခမဲ့ရနိုင်တဲ့ဆော့ဖ်ဝဲ ” Free Software တစ်ခုဟာ ၀ယ်သုံးရတဲ့ ဆော့ဖ်ဝဲတစ်ခုထက် ပိုကောင်းနေတာ ကြုံတွေ့ရတတ်ပါတယ်...
Opensource ကတော့ သီးခြား အဓိပ္ပါယ်တစ်ခုဆောင်ပါတယ်...
“ဆော့ဖ်ဝဲတစ်ခု အတွင်းမှာ ရေးသားတည်ဆောက်ထားတဲ့ Code တွေကို အခြားသူ ကြည့်ခွင့်ပေးထားတယ်၊ ပြင်ဆင်ခွင့် ပြုထားတယ် ” ဆိုရင် ဒါဟာ Opensource ဆော့ဖ်ဝဲပါပဲ...
အသေးစိတ်ကို တော့ http://www.opensource.org/docs/definition.php မှာ ဖတ်ကြည့်နိုင်ပါတယ်..
အချိန်ရရင် ဆက်ရေးနိုင်ဖို့ သိတဲ့သူတွေ ပါ၀င်ဆွေးနွေးနိုင်ဖို့ အစပျိုးထားတာပါ..
ကျွန်တော်တို့တတွေဟာ ကိုယ့်နိုင်ငံ ပြင်ပကို ထွက်တော့မယ်
ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံတစ်ကာမှာ တိုး၀င်တော့မယ်ဆိုရင် Opensource, Free Softare အပါအ၀င်
လိုင်စင်အမျိုးမျိုးအကြောင်းကို သေသေချာချာသိထား လိုက်နာနိုင်အောင် ကြိုးစားထားဖို့ မလွဲမသွေ လိုအပ်ပါတယ်...
Add new comment