OERbit နှင့် Standard Drupal တို့၏ ခြားနားချက်များ
OERbit နဲ့ Standard Drupal တို့ရဲ့ မတူတဲ့ အချက်လေးတွေကို အခုလို လေ့လာနိုင်ပါတယ်။
အကြောင်းအရာများကို တက္ကသိုလ်/ကောလိပ် -> ဌာနများ -> အထူးပြုဘာသာရပ်များ စသည်ဖြင့် မိမိ လိုအပ်ချက်နှင့် ကိုက်ညီအောင် အဆင့်ဆင့် ဖွဲ့စည်း တည်ဆောက်နိုင်ခြင်း (Flexible hierarchical organization of content e.g., schools and colleges > departments > specializations - as many levels deep as you want)
သင်ရိုးများနှင့် Resource များကို အလွယ်တကူ ဖန်တီးနိုင်စေရန် အတွက် ကြိုတင်ဖန်တီးပေးထားခြင်း (Course/resource content types - special content types provide an easy template for displaying a course or resource and its associated materials)
သင်ခန်းစာများကို Publish လုပ်ရာတွင် လွယ်ကူချောမွေ့သည့် လုပ်ငန်းအစီအစဉ်နှင့် ပြန်လည်သုံးသပ်နိုင်သည့် စနစ် ပါရှိခြင်း (Flexible publishing workflow paired with a revisioning system)
သင်ခန်းစာများ Publish လုပ်ရာတွင် ဆရာ၊ ကျောင်းသား စသည့် User Role အမျိုးမျိုး အတူတကွ ပူးပေါင်း ပါ၀င်ဆောင်ရွက်နိုင်ခြင်း။ (Different user roles can participate in the publishing process)
Publish လုပ်ထားသည့် စာမျက်နှာများအတွက် နောက်ထပ် Revisions စာမျက်နှာများ ပြောင်းလဲ ဖန်တီးနိုင်ခြင်း (Users can create alternate revisions of a page/node while the existing node remains published (and unaltered))
မိမိရေးသားလိုက်သည့် သင်ခန်းစာကို Creative Commons license အဖြစ် သတ်မှတ်လိုပါက ချက်ချင်း အလွယ်တကူ သတ်မှတ်ပေးနိုင်ခြင်း (a user can specify a CC license for each material that's uploaded or each course/resource they create)
ပိုမို ကောင်းမွန်သည့် ရှာဖွေရေးအင်ဂျင်စနစ် ပါရှိခြင်း (Apache SOLR search, which bypasses the generic Drupal search feature)
သင်ရိုးအသီးသီးအတွက် RDFa metadata ကို အပြည့်အ၀ ထုတ်ပေးနိုင်ခြင်း (Full RDFa metadata for each course/resource)
သင်ခန်းစာ အဆင့်အတွက် RSS feed အမျိုးမျိုး ထုတ်ပေးနိုင်ခြင်း (RSS feeds at various levels of the hierarchy)
အသုံးပြုရ လွယ်ကူ ရိုးစင်းခြင်း (A simplified publishing interface)
သင်ရိုး/သင်ခန်းစာများကို ချက်ချင်း Download လုပ်နိုင်ခြင်း (One-click download of all materials for a course/resource)
These Keyboards are specially designed to use your current typing styles. You still can use your current favorite keyboard layout (e.g Zawgyi) to get Unicode outputs (e.g Myanmar3). Please do try a bit. :) More information about Unicode, Please read here...
Add new comment