Next Generation Search Engine by Google - Google ၏ မျို:ဆက်သစ် အင်တာနက်ရှာဖွေရေး အင်ဂျင်

ကျွန်တော်တို့ အချစ်တော် Google ၏ Search Engine မျိုးဆက်သစ် တစ်ခုကို အင်တာနက်သုံးသူများ၏ အစမ်းသပ်ခံအနေဖြင့် စတင်လွှင့်တင်ထားပြီ ဖြစ်သည်။

အစွမ်းထက်သော အင်တာနက် ရှာဖွေရေးအင်ဂျင် (Web Search Engine) တစ်ခုကို
တည်ဆောက်နိုင်ရန်အတွက် လိုအပ်သည့် အဓိက အချက်များမှာ -
၁။ အင်တာနက်တစ်ခုလုံးနီးပါးကို မွှေနှောက်ရှာဖွေခြင်း (Crawling a large chunk of the web.)
၂။ ရရှိလာသော အင်တာနက်စာမျက်နှာများကို အညွှန်းပြုစုခြင်း (Indexing the resultant web pages) နှင့် ၄င်းစာမျက်နှာများတွင်ပါရှိသည့် အချက်အလက်များသည် မည်မျှအထိ အသုံးပြု၊ လက်ခံနိုင်ဖွယ် ရှိသည်ကို တွက်ချက်ခြင်း (Computing the reputability of the crawled pages)
၃။ တွက်ချက်ရရှိသည့် ရလာဒ်များကို - အဆင့်ခွဲခြားသတ်မှတ်ခြင်း (Ranking the resultant) နှင့် အသုံးပြုသူများ ရှာဖွေသည့် (အသုံးပြုသည့်) မေးခွန်းများနှင့် အနီးစပ်ဆုံးတူညီသည့် စာမျက်နှာများကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဖော်ပြပေးခြင်း (Returning the most relevant and reliable pages when users search, as quickly as possible.)
တို့ ဖြစ်သည်။

Google မှ အင်ဂျင်နီယာများစွာ ပါ၀င်သည့် အဖွဲ့ကြီးတစ်ခုသည် လွန်ခဲ့သော လအနည်းငယ်မှ စတင်ကာ Google ၏ အင်တာနက် ရှာဖွေရေးအင်ဂျင် အတွက် မျိုးဆက်သစ် နည်းပညာ (Next-generation architecture for Google's web search engine) တစ်ခုကို လျှို့၀ှက် တီထွင်နေခဲ့ကြသည်။ အရွယ်အစား (Size)၊ အညွှန်းပြုစုနိုင်မှု အမြန်နှုံး (Indexing speed)၊ မှန်ကန်မှု (Accuracy)၊ နားလည်လွယ်အောင် ဖော်ပြနိုင်မှု (Comprehensiveness) စသည့် များပြားလှသော အင်္ဂါရပ်များကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် စမ်းသပ်နေခြင်း ဖြစ်သည်။ သာမန်သုံးစွဲသူများ အနေဖြင့် ထွက်ပေါ်လာသည့် အဖြေများမှာ - လက်ရှိ အသုံးပြုနေသည့် ရှာဖွေရေးအင်ဂျင်ထက် များစွာ ထူးခြားမှု မရှိနိုင် သော်လည်း၊ Web developer များ၊ အင်တာနက်တွင် အရှာအဖွေကျွမ်းကျင်သူများ (Power Searchers) အနေဖြင့် ခြားနားမှု အချို့ကို သိရှိနိုင်မည် ဖြစ်သည်။ ထိုခြားနားမှုများနှင့် သက်ဆိုင်သည့်၊ တုံ့ပြန်မှုများ သုံးသပ်ချက်များကိုလည်း လမ်းဖွင့် ကြိုဆိုထားသည်ကို မြင်တွေ့ရသည်။

အချို့သော အစိတ်အပိုင်းများမှာ လုံး၀ပြီးဆုံးခြင်း မရှိသေးသဖြင့် ကြုံလာရမည့် မည်သည့် ပြဿနာအတွက်မဆို ပြန်လည် သတင်းပေးမှုများ (feedbacks) ကို လမ်းဖွင့်ကြိုဆိုလျက် ရှိသည်။ Google ၏ ရှာဖွေရေးအင်ဂျင် နည်းပညာသစ်ကို http://www2.sandbox.google.com/ တွင် မြည်းစမ်းအသုံးပြု ရှာဖွေနိုင်သည်။

Remarks -
when posting this blog, I tried to test again this search, but I met with the following messges -
in url:http://www.google.com/errors/caffeine/unavailable.html

System Maintenance

Please try your search again in a few hours.

We are upgrading elements of our data center. The Caffeine sandbox should be available for searching again in a few hours.

Reference - http://googlewebmastercentral.blogspot.com/2009/08/help-test-some-next-generation.html

Add new comment

Similar Articles

Featured Articles