ပို့ချ သင်ယူရမည့် သမိုင်းသစ်

ကျွန်တော်တို့ရဲ့ လက်ရှိအဖြစ်အပျက်တွေ အားလုံးဟာ အနာဂါတ်အတွက် သမိုင်းပါ။ အခုကြုံနေရတဲ့ အဆိုးအကောင်း အားလုံးဟာလည်း အတိတ်တစ်ချိန်က ကျွန်တော်တို့ မိဘ၊ ဘိုးဘွားတွေ လုပ်ခဲ့တဲ့ အကျိုးဆက်တွေပါပဲ။ သွားလေသူတွေမကောင်းတာကို မကောင်းဘူးလို့ ပြောရဲတဲ့ သတ္တိ၊ အခုလက်ရှိ မကောင်းတာ လုပ်နေတဲ့သူတွေကို မကောင်းဘူးလို့ ဝေဖန်ထောက်ပြ တည့်မတ်ပေးရဲတဲ့ သတ္တိတွေ၊ နောင်လာနောက်သားတွေ အတွက် ကောင်းကျိုးတွေနဲ့ အမှန်တရားကို ချစ်ခင်မြတ်နိုးစိတ် အမွေတွေ ချန်ထားပေးခဲ့တာ မရှိရင်တော့ ကျွန်တော်တို့ရဲ့ သား၊ မြေးတွေဟာ ကျွန်တော်တို့ရဲ့ အမှားဒဏ်တွေကို ဆက်ပြီး ခါးစည်း ခံကြရပါလိမ့်မယ်။

၁၀၀% ကောင်းပါသည်ခင်ဗျားနှင့် နောက်ဆက်တွဲ ပြဿနာများ

အနှစ် 50 ကျော်အတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ဘာသာ သာသနာရေး စတာတွေ အားလုံးမှာ အဘက်ဘက်က ချွတ်ချုံကျခဲ့တဲ့ အဓိက တရားခံကတော့ အမှန်တရားကို နည်းမျိုးစုံနဲ့ ဖုံးကွယ်လိမ်ညာ ခဲ့ကြလို့ပါပဲ...။ တခါတရံမှာ တချို့လူတွေချလိုက်တဲ့ ဆုံးဖြတ်ချက် အမှားတွေကို ကျွန်တော်တို့ တိုက်ရိုက်ဝေဖန်ဖို့ ခက်ပါလိမ့်မယ်။ သူ့အောက်ကလူတွေက သတင်းအမှားတွေကို လိမ်ညာပြီး Feed လုပ်ခဲ့ရင် သူ့ဆီက ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေကလည်း မှန်မှာ မဟုတ်တော့ပါဘူး။ Programming မှာတော့ Garbage in Garbage out လို့ ဆိုပါတယ်။ ပရိုဂရမ်တစ်ခုထဲကို အမှားတွေထည့်ရင် အမှားတွေပဲ ပြန်ထွက်လာမယ် ဆိုတဲ့ သဘောပါ။ ဒီတော့ တာဝန်ရှိတဲ့သူ တစ်ယောက် အနေနဲ့လည်း ကိုယ့်အောက်ကလူတွေ အလုပ်လုပ်နေတာ၊ သူတို့တင်ပြနေတာတွေဟာ တကယ်အမှန်ဟုတ်/မဟုတ် တနည်းနည်းနဲ့ ပြန်စစ်ဖို့ အရေးကြီးပါတယ်။

"လာသမျှ လူကြီးတွေကို အားလုံးကောင်းပါတယ် ဘာပြဿနာမှ မရှိပါဘူး ခင်ဗျား" လို့ ပြောခဲ့ကြတဲ့ အလိမ်အညာတွေ နောက်က အမှန်တရားတွေကိုတော့ အဲဒီလူတွေပဲ သိပါလိမ့်မယ်။ တကယ်တော့ ဘယ်နေရာမှမှာ 100% ကောင်းနေတယ် ဆိုတာ မရှိဘူးလို့ လူတိုင်းနားလည်ပြီးသားပါ။ "အားလုံး ကောင်းပါသည် ခင်ဗျား" ဆိုတဲ့ အလိမ်အညာစကား တစ်ခွန်းဟာ နှစ်ငါးဆယ်အတွင်း မြန်မာပြည်ကို နစ်သည်ထက်နစ် စေခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ခဲ့လေသလားလို့ တစ်ခါတစ်လေ တွေးမိပါတယ်။

အမှားသံသရာ မှ အမှန်တရားဆီသို့

တကယ်တော့ ပညာရေး၊ စီးပွားရေး၊ အကျင့်စာရိတ္တ အားလုံးဟာ ဆက်စပ်နေတာလေ၊ ပညာရေး စီးပွားရေးကောင်းမှ လူတွေက ရိုးသားမှုနဲ့ စာရိတ္တမပျက်အောင် ကိုယ့်ကိုယ်ကိုယ် စောက်ရှောက်နိုင်မယ်။ ရိုသားပြီး စာရိတ္တကောင်းမှလည်း ပညာရေးနဲ့ စီးပွားရေးမှာ နည်းမှန်လည်းမှန်နဲ့ ကြိုးစားချင်စိတ် ရှိမယ်။ ဒီတော့ အားလုံး အဘက်ဘက်က ဝိုင်းပြီး ပြင်ဆင် တည့်မယ်ကြဖို့ လိုနေပါပြီ။ အခုအချိန်ဟာ ဝိုင်းပြီး ပြင်ဆင်တည့်မတ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ အတိတ်က အဆိုးတွေကို ပြန်ပြီး ချေးခြောက်ရေနှုးတာထက် အနာဂါတ်မှာ ထပ်မဖြစ်အောင် ပြင်ဆင်ကာကွယ်ဖို့ အချိန်ပါ။

ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးရတဲ့ အချိန်ကနေ အခုအချိန်ထိ မငြိမ်းချမ်းသေးတဲ့ ပြဿနာတွေ၊ နယ်ချဲ့ကျုးကျော်မှု၊ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလီများ၊ တရုတ်တွေ ဝါးမျိုလာတဲ့ ရွှေမန်းမြို့၊ အဂတိလိုက်စားမှုများနဲ့ နယ်စပ်ဒေသများ၊ အဂတိလိုက်စားမှုများကြောင့် တိုင်းပြည်မှာ ဘယ်လောက်နစ်နာခဲ့ရသလဲ စတဲ့ အမှန်တရားတွေကို မြန်မာ့ ခေတ်သစ်သမိုင်းမှာ ထည့်သင်သင့်ပါတယ်။ အစိုးရက တရားဝင် မပြဌာန်းခဲ့ရင်တောင် မျိုးချစ်စိတ်ရှိတဲ့ မြန်မာတွေ အနေနဲ့ စနစ်တကျ မှတ်တမ်း ပြုစုပြီး သားစဉ်မြေးဆက် သမိုင်းမှန်တွေကို သင်ပေးဖို့ လိုပါလိမ့်မယ်... သမိုင်းသင်တယ်ဆိုတာ "မအ" ရအောင် ဆိုတဲ့ စကားဟာ သိပ်မှန်တဲ့ စကားပါ.... ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ "မအ" ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်.... နောက်မျိုးဆက်တွေကို ကျွန်တော်တို့ မလိမ်ဖို့ လိုပါလိမ့်မယ်။

မြန်မာပြည်ကို တစ်ကယ်ချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံရဲ့ သမိုင်းအမှန်ကို သေသေချာချာ တစ်ကယ်သိဖို့ သိပ်အရေးကြီးပါတယ်။ အဲဒါမှ သူဟာ တိုင်းပြည်ကို တကယ်ချစ်ပြီး ကာကွယ်စောင့်ရှောက်လိုစိတ် ရှိပါလိမ့်မယ်။ အနာဂါတ်မှာ အမှန်တရားကို ချစ်ခင်မြတ်နိုးတဲ့၊ ရိုးသားတဲ့၊ မတရားမှုကို ကိုယ်တိုင်လည်း မလုပ်သလို သူများက လုပ်လာရင်လည်း ငုံ့မခံတတ်တဲ့ မြန်မာပြည်သားတွေ များများ ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ ဝိုင်းပြီး ကြိုးစားမှ ရပါလိမ့်မယ်...

Tags:

Add new comment

Similar Articles

Featured Articles