
ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ တစ်ယောက်ထဲလုပ်လို့ မရပါဘူး။ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများနဲ့ ရင်းနှီးမြုတ်နှံလိုသူ လုပ်ငန်းရှင်များ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ အခု မိတ်ဆက်ပေးမှာက အဲဒီလို စီးပွားရေးလုပ်ငန်းတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တဲ့၊ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို အင်တာနက်ကနေတစ်ဆင့် လူသိအောင်လုပ်ပေးနိုင်တဲ့ mmshare team ရဲ့ နောက်ထပ် Project တစ်ခုဖြစ်တဲ့ ၀က်ဘ်ဆိုက်အသစ် တစ်ခုကို မိတ်ဆက်ပေးမှာပါ။
စင်္ကာပူမှာ အလုပ်လုပ်နေရင်း အတွေ့အကြုံတွေ အများကြီးရလာတဲ့ အထဲက ကျွန်တော်အထူး စိတ်၀င်စားမိတာ တစ်ခုကတော့ ဒီကလူတွေရဲ့ စီးပွားရေး လုပ်တဲ့ပုံစံတွေ ပါပဲ။ ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထတွေ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတတ်ပညာရှင်တွေရဲ့ ပူးပေါင်း အလုပ်လုပ်တဲ့ နည်းလမ်းတွေပါ။
နောက်ထပ် သတိထားမိတာ တစ်ခုကတော့ မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ အင်တာနက်မှာ စီးပွားရေးလုပ်ဖို့၊ ကိုယ့်လုပ်ငန်းကို အင်တာနက်မှာ ကြော်ငြာနိုင်အောင်၊ လူသိများလာအောင်၊ Search Engine တွေကနေ ရှာဖွေတွေ့ရှိနိုင်အောင် လုပ်နိုင်ဖို့ ဆိုတဲ့ အပိုင်းမှာ အရမ်းကို အားနည်းနေသေးတာ တွေ့လာရပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ၀က်ဘ်ဆိုက်တစ်ခု တည်ထောင်ဖို့ဆိုတာ အတော်လေး ရင်းနှီးမြုတ်နှံရတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ ကုန်ကျစားရိတ်က မနည်းလှတဲ့အပြင် ပြန်ရလာမယ့် အကျိုးရလာဒ်တွေက (ROI - Return of Investment) ချက်ချင်း မမြင်ရလို့ပါ။
အွန်လိုင်းကနေ ဈေးရောင်းတဲ့အလုပ်၊ အွန်လိုင်းကနေ ကုန်အမှာစာတွေ လက်ခံဆောင်ရွက်တဲ့ အလုပ်၊ အွန်လိုင်းကနေ ခရီးသွားအစီအစဉ်တွေ Booking လုပ်နိုင်တဲ့ ခရီးသွားအေဂျင်စီလုပ်ငန်းတွေ၊ အခန်းနေရာတွေနဲ့ ဈေးနှုံးတွေ အမြဲတမ်း Update လုပ်ပေးပြီး အခန်းနေရာတွေ စီစဉ်ပေးနိုင်တဲ့ Hotel လုပ်ငန်းတွေ ကတော့ အွန်လိုင်းကနေ ပိုက်ဆံရှာလို့ ရနေပါပြီ။ အကျိုးအမြတ်တွေကလည်း ချက်ချင်းမြင်သာ ထင်ရှားတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀က်ဘ်ဆိုက်တွေက ကျန်တဲ့ လုပ်ငန်းတွေထက် အလုပ်ဖြစ်တာပါ။ ကမ္ဘာမှာလည်း ဒီလိုဆိုက်တွေက အောင်မြင်ပါတယ်။
Website တွေလုပ်နေရင်း Internet နဲ့ Web Technology တွေရဲ့ အကျိုးကျေးဇူးကို ပိုပြီးသိလာတဲ့ နောက်မှာ
အစရှိတဲ့ စနစ်တွေပါတဲ့ Website တစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးရပါတယ်။ အဓိက အချက်ကတော့ မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ အနေနဲ့ အရင်းအနှီး လုံး၀ အကုန်အကျမစိုက်ရဘဲ ကိုယ့်လုပ်ငန်းကို အင်တာနက်မှာ တင်ပေးနိုင်တဲ့ Free Platform တစ်ခု တည်ဆောက်ဖို့ပါ။ ပြည်တွင်း ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာပညာရှင်များ အနေနဲ့လည်း ကိုယ့်ဘက်က လုပ်ပေးနိုင်တဲ့ အတတ်ပညာဆိုင်ရာ ၀န်ဆောင်မှုများကို ဒီမှာလာပြီးထည့်သွင်းထားလို့ ရမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်များ အားလုံးကို မိမိတို့ရဲ့ ကိုယ်ပိုင် Mini Website လေးတွေမှာ လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့် Mini Website လို့ပြောရတာလဲ ဆိုရင် သာမန်၀က်ဘ်ဆိုက်လေးတစ်ခုမှာ ပါရှိတဲ့ Home, About us, Contact us အစရှိတဲ့ အစိတ်အပိုင်းများအားလုံးကို တစ်မျက်နှာထဲမှာ စုစည်းဖော်ပြပေးထားလို့ ဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ Logo စတာကိုလည်း အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ ပိုပြီး လွယ်ကူတဲ့ အချက်တစ်ခုက Member တစ်ယောက်အနေနဲ့ မိမိရဲ့ အချက်အလက်များကို အချိန်မရွေး ပြင်ဆင်နိုင်တဲ့အတွက် တကယ့် Website အကြီးစားတွေမှာ ကြုံရတဲ့ ကြန့်ကြာမှု အမျိုးမျိုးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြဖို့၊ စီးပွားရေးကျွမ်းကျင်သူ လုပ်ငန်းရှင်များနဲ့ နည်းပညာ ကျွမ်းကျင်သူ ပညာရှင်များ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ယုံကြည်စွာ၊ ရိုးသားစွာနဲ့ လက်တွဲဆောင်ရွက်ကြဖို့ အထူးပဲ အရေးကြီးပါတယ်။ အဲဒီအတွက် Free Service တစ်ခုဖြစ်တဲ့ MyanNet - Social Web Business platform ဟာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ညီအကို မောင်နှမများအားလုံး ချမ်းသာပျော်ရွှင်နိုင်ကြပါစေ...
Go to - MyanNet - Social Web Business
Add new comment