Myanmar Seriously Need Social Entrepreneurs to Rebuild the Nation

စီးပွားရေးလုပ်ငန်း တစ်ခုကို စွန့်စားပြီး စတင်ထူထောင်တဲ့အပြင် သူလုပ်တဲ့ စီးပွားရေးက လူမှုပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေမယ်၊ လူသားတွေရဲ့ လူမှုဘဝဆိုင်ရာ ပြဿနာ တစ်ခုခုကို ပြေလည်အောင် ဖြေရှင်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီလို စွန့်ဦးတီထွင် လုပ်ငန်းရှင်မျိုးကို "စွန့်ဦးတီထွင် ​လူမှုစီးပွား လုပ်ငန်းရှင်" (Social Entrepreneur) တွေလို့ ခေါ်နိုင်ပါလိမ့်မယ်။ စီးပွားရေးတစ်ခု လုပ်ငန်းတစ်ခုကို စွန့်စားပြီး ကိုယ်တိုင်စတင် တည်ထောင်တဲ့သူတွေကို "စွန့်ဦးတီထွင် လုပ်ငန်းရှင်" (Entrepreneur) တွေလို့ ခေါ်ပါတယ်။

စီးပွားရေး ရင်းနှီးမြုတ်နှံမှုများ

ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်ကို ပြန်လည်ထူထောင်ဖို့​၊ အနှစ်ငါးဆယ်ကျော် အောက်ကျနောက်ကျ ဖြစ်ခဲ့ရတဲ့ အခြေအနေကနေ အမြန်ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ Social Entrepreneur တွေ အများကြီး လိုအပ်နေပါတယ်။ အရေးတကြီး လိုအပ်နေပါတယ်။ ပြည်ပက ဝင်လာမယ့် စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားအတွက်ပဲ လာတာပါ။ ဒေသခံ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးများစေမယ့် လုပ်ငန်းမျိုး လုပ်ဖို့ သိပ်အများကြီး လာမှာ မဟုတ်ပါဘူး။ ဒါကလည်း သဘာဝကျပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး အချင်းချင်းတောင် ကိုယ်ချင်းစာနာစိတ် ခေါင်းပါးပြီး ကိုယ်ကျိုးစီးပွားအတွက်ပဲ လုပ်တဲ့သူတွေ သိပ်များနေတဲ့အချိန်မှာ အပြင်က ဝင်လာတဲ့သူတွေကလည်း သူတို့အိပ်ထဲ ပိုက်ဆံရဖို့အတွက်ပဲ လုပ်မှာပါပဲ။

စွန့်ဦးတီထွင် ​လူမှုစီးပွား လုပ်ငန်းရှင် ဆိုတာ

သာမန် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က အမြတ်အစွန်းရဖို့ကို ဦးစားပေး အလုပ်လုပ်တဲ့ အချိန်မှာ၊ Social Entrepreneurs တွေကတော့ လူမှုပတ်ဝန်းကျင်မှာ အကျိုးအမြတ်တစ်ခု ဖြစ်သွားဖို့၊ အပြောင်းအလဲကောင်းတစ်ခု ဖြစ်လာဖို့ကို ပိုပြီး ဦးစားပေးပါတယ်။ သူတို့လုပ်တဲ့ စီးပွားရေးက လူ့အဖွဲ့အစည်းနဲ့ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပါတယ်။ ဒါဟာ အမြတ်အစွန်းများများရဖို့ကို အဓိကဦးတည်တဲ့ သာမန် စီးပွားရေးလုပ်ငန်းတွေနဲ့ အကြီးမားဆုံး ကွာခြားချက်ပါပဲ။ Social Entrepreneurs လုပ်ငန်းရှင် အတော်များများဟာ လုပ်ငန်းသဘာဝအရ အမြတ်အစွန်းမယူတဲ့ လူမှုအဖွဲ့အစည်းများ (Not-for-profit sectors)၊ အများအကျိုးဆောင် အဖွဲ့အစည်းများ (Volunteers) တွေနဲ့ အတူလက်တွဲ လုပ်ဆောင်ကြလေ့ ရှိပါတယ်။ Social Entrepreneurs အများစုဟာ ငယ်ဘဝမှာ ဆင်းရဲမွဲတေမှု၊ အခွင့်အရေးမညီမျှမှု စတဲ့ ပြဿနာတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့သူတွေ ဖြစ်နေလေ့ ရှိပါတယ်။

ဘယ်လို ပိုက်ဆံရမှာလဲ

အများအတွက် လုပ်နေမှတော့ ဘယ်လိုလုပ် ပိုက်ဆံရတော့မှာလဲ ဆိုပြီး မေးစရာ ရှိပါလိမ့်မယ်။ တကယ်တော့ အကျိုးအမြတ် တစ်ခုခု ပြန်မရဘဲ ဘယ်လုပ်ငန်းမှ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ Social Entrepreneur တွေဟာ လူ့အဖွဲ့အစည်း တိုးတက်ဖို့အတွက် လိုအပ်ချက် တစ်ခုခုကို ရှာကြံဖြည့်ဆည်းပြီး အမြတ်အစွန်း သိပ်မယူတဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေကို လုပ်ပြီး ဝင်ငွေရအောင် လုပ်ကြတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေမှာ ဆင်းရဲသားတွေ အများကြီးရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ရသလောက်ယူမယ် ဆိုတဲ့ စီးပွားရေးသမားတွေပဲ လာပြီး အလုပ်လုပ်မယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးတွေ ဒီထက်ပိုပြီး ဆင်းရဲမွဲတေဖို့ပဲ ရှိပါတယ်။ လက်ရှိလုပ်ကိုင် လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း Social Entrepreneur တွေကို သိပ်အများကြီး တွေ့ရမှာ မဟုတ်ပါဘူး။

Examples of Social Entrepreneurs

Social Entrepreneurs တွေက ကမ္ဘာ့နေရဒေသ အနှံ့အပြားမှာ ရှိပါတယ်။ လုပ်ငန်းပုံစံ အမျိုးမျိုးနဲ့လည်း ရှိပါတယ်။ လိုအပ်ချက်တွေ အများဆုံးဖြစ်နေတဲ့ နေရာတွေမှာ ပိုပြီး ရှိနေပါတယ်။ ဥပမာအနေနဲ့ လေ့လာကြည့်ပါ။

  • Istvan Aba-Horvath: ဟန်ဂေရီနိုင်ငံမှာ အခြေစိုက်တဲ့ Istvan တို့လုပ်ငန်းက ဂျစ်ပစီကလေးငယ်တွေမှာ ပညာရေးလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့နဲ့ ဝင်ငွေရတဲ့ အလုပ်တွေ ရရှိလာစေဖို့ ကူညီတဲ့ အလုပ်ဖြစ်ပါတယ်။ http://www.romacentrum.hu/kozhaz/debrecen
  • Raul Oscar Abasolo Trincado: ချီလီမှာ နေထိုင်တဲ့ Raul ရဲ့ အလုပ်က သူ့တိုင်းပြည်က ဆင်းရဲသား လူငယ်လေးတွေနဲ့ အတူအလုပ်လုပ်ပြီး၊ အဲဒီလူငယ်လေးတွေဟာ လူ့အဖွဲ့အစည်းအတွက် အဓိပ္ပါယ်ရှိပြီး၊ အသုံးဝင်တဲ့ လူသားတွေ ဖြစ်လာအောင် အခွင့်အလန်းတွေ ဖန်တီးပေးတာ ဖြစ်ပါတယ်။
  • Mohammed Bah Abba: Mohammed က ရှေးဟောင်း အီဂျစ်လူမျိုးတွေ အသုံးပြုခဲ့တဲ့ မြေအိုးတစ်မျိုးကို ပြန်လည် ဆန်းသစ်ဖော်ထုတ်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဒီမြေအိုးကြောင့် နိုင်ဂျီးရီးဟားနိုင်ငံရဲ့ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုအောက်မှာ သူတို့ရဲ့ အစားအစာတွေကို လတ်ဆတ်နေအောင် သိုလှောင်သိမ်းဆည်း နိုင်ခဲ့ကြပါတယ်။
  • Abbass Abbass: Abbass က AlManarah ဆိုတဲ့ အဖွဲ့အစည်းကို အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ ၂၀၀၅ မှာ တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က သူ့တိုင်းပြည်မှာ ရှိနေတဲ့ မသန်မစွမ်းတဲ့သူတွေအပေါ် အဆင့်အတန်းခွဲဆက်ဆံမှု (Discrimination) ကို ရပ်တန့်စေဖို့ ဖြစ်ပါတယ်။
  • Rafael Alvarez: Rafael ရဲ့ ရည်ရွယ်ချက်က အမေရိကန် လူငယ်တွေရဲ့ အနာဂါတ် ရည်မှန်းချက်တွေကို မြှင့်တင်ပေးဖို့ပါ။ အထက်တန်း အောင်ပြီးတဲ့ လူငယ်တွေ အနေနဲ့ ကျွမ်းကျင်မှုစွမ်းရည် မြင့်မားတဲ့ အလုပ်တွေမှာ ဝင်ပြီး အလုပ်လုပ်နိုင်ဖို့၊ အဲဒီလူငယ်တွေ လိုအပ်တဲ့ စွမ်းရည်တွေ ရလာအောင် လေ့ကျင့် သင်ကြားပေးတဲ့ အလုပ်ကို အဓိက လုပ်ပါတယ်။ သူ့အဖွဲ့အစည်းက ဒီအလုပ်ကို ပြီးမြောက်အောင် အကောင်အထည် ဖော်ပါတယ်။ အသေးစိတ်ကို Genesys Works. http://www.genesysworks.org မှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လိုအပ်နေတာလည်း ဒီလို အလုပ်မျိုးပါပဲ။ ပြည်ပက ဝင်ရောက်လာမယ့် လုပ်ငန်းကြီးတွေ အတွက် လိုအပ်တဲ့ အလုပ်တွေကို ကိုယ့်ဆီက လူငယ်တွေက မလုပ်နိုင်လို့ လက်လွှတ်လိုက်ရတဲ့ အဖြစ်ဆိုးတွေကို ကျွန်တော် မြင်ရမှာ တကယ်ကြောက်မိပါတယ်။
  • Anita Ahuja: Anita ကတော့ အိန္ဒိယနိုင်ငံကပါ။ သူမဟာ သူ့တိုင်းပြည်မှာ ဖြစ်နေတဲ့ အညစ်အကြေးနဲ့ အမှိုက်စွန့်ပစ်မှု၊ အလုပ်လက်မဲ့ ဖြစ်မှု စတဲ့ ပြဿနာတွေကို Social entrepreneurial organization တစ်ခုဖြစ်အောင် တည်ထောင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ငန်းက စွန့်ပစ်ထားတဲ့ ပလတ်စတစ်တွေကနေ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် စတဲ့ အဆင့်မြင့် လူသုံးကုန်တွေ ပြန်ထုတ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ http://www.conserveindia.org/

လူတိုင်း Social Entrepreneur ဖြစ်နိုင်သည်

ဒီဆောင်းပါးကို အခုလို အပြီးထိ ဖတ်လာတဲ့ စာဖတ်သူမိတ်ဆွေဟာ Social Entrepreneur လုပ်ငန်းကို အတိုင်းအတာ တစ်ခုအထိ စိတ်ဝင်စားမှု ရှိနေတာ သေချာပါတယ်။ တကယ်တော့ လူတိုင်းဟာ စီးပွားရေးနဲ့ မကင်းပါဘူး။ အသက်ရှင်သန် ရပ်တည်ဖို့အတွက် ဝင်ငွေရရာ အလုပ်တစ်ခုခုကို မဖြစ်မနေ လုပ်ကြရတဲ့ သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်ဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အထိ အကျိုးဖြစ်တယ် မဖြစ်ဘူးဆိုတာ သင့်မှာ အများကြီး မူတည်ပါတယ်။ တကယ်လို့များ သင်ဟာ သူများဆီမှာ လုပ်နေတာ မဟုတ်ဘဲ ကိုယ်ပိုင်အလုပ်တစ်ခုခုကို စတင်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် Social Entrepreneur တစ်ယောက် ဖြစ်လာဖို့ လိုအပ်ချက် နှစ်ခုပဲ ရှိပါတယ်။

အဲဒီလိုအပ်ချက် နှစ်ခုကတော့ လူတွေရဲ့ လိုအပ်ချက်ကို ကူညီ ဖြည်ဆည်းချင်တဲ့ စိတ် နဲ့ စွန့်ဦးတီထွင် လုပ်ငန်းဆောင်ရွက်ချင်တဲ့ စိတ် တွေပါပဲ။ သေချာတာကတော့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က နိမ့်ပါးနေတဲ့ အမိမြန်မာပြည်မှာ သင့်လို အများအကျိုး ဆောင်ရွက်ချင်တဲ့ Social Entrepreneur လုပ်ငန်းရှင်တွေ အရေးတကြီးနဲ့ အမြောက်အများ လိုအပ်နေတယ် ဆိုတာပါပဲ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံကြပါစေ။

Ref: http://en.wikipedia.org/wiki/Social_entrepreneurship

Add new comment

Featured Articles

ဝန်ထမ်း အခွင့်အရေးနဲ့ Google က ရတဲ့ သင်ခန်းစာ

သင်ဟာ လုပ်ငန်းရှင် တစ်ယောက်ဆိုရင် ပထမဆုံး ဂရုစိုက်ရမှာက သင်နဲ့ အနီးဆုံးသူတွေ ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေပါပဲ။
သင်နဲ့ အနီးကပ်ဆုံး ဝန်ထမ်းတွေကို ဂရုစိုက်မယ်ဆိုရင် သင့်ဝန်ထမ်းတွေကလည်း သူတို့နဲ့ အနီးကပ်ဆုံး ဆက်ဆံနေရတဲ့ စားသုံးသူ (Customers) တွေကို ဂရုစိုက်သွားပါလိမ့်မယ်။
ဒါ သင့်အတွက် အရေးအကြီးဆုံး နံပါတ်တစ် လုပ်ရမယ့် အလုပ်ပါ။
အကြောင်းကတော့ ဒီလို ကျွမ်းကျင်ပြီး စိတ်ချရတဲ့ ဝန်ထမ်းတွေ မရှိဘဲ သင်ဘာမှ ဆက်လုပ်လို့ မရတဲ့ အတွက် ဖြစ်ပါတယ်။

Tags:

Easy Ways To Improve Your Design Skills

Here are some tips to increase your web designing skills.

1. Browsing & Collecting

Let's browse design portfolios every day and learn design elements, colour inspiration, typology and the latest trends in web design. You may find awesome design creation and thinking from experienced designers all over the world.

Start to collect inspirational stuff that can use in your design if you need. Then try to make your own project with sketch on paper before going to the computer.

Here are some sources:

How To Toggle Accordion Box Using jQuery

There are many good tutorials available for expand collapse panel using jQuery. But this one can not only expand collapse but also can change the image using jQuery manipulating CSS.

Step 1: jQuery Library 
First you need to include jQuery Library in head tag of your html file.

သူရဲကောင်းများ မွေးဖွားမည်

ကျွန်တော်တို့ တိုင်းပြည်မှာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ၊ ကမ္ဘာက အထူးလေးစား အတုယူကြရတဲ့ ရဟန်း ရှင် လူ တွေ အတော်များများ ထွက်ပါတယ်။
သူတို့တွေရဲ့ စိတ်ဓါတ်၊ အကျင့်စာရိတ္တ၊ အများပြည်သူ အပေါ်ထားတဲ့ စေတနာ၊ လက်တွေ့ လုပ်ရပ်တွေနဲ့ ခေါင်းဆောင်ကောင်း ပီသမှုတွေဟာ တကယ့်ကို အတုယူ လေးစား မြတ်နိုး စရာပါပဲ။

Tags:

JDownloader - Free and Opensource alternative to Internet Download Manager

ကျွန်တော်တို့ ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် သူများဆော့ဖ်ဝဲတွေကို မသိအောင် ခိုးသုံးနေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ အဲဒီထဲမှာ အသုံးအများဆုံး တစ်ခုကတော့ အင်တာနက် ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲပါ။ ဒီဆောင်းပါးမှာတော့ အဲဒီဆော့ဖ်ဝဲအစား အခမဲ့ရယူ အသုံးပြုနိုင်ပြီး ပိုမို အစွမ်းထက်တဲ့ ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။