Gmail ကို အသုံးပြုနေချိန်တွင် Chatting ပြုလုပ်ခြင်း၊ အီးမေးလ် ရေးသားခြင်း၊ အီးမေးလ် ဖတ်ရှုခြင်း၊
အီးမေးလ် ဖတ်ရှုနေရင်း နောင်တွင် ပြန်သုံးရန်အတွက် သိမ်းဆည်းလိုလျှင်၊ အီးမေးလ်ကို အကြောင်းပြန်ခြင်း စသည့် အလုပ်များစွာကို သက်ဆိုင်ရာ ဝင်းဒိုးများစွာဖြင့် တစ်ခုစီဖွင့်ကာ တပြိုင်နက်တည်း ပြုလုပ်နိုင်သည်။
ထိုသို့ ဝင်းဒိုးအသစ်ဖြင့် ဖွင့်ပေးနိုင်သည့် နေရာများနှင့် အမှတ်အသားများကို အောက်ပါ သရုပ်ဖော်ပုံများတွင် လေ့လာနိုင်သည်။



ဤသို့ ဝင်းဒိုးအသစ်ဖြင့် ထွက်ပေါ်လာခြင်းကြောင့် မူလဖွင့်ထားသည့် ဝင်းဒိုးပိတ်သွားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်ရသည်မှာ ယခင်ကထက် ပိုမို အဆင်ပြေ လွယ်ကူလာသည်။ ကံမကောင်းစွာပင် ဤနည်းလမ်းများကို Microsoft မှထုတ်လုပ်သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Internet Explorer) တွင် အသုံးပြုနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ယခုကဲ့သို့ အင်တာနက်မှ ဆော့ဖ်ဝဲများနှင့် ဝန်ဆောင်မှုများ၏ နောက်ဆုံးပေါ် အဆင့်မြင့် အစိတ်အပိုင်းများကို အလွယ်တကူ အသုံးပြုလိုပါက Mozilla Firefox, Apple Safari သို့မဟုတ် Google Chrome စသည့် အဆင့်မြင့် အင်တာနက်ကြည့်ဆော့ဖ်ဝဲများကို သုံးရမည် ဖြစ်သည်။
REF - http://gmailblog.blogspot.com/2010/03/fast-new-windows.html
Image Credits
- http://www.cs.miami.edu/~tptp/Seminars/TPTPetc/TPTPInfrastructure.html
- http://www.iesucks.info/2009/04/browser-wars/
Add new comment