Mosh - Mobile Shell - Alternative to SSH from MIT

Search Drupal Tutorials, Resources, Tips and Solutions

Mosh ဆိုတာ မကြာသေးမီကမှ မက်ဆာချုးဆက် နည်းပညာတက္ကသိုလ် MIT က အင်ဂျင်နီယာ Keith Winstein နဲ့ Anders Kaseorg, Quentin Smith, Richard Tibbetts, Keegan McAllister တို့ အတူတူ ရေးသား တီထွင်ခဲ့တဲ့ Remote Terminal application တစ်ခုပါ။ ဒီဆော့ဖ်ဝဲလေးဟာ Roaming ပြုလုပ်တာကို အထောက်အပံ့ပေးပြီး၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတဲ့ ဆက်သွယ်မှု (intermittent connectivity) တွေမှာလည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒါ့အပြင် အသိဉာဏ်ရှိတဲ့ Local Echo စနစ်နဲ့ Keyboard ကရိုက်လိုက်တဲ့ စာကြောင်းများကို ပြင်ဆင်တည်းဖြတ်တဲ့ စနစ်လည်း ပါရှိပါတယ်။

Better Alternative to SSH

သင်ဟာ Secure Shell လို့ခေါ်တဲ့ SSH (http://en.wikipedia.org/wiki/Secure_Shell) ကို သုံးနေတဲ့သူ တစ်ယောက်ဆိုရင် Mosh ကို အစားထိုး အသုံးပြုခြင်း အားဖြင့် ပိုမို လျင်မြန်ကောင်းမွန်တဲ့ နည်းပညာရဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။ အထူးသဖြင့် Wi-Fi, Cellular နဲ့ လမ်းကြောင်းရှည်ကွန်ရက် (Long-distance links) တွေကို သုံးနေတဲ့ သူတွေ အတွက် ပိုကောင်းပါလိမ့်မယ်။

Cool Features of Mosh

  • Change IP. Stay connected.
  • No privileged code. No daemon.
  • Same login method.
  • Makes for sweet dreams.
  • Get rid of network lag.
  • Runs inside your terminal, but better.
  • Control-C works great.
  • (အသေးစိတ်ကို သေသေချာချာ စမ်းပြီးရင် ပြန်ရေးပါဦးမယ်။)

Getting Mosh

Mosh ဟာ အခမဲ့ ရယူအသုံးပြုနိုင်တဲ့ Free Software တစ်ခု ဖြစ်ပြီး၊ လောလောဆယ်မှာတော့ GNU/Linux, FreeBSD နဲ့ Mac OS X တွေမှာပဲ သုံးနိုင်ပါသေးတယ်။ Windows version လည်း ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ubuntu 12.04 LTS (Precise) -

$ sudo apt-get install mosh

Fedora 15 or later -

$ sudo yum install mosh

Ubuntu 10.04 LTS through 11.10

$ sudo apt-get install python-software-properties
$ sudo add-apt-repository ppa:keithw/mosh
$ sudo apt-get update
$ sudo apt-get install mosh

Mac OS X 10.5 or later - https://github.com/downloads/keithw/mosh/mosh-1.1.3-2.pkg

မြန်မာပြည်လို အင်တာနက် နှေးတဲ့နေရာမှာ၊ Mobile ဖုန်းလိုင်းက အင်တာနက်ကို ပြန်ပြီး Share လုပ် သုံးနေရတဲ့ နေရာတွေအတွက် Mosh ဟာ အလွန် အသုံးတည့်လာနိုင်ဖွယ်ရာ ရှိပါတယ်။ Mosh အကြောင်း အသေးစိတ်ကို mosh.mit.edu မှာ လေ့လာနိုင်ပါတယ်။

Add new comment

Featured Articles

အလုပ်ပြောင်းလိုသူများ အတွက် အရေးကြီး အချက် ၃ ချက်

ကျွန်တော်တို့ အများစုဟာ အကြောင်း အမျိုးမျိုးကြောင့် လက်ရှိ အလုပ်က ပြောင်းချင်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေရင် စနစ်တကျ အောင်အောင်မြင်မြင် ပြောင်းနိုင် စေဖို့ ဒီနည်းလေးတွေက အသုံးကျမယ် မျှော်လင့် ပါတယ်...

JDownloader - Free and Opensource alternative to Internet Download Manager

ကျွန်တော်တို့ ဆီမှာ အကြောင်းအမျိုးမျိုးကြောင့် သူများဆော့ဖ်ဝဲတွေကို မသိအောင် ခိုးသုံးနေခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ အဲဒီထဲမှာ အသုံးအများဆုံး တစ်ခုကတော့ အင်တာနက် ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲပါ။ ဒီဆောင်းပါးမှာတော့ အဲဒီဆော့ဖ်ဝဲအစား အခမဲ့ရယူ အသုံးပြုနိုင်ပြီး ပိုမို အစွမ်းထက်တဲ့ ဒေါင်းလုတ် မန်နေဂျာ ဆော့ဖ်ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အချိန်ကောင်း အခါကောင်း အခြေအနေကောင်း - အတားအဆီးများကို ဖော်ထုတ်ခြင်း (၇)

ကျွန်တော်တို့ အတွက် ကောင်းတာတစ်ခုခု လုပ်ဖို့ စဉ်းစားကြတဲ့အခါမှာ − အချိန်ကောင်းဆိုတာ ဘယ်အချိန်လဲ။ ကိုယ့်အတွက် ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေကို ဘယ်လို ဖန်တီးကြမလဲ။

လူတွေကို ကူညီတဲ့ အလုပ်ဟာ တစ်ကယ်ကို ပျင်းရိငြီးငွေ့ စရာကောင်းပြီး သင့်အတွက် လုံးဝ အကျိုးမရှိဘူးလို့ ထင်နေသလား။ တစ်ကယ် အရေးကြီးတယ် ဒါမှ မဟုတ် နောင်မှာ အရေးကြီးလာနိုင်တဲ့ အလုပ်တစ်ခုခုကို လုပ်လိုက်ဖို့ စိတ်အားထက်သန်မှု လိုအပ်နေလား။ လုပ်စရာ အလုပ်တွေ ရှိနေပေမယ့် သိပ်ပြီး ငြီးငွေ့နေတတ်တာမျိုး ခံစားနေရပြီလား...

ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်၊ မဖြစ်မနေ လုပ်ကို လုပ်ရတော့မယ် အလုပ်တွေအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေနဲ့ စိတ်အားထက်သန်မှုတွေကို ဘယ်လို ရအောင် ဖန်တီးမလဲ၊ စိတ်ပါလက်ပါနဲ့ အောင်မြင်အောင် ဘယ်လို လုပ်ကြမလဲ..

December Songs Collections (Burmese Version)

December music video collection for all my friends, December Birthday Boys and Birthday Girls. Have a Sweet December to you all... :)

နိုင်ငံပိုင် စီးပွားရေး၊ အစိုးရဝန်ထမ်း နဲ့ အခွန်ထမ်း ပြည်သူ

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ နိုင်ငံသားတွေ ထမ်းဆောင်တဲ့ အခွန်တွေကရတဲ့ ငွေတွေနဲ့ တည်ထောင်ထားတာ ဖြစ်တဲ့ အတွက် အမြတ်အစွန်းရရှိဖို့ထက် ပြည်သူလူထု သက်သာ အဆင်ပြေဖို့ကို အဓိက ဦးစားပေးသင့်ပါတယ်။ နိုင်ငံတော်ကို အခွန်မှန်မှန် ပေးဆောင်နေတဲ့ အခွန်ထမ်း ပြည်သူတစ်ယောက် အနေနဲ့ နိုင်ငံပိုင် လုပ်ငန်းတစ်ခု အချိုးမပြေတာ၊ နိုင်ငံ့ဝန်ထမ်းတစ်ယောက် ပုံမလာတာကို အပြုသဘောနဲ့ ထောက်ပြခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ။

ဒါဟာ နိုင်ငံတည်ဆောက်ရေးမှာ သူတတ်နိုင်တဲ့ ဘက်က ပါဝင်တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ မွေးရာပါ တာဝန်နဲ့ တိုင်းပြည်နဲ့ လူမျိုးကို တစ်ကယ်ချစ်တဲ့သူတိုင်း လိုက်နာကျင့်သုံးရမယ့်... စာနဲ့ ရေးမထားတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးပါပဲ...

Tags: