အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ နောက်ထပ် အခြားစာမျက်နှာတစ်ခုထဲက အကြောင်းအရာတွေကို ဖော်ပြချင်တယ်ဆိုရင် iframe တွေကို သုံးရပါတယ်။ Iframe ကို သုံးထားတဲ့ လူသိအများဆုံး ဥပမာ တစ်ခုကို ပြောပြပါဆိုရင်တော့ ယခုအချိန်မှာ ခေတ်အစားဆုံးနဲ့ ၀က်ဘ်ဆိုက် အတော်များများမှာ အသုံးပြုနေကြတဲ့ Facebook Like, Facebook Comment စတဲ့ Facebook Social Plugins များပဲ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်တစ်ခုကို လျင်မြန်စေဖို့ လိုအပ်တဲ့ အကြောင်းများထဲမှာ iframe တွေကို သုံးတတ်ဖို့လည်း လိုပါတယ်။
Iframe တွေကို မဖြစ်မနေ သုံးရတော့မယ် ဆိုတဲ့ အချိန်မှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့၊ သုံးသင့်တဲ့နေရာမှာ သုံးဖို့နဲ့ မသုံးသင့်တဲ့ နေရာမှာ မသုံးမိဖို့ သူ့ရဲ့ အားနည်းချက် အားသာချက်လေးတွေကို သိထားဖို့ လိုပါတယ်။

iframe တွေဟာ Website တစ်ခုရဲ့ အမြန်နှုံးကို လျော့ကျစေရုံသာမက၊ လုံခြုံရေးအတွက်လည်း အားနည်းချက်တွေ ရှိပါတယ်။ မသုံးမဖြစ် သုံးရတော့မယ်ဆိုရင် တတ်နိုင်သမျှ လျော့သုံးဖို့လည်း Yahoo Developer Network ရဲ့ Performance Team က သတိပေးထားပါတယ်။ သင်ဟာ Web Developer တစ်ယောက် အနေနဲ့ ၀က်ဘ်ဆိုက်တစ်ခု တည်ဆောက်နေရင်း ကိုယ်မသိတဲ့ (စိတ်မချရတဲ့) တစ်ခြားဆိုက်တစ်ခုက အကြောင်းအရာတွေကို ဖော်ပြဖို့ လိုလာတဲ့အခါ ဖြစ်နိုင်ရင် iframe ကို မသုံးသင့်ပါဘူး။ ထို့အတူပဲ အင်တာနက် အသုံးပြုသူ တစ်ယောက် အနေနဲ့လည်း iframe ကို အခြား၀က်ဘ်ဆိုက်တွေမှာ သုံးထားတာကို တွေ့ပြီဆိုရင် သတိထားသင့်ပါတယ်။
ဒီဆောင်းပါးဟာ Web Site Speed အတွက် သီးသန့်ရည်ရွယ်တာ ဖြစ်တဲ့အတွက် Semantic အကြောင်း၊ Web Development နဲ့ Semantic ဆက်စပ်မှုများကို သီးခြားဖော်ပြပေးပါမယ််။
Reference and More Information
- Reference from Yahoo Developer Network
- Iframe in HTML 4.01 Specification
Add new comment