၀က်ဘ်ဆိုက်တစ်ခုကို တည်ဆောက်ကြတဲ့အခါ ပိုင်ရှင်တွေရဲ့ စီးပွားရေးလုပ်ငန်း သဘာ၀နဲ့ လိုအပ်ချက် (Business Functions and Requirements) တွေအပေါ် မူတည်ပြီး အတွင်းမှာပါရှိတဲ့ အကြောင်းအရာ (Content) တွေ အပြောင်းအလဲ ဖြစ်သွားကြပါတယ်။ ဥပမာ ပြောရရင် သတင်းဆောင်းပါးတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Blog အသားပေး Web Site တစ်ခုမှာ ပါရှိတဲ့ အကြောင်းအရာတွေနဲ့ အွန်လိုင်း အရောင်းဆိုင် (Online Shop) တစ်ခုမှာ ပါတဲ့ အကြောင်းအရာတွေဟာ တူမှာ မဟုတ်ပါဘူး။ အခု ဝေမျှမယ့် အကြောင်းအရာတွေကတော့ ရိုးစင်းတဲ့ သာမန် Website တစ်ခုကို စရိတ်သက်သာစွာနဲ့ စိတ်ချရတဲ့ ၀က်ဘ်ဆိုက်တစ်ခုအဖြစ် တည်ဆောက်လို့ရတဲ့ နည်းတွေပါ။
၀က်ဘ်ဆိုက် ပိုင်ရှင် အမျိုးမျိုးရဲ့ မတူညီတဲ့ လိုအပ်ချက် အမျိုးမျိုးအတွက် ဆိုက်တွေကို တည်ဆောက်ကြတဲ့ အခါမှာ စဉ်းစားကြရတာ အများကြီးပါ။ ကုမ္ပဏီတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် သတင်းအချက်အလက်လေးတွေကို ဖော်ပြပေးဖို့ စာမျက်နှာ ၅ မျက်နှာလောက်ပဲ ပါတဲ့ သာမန်ဆိုက်လေး (A small company information web site) တစ်ခုဆိုရင် HTML, CSS လောက်နဲ့ အနည်းဆုံး၊ အမြန်ဆုံး တည်ဆောက်လို့ ရပါတယ်။ Web Developer အနေနဲ့ ကိုယ့်အတွက် အချိန်ကုန်သက်သာပြီး၊ နောက်ပိုင်း ကြုံလာရမယ့် ပြုပြင်ထိန်းသိမ်းမှု တွေအတွက် လွယ်ကူအောင် စဉ်းစားထားတယ်ဆိုရင် လိုအပ်တဲ့ Header, Footer, Side Bar, Body Content တွေအတွက် PHP Template ဖိုင်တွေ ဖန်တီးထားပြီး ပိုကောင်းအောင် လုပ်လို့ ရပါသေးတယ်။ (ဒီလိုဆိုက်မျိုးကို ဘယ်မှာ Host လုပ်သင့်တယ်ဆိုတာ အောက်မှာ ဆက်ပြောထားပါတယ်။)

တကယ်လို့ ၀က်ဘ်ဆိုက်ပိုင်ရှင်က သူ့ဆိုက်မှာ ပါတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်လည်း Update လုပ်ချင်တယ်၊ အဲဒီအတွက် Developer ကိုလည်း အချိန်တိုင်း အားမကိုးချင်ဘူး (အဲဒီအတွက် ပိုက်ဆံ ထပ်မကုန်ချင်ဘူး) ဆိုရင်တော့ နောက်ထပ် စဉ်းစားစရာတွေ ထပ်ပေါ်လာပါပြီ။ ဘတ်ဂျက်လို့ ခေါ်တဲ့ ငွေရေးကြေးရေးပိုင်းပါ။ သူ့ကို -
အဲဒီလောက်တော့ ထပ်မေးရပါတော့မယ်။ ဆိုက်မှာ ပေါ်လာမယ့် Content တွေကို Edit, Update လုပ်ဖို့အတွက် ၀က်ဘ်ဆိုက်ပိုင်ရှင်ရဲ့ ၀န်ထမ်းတွေကို သင်ပေးဖို့ ဆိုတာတွေ မပါသေးပါဘူး။
ဒီနေရာမှာ အလုပ်တောင် မစသေးဘူး ဒီဇိုင်း အကြောင်းမပြော၊ ၀က်ဘ်ဆိုက် အကြောင်းမပြောဘဲ ဘတ်ဂျက်အကြောင်း ပြောနေပြီလို့ ဆိုစရာ ရှိပါတယ်။ ခုရှုပ်မှ နောင်ရှင်းဆိုသလိုပါပဲ။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ၀က်ဘ်ဆိုက်တစ်ခုကို လိုအပ်တယ် ထင်လို့ ကိုယ့်ဆီရောက်လာတဲ့ လုပ်ငန်းရှင်အများစု အနေနဲ့ Web Development, Web Hosting, Domain Registration တွေအကြောင်း ဘာမှ မသိပါဘူး။ နှစ်စဉ် ကြုံတွေ့ရမယ့် ကုန်ကျစရိတ်တွေ အကြောင်းလည်း မသိပါဘူး။ တချို့က လိပ်စာကတ် (Business Card) မှာ ၀က်ဘ်ဆိုက်လိပ်စာလေးနဲ့ ကိုယ်ပိုင်အီးမေးလ်လိပ်စာလေးနဲ့ ဖြစ်ချင်လို့ လာတဲ့သူတွေလည်း အများကြီးပါ။ ၂၁ ရာစု စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ အဆောင်အယောင်တစ်ခုလို့ မြင်ကြည့်လို့ ရပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် စကားမလွန်ခင် အလုပ်တွေမစခင်မှာ ကိုယ့်ဘက်ကလည်း သူတို့တတ်နိုင်တဲ့ (ခန့်မှန်း) ဘတ်ဂျက်ပမာဏကို မေးပြီး အသင့်တော်ဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းကို ရှင်းပြရမှာပါ။ ဘတ်ဂျက်ကိစ္စကို ကြိုတင်ဆွေးနွေးထားမှ နှစ်ဘက်လုံးအတွက် အချိန်ကုန် လူပန်းသက်သာမှာပါ။
Static Website တစ်ခုကို စတင်တည်ဆောက်ဖို့အတွက် ၀က်ဘ်ဆိုက်ပိုင်ရှင် အတွက် စရိတ်စကသက်သာပြီး၊ Developer တွေအတွက်လည်း အဆင်ပြေလွယ်ကူစေတဲ့ ရလာတဲ့ ၀က်ဘ်ဆိုက်ကလည်း အဆင့်မှီမှီရှိနိုင်တဲ့ နည်းလမ်းအချို့ကို ကျွန်တော် လက်လှမ်းမှီသလောက် ဖော်ပြေ၀မျှလိုက်ပါတယ်။
Web Development အပါအ၀င် အားလုံးကို ကိုယ်က (Web Developer or Designer က) အစအဆုံး တာ၀န်ယူရမယ်ဆိုရင်၊ ကိုယ့်မှာလည်း Unlimited Bandwidth, Unlimited Hosting Account လို Web Hosting လည်းရှိနေရင် ကိုယ့်ဆီမှာပဲ စရိတ်သက်သာစွာနဲ့ အစအဆုံး တာ၀န်ယူပေးလိုက်လို့ ရပါတယ်။ ဒါက နှစ်ဦးနှစ်ဖက် ရေရှည် အဆင်ပြေနိုင်တဲ့ နည်းတစ်ခုပါ။ ဒါပေမယ့် ခဏခဏ မပြင်ခိုင်းဖို့နဲ့၊ ပြင်ရမယ်ဆိုရင်လည်း ပမာဏအလိုက် ထပ်ပေးရမယ့် လုပ်အားခတွေ၊ နှစ်စဉ် အနည်းဆုံးကုန်ကျမယ့် စရိတ်တွေကို ရှင်းပြထားဖို့ လိုပါလိမ့်မယ်။ လုပ်ငန်းစာချုပ်မှာ ထည့်ရေးကြရ ပါလိမ့်မယ်။
Web Developer တွေဘက်ကလည်း
ဒါဟာ တစ်ဖက်သားရဲ့ မသိနားမလည်မှုကို လိမ်လည် အမြတ်ထုတ်တဲ့ သဘောပါနေပါတယ်။

၀က်ဘ်ဆိုက် တည်ဆောက်ဖို့ အလုပ်အပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း Web Developer/ Designer တွေကိုပဲ အစအဆုံး အပ်လိုက်တာမျိုးထက် အခုလို အချက်လေးတွေလောက်တော့ သိအောင် မေးထားသင့်ပါတယ်။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ Domain Register လုပ်တဲ့အချိန်မှာ ပိုင်ရှင်ရဲ့ အမည်ပါ။ ထုံးစံအတိုင်းကတော့ Domain Name ပိုင်ရှင်ဟာ အဲဒီလုပ်ငန်းပဲ ဖြစ်ရပါမယ်။ Domain Name ပိုင်ရှင်ဟာ Web Developer သို့မဟုတ် Web Development လုပ်ပေးတဲ့ ကုမ္ပဏီ မဖြစ်သင့်ပါဘူး။ တစ်ကယ်လို့ Domain Name က လုပ်ငန်းတစ်ခုကို ကိုယ်စားပြုထားပြီး၊ Domain Name ပိုင်ရှင်ကို ကြည့်လိုက်တဲ့အခါ Develop လုပ်ပေးတဲ့သူ ဖြစ်နေရင်တော့ စဉ်းစားစရာတွေ ရှိလာပါပြီ။ ၀က်ဘ်ဆိုက်ပိုင်ရှင် အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Domain ကို ၀ယ်ယူဖို့ အခက်အခဲရှိလို့ Developer ကို လုံး၀အပ်ထားတယ်ဆိုရင်တောင် ပိုင်ဆိုင်သူက ကိုယ်ပဲဖြစ်နေအောင် စာချုပ်ထဲမှာ ထည့်ရေးထားသင့်ပါတယ်။ ဒီလို
မလိမ့်တစ်ပတ်လုပ်ပြီး Domain Name ကို မောင်ပိုင်စီးတဲ့ ဖြစ်ရပ်တွေက အင်တာနက်လောကမှာ စီးပွားရေးတစ်ခုလို ဖြစ်နေပါတယ်။ ဒါ့အပြင် နာမည်ကြီး၊ ဒါမှမဟုတ် နာမည်ရစ စီးပွားရေးလုပ်ငန်းတွေ၊ ကျော်ကြားအောင်မြင်သူတွေရဲ့ နာမည်တွေနဲ့ Domain တွေ ၀ယ်ထားပြီး သက်ဆိုင်သူတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားတာတွေ ကလည်း အင်တာနက်မှာ စီးပွားရေးတစ်ခုပါပဲ။ ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေကို ကြည့်ပြီး Website တစ်ခု မလုပ်နိုင်သေးရင်တောင်မှ Domain Name လေးတော့ ၀ယ်ထားသင့်ပါတယ်။
စီးပွားရေးမှာ ရိုးသားမှုက အတော်အရေးကြီးပါတယ်။ ကိုယ်တောင်းတဲ့ ဈေးက သူများထက် များချင် များနေပါလိမ့်မယ်။ တောင်းတာနဲ့ ထိုက်တန်တဲ့ ၀န်ဆောင်မှု၊ အခြားသူတွေမှာ မရနိုင်တဲ့ ၀န်ဆောင်မှုမျိုးကိုလည်း ကိုယ့်ဘက်က ပြန်ပေးဖို့ အရေးကြီးပါတယ်။ ဈေးတူရင်တော့ ၀န်ဆောင်မှုကောင်းတဲ့သူဆီ လာမှာ သဘာ၀ပါပဲ။ ကိုယ့်ကို ပေးရတာ တန်တယ် ကိုယ့်ဆီက ပြန်ရတဲ့ ၀န်ဆောင်မှုကို ကြေနပ်တယ်ဆိုရင် နောင်တစ်ချိန်မှာ ကိုယ့်ဆီ ပြန်ဆက်သွယ်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ မရိုးသားတဲ့သူ ဖြစ်နေပါစေ... သူတို့ ကိုယ်တိုင်ကတော့ ရိုးသားတဲ့သူ၊ ယုံကြည်ရတဲ့သူနဲ့ပဲ အလုပ်လုပ်ချင်ကြတာပါ။
Freelance Web Developer/ Designer တွေနဲ့ လူနည်းတဲ့ Development Team တွေအနေနဲ့ ဒီလို Options A ကို သုံးသင့်ပါတယ်။ ကိုယ့်ဘက်က ရိုးဖြောင့်တယ် စေတနာမှန်ကန်တယ်ဆိုရင် Client တွေနဲ့လည်း ရေရှည်မှာ စီးပွားဖက်တွေအဖြစ် လက်တွဲသွားလို့ ရပါတယ်။ သူ့တို့ စီးပွားရေးကောင်းလို့ ၀က်ဘ်ဆိုက်ကို တိုးချဲ့ချင်တယ ်ဆိုရင်လည်း အရင်ဆုံးကတော့ ကိုယ့်ဆီကို လာမှာပါပဲ။
ဘတ်ဂျက်ကတော့ သိပ်မရှိဘူး၊ ဒါပေမယ့် ၀က်ဘ်ဆိုက်လေးကိုတော့၊ ကိုယ်ပိုင် Domain Name လေးနဲ့ ကိုယ်တိုင် Update လုပ်လို့ရချင်တယ်၊ အကြောင်းအရာ (Content) တွေကလည်း မရှုပ်ထွေးဘူး၊ လုပ်ငန်းအကြောင်း၊ အသစ်ထွက်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုလေးတွေ အကြောင်းလောက်ကို အချိန်မီ အွန်လိုင်းတင်ချင်တယ်။ အွန်လိုင်းကနေ ဈေးရောင်းဈေး၀ယ် လုပ်ဖို့အထိ မရည်ရွယ်ဘူး ဆိုရင်တော့ အခမဲ့ဖြစ်ပြီး အတော်လေး ယုံကြည်စိတ်ချရတဲ့ Google Sites, ဒါမှမဟုတ် Blogger လို နေရာတွေမှာ site ကို တည်ဆောက်လို့ ရပါတယ်။ Custom Domain တစ်ခုနဲ့ Mapping လုပ်ပေးပြီး၊ Google Sites Template တွေ၊ Blogger Template တွေကို အတတ်နိုင်ဆုံး Customize လုပ်ပြီး သူတို့အတွက် အဆင်ပြေအောင် ဖန်တီးပေးရပါလိမ့်မယ်။

Google Sites မှာဆိုရင်တော့ Google ရဲ့ Branding ဖြစ်တဲ့ (Powered by Google Sites) ဆိုတဲ့ စာကြောင်းကို ဖယ်ပေးလို့ မရဘူးဆိုတာလည်း မစခင်ကတဲက ကြိုတင် အသိပေးထားဖို့ အရေးကြီးပါတယ်။ သူကလုပ်ရတာ သိပ်မခက်ပါဘူး။ Site သက်သက်ကို ပြင်ချင်တာ ဆိုရင် HTML လောက်သိတာနဲ့ လုပ်လို့ရပါတယ်။ ဘာမှ မသိလည်း ရပါတယ်။ Google Apps ကလည်း အဲဒီလို ဘာမှ မသိတဲ့သူတွေ သုံးလို့ရအောင် လုပ်ပေးထားတာကိုး။ ဒါပေမယ့် ကိုယ်ပိုင် Domain Name နဲ့ သပ်သပ်ယပ်ယပ်လေး ဖြစ်ချင်တယ်၊ အီးမေးလ်လေးလည်း လိုချင်တယ် Contact Form လေးလည်း ထည့်ချင်သေးတယ် ဆိုတာတွေ ဖြစ်လာရင်တော့ ကိုယ်တိုင်လုပ်ဖို့ ခက်သွားပါပြီ။ Google Sites ဆိုပြီး အထင်တော့မသေးပါနဲ့။ ဒီအခမဲ့ Site တွေကို အခြေခံပြီး လုပ်စားနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ Web Company တွေ အများကြီး ရှိနေပါပြီ။
Blogger.com မှာဆိုရင်လည်း Free Blog တစ်ခုဆောက်၊ Custom Domain Mapping လုပ်လိုက်ရင် ကိုယ်ပိုင် Domain Name နဲ့ အခမဲ့ ၀က်ဘ်ဆိုက်တစ်ခု ရပါပြီ။ နောက်ထပ် About Us, Contact Us တို့လို စာမျက်နှာတွေကိုတော့ Blogger Template ကို ပြင်ပြီး ထည့်ပေးရပါလိမ့်မယ်။ အခုနောက်ပိုင်း Blogger Template Designer Version အသစ်မှာ Custom Menu, Static Page တွေထည့်ဖို့အတွက် Options တွေပါလာပါပြီ။ Web site analytic tools တွေလည်း ထည့်ပေးထားတဲ့ အတွက် ကိုယ့်ဆိုက်ကို လူလာတဲ့ အခြေအနေတွေကိုလည်း အဆင်သင့် ကြည့်လို့ ရနေပါပြီ။ Content တွေ သိပ်မရှုပ်ထွေးဘူးဆိုရင် Blogger ကိုသုံးပြီး ကိုယ်ပိုင် Domain နဲ့ Static Web Site တစ်ခု လှလှပပ ဖန်တီးလို့ ရပါတယ်။ CSS ကို အဓိက ဦးစားပေး သုံးရမှာပါ။ jQyery Script တွေထည့်ချင်သေးတယ် ဆိုရင်တောင် Google မှာ Host လုပ်ထားတဲ့ Library တွေ ယူသုံးလို့ ရပါသေးတယ်။ Blogger ရဲ့ Feature အားလုံးကို သွားကြည့်လိုက်ပါဦး။

သူကတော့ Google Sites ထက် ပိုလက်၀င်ပါတယ်။ Developer အနေနဲ့လည်း Customize လုပ်ဖို့ အခွင့်အလမ်း အများကြီး ရပါတယ်။ Client ဘက်က ကြည့်တော့လည်း Google Sites ထက် ပိုကောင်းတဲ့ ကိုယ်ပိုင်ဆိုက်လေး တစ်ခုကို ရသွားတာပါ။ Blogger မှာ Host လုပ်ထားပေမယ့် အစအဆုံး ကိုယ့်ရဲ့ Branding နဲ့ လုပ်လို့ရပါတယ်။ Google Site လို Powered by Blogger ဆိုတာမျိုး ထည့်နေဖို့ မလိုတော့ပါဘူး။ အခု ဒီစာကို ဖတ်နေတဲ့ သင်ဟာ အဲဒီလို ၀က်ဘ်ဆိုက်လေး တစ်ခုကို နှစ်စဉ် Domain Renewal Fee ဆယ့်ငါးဒေါ်လာလောက် အကုန်ခံရုံနဲ့ ကိုယ်ပိုင် Domain, ကိုယ်ပိုင်အီးမေလ်လိပ်စာနဲ့ ရသွားမယ်ဆိုရင် အဲဒီဆိုက်ကို Develop လုပ်ပေးတဲ့ Web Professional ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဖို့နဲ့ တန်ရာတန်ကြေးပေးဖို့ လိုအပ်ပါလိမ့်မယ်။
နောက်ထပ် အခြားရွေးချယ်စရာတွေကတော့ WordPress.com နဲ့ co.cc အစရှိတဲ့ ဆိုက်တွေပါ။ WordPress မှာတော့ yourname.wordpress.com နာမည်နဲ့ အခမဲ့ ဘလော့ခ် တည်ဆောက်လို့ ရပါတယ်။ ဒါပေမယ့် သိပ်တော့ မနိပ်လှပါဘူး။ အခမဲ့ဆိုတဲ့အတိုင်း ဘာမှ သိပ်ရွေးချယ်၊ ပြင်ဆင်ခွင့် မရှိတဲ့အပြင် .wordpress.com ဆိုတဲ့ နာမည်နဲ့ ဖြစ်နေတာကြောင့်ပါ။ co.cc လည်း ဒီလိုပါပဲ။ အခုနောက်ပိုင်းဆို co.cc လည်း မရတော့ပါဘူး။ အခြား Free Hosting တွေကိုတော့ စိတ်မချရတဲ့ အတွက် စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ မစဉ်းစားတာ အကောင်းဆုံးပါပဲ။
Web Developer, Web Designer တစ်ယောက်အနေနဲ့ အခုဖော်ပြထားတဲ့ နည်းတွေက အရမ်းကို သေးနုပ်လွန်းတယ်လို့ ထင်ရစရာ ရှိကောင်း ရှိနေမှာပါ။ ဒါပေမယ့် အဲဒီလို မတွေးသင့်ပါဘူး။ Web Professional တွေဟာ Web Technology တွေအကြောင်း နားမလည်တဲ့ စီးပွားရေးလုပ်ငန်းတွေကို Web (Internet) Technology တွေရဲ့ အကျိုးကျေးဇူးတွေကို နားလည် ခံစားတတ်လာအောင် ပေါင်းကူးပေးကြရတဲ့ သူတွေပါပဲ။ လုပ်ငန်းရှင်တွေ၊ Client တွေဘက်က ပြန်ကြည့်ရင် သူတို့ရဲ့ ကုမ္ပဏီ၀က်ဘ်ဆိုက်ဟာ သူတို့အတွက် Public Interface တစ်ခုပါ။ တစ်ဖက်က ပြန်ကြည့်တော့ ပိုက်ဆံရင်းနှီးမြုတ်နှံ ထားရတဲ့ အလုပ်တစ်ခုပါပဲ။ ပြန်ရလာတဲ့ အကျိုးက အွန်လိုင်းမှာ ဈေးရောင်းတာ မဟုတ်ဘူးဆိုရင် တိုက်ရိုက်ရတဲ့ အကျိုးထက် သွယ်၀ိုက်ရလာတဲ့ အကျိုးက ပိုများတာကြောင့်ပါ။ ၀က်ဘ်ဆိုက်တစ်ခု လိုချင်လို့ Developer ဆီကို ရောက်လာပြီ ဆိုကတဲက သူတို့အတွက်လည်း အွန်လိုင်းပေါ်မှာ နေရာတစ်ခု လိုချင်လို့ ရောက်လာတာပါ။ ဒီအချက်တွေကို အခြေခံပြီး သူတို့ရဲ့ ဘတ်ဂျက်နဲ့ အဆင်ပြေနိုင်တဲ့ နည်းလမ်းတွေကို ချပြရမှာက Web Developer, Web Designer (Web Professional) တွေရဲ့ အလုပ်ပါ။
ဒီနည်းတွေက Developer အနေနဲ့လည်း HTML, CSS, JavaScript, PHP, .Net စတာတွေ အပြင် Domain
Configuration တွေလုပ်တတ်တဲ့ အတွေ့အကြုံလည်း အထိုက်အလျောက် လိုပါတယ်။ Configuration တွေကလည်း Domain Registerer တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ အလုပ်အပ်တဲ့သူက ကိုယ်ပိုင် Domain နာမည်နဲ့ (ဥပမာ - sales@companyname.com လို) အီးမေးလ်လိပ်စာတွေလည်း လိုချင်သေးတယ်ဆိုရင် လုပ်ပေးနိုင်ရပါမယ်။ သာမန် SME (Small & Medium Enterprise) အဆင့်၊ အီးမေးလ် လိပ်စာ အခုငါးဆယ်လေက် အထိပဲ သုံးဖို့လိုတယ်ဆိုရင် Google Apps ရဲ့ Standard Edition နဲ့တင် လုံလောက်ပါတယ်။ Gmail ရဲ့ Feature တွေအားလုံးကို ကိုယ်ပိုင် Domain လိပ်စာနဲ့ သုံးလို့ရပါပြီ။ အဲဒီအတွက် MX Record မှာ သွားပြင်တာတွေ လုပ်ကြရပါမယ်။ ကိုယ့်အတွက်ကတော့ အသေးအမွှား ထင်ရပေမယ့် ဘာမှမသိတဲ့ သူတစ်ယောက်အတွက်တော့ ဘာမှ လုပ်လို့ မရပါဘူး။
Web Professional တွေအနေနဲ့ ပိုက်ဆံအများကြီး သုံးနိုင်တဲ့ Client တွေနဲ့ အမြဲတမ်း ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီနည်းလမ်းတွေဟာ - Database မပါတဲ့ သာမန် Static Web sites တွေအတွက်တော့ Developer အတွက်လည်း အချိန်ကုန်သက်သာပြီး၊ Client အတွက်လည်း ကုန်ကျ စရိတ်သက်သာတဲ့၊ ရေရှည်မှာ နှစ်ဦးနှစ်ဘက် အဆင်ပြေ၊ အောင်မြင်နိုင်တဲ့ သူ့စီးပွား၊ ကိုယ့်စီးပွား အဆင်ပြေနိုင်တဲ့ နည်းလမ်းတွေလို့ မြင်ပါတယ်။ နောက်ထပ် Dynamic Website အမျိုးအစားတွေ ဖြစ်တဲ့ Online Shop တွေ၊ Social Networking Site တွေနဲ့ Community Web Site တွေအကြောင်းကို လေ့လာမိသလောက်၊ နားလည်သလောက် အလျင်းသင့်သလို ေ၀မျှသွားပါမယ်။
ဒီစာကို ဖတ်နေတဲ့ သင်ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပဲဖြစ်ဖြစ်၊ Web Professional တစ်ယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားလေ့လာသူ ပညာရှင် တစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် Simple, Static Web Site တွေနဲ့ ပတ်သက်ပြီး အခုဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို ပါ၀င်ဆွေးနွေးသွားကြဖို့၊ သင်ကိုယ်တိုင်ဆိုရင်ရော ဘယ်လို Option ကို ရွေးချယ်မှာလဲ ဆိုတာကို မှတ်ချက်၊ ထင်မြင် သုံးသပ်ချက်လေးတွေ ပေးသွားဖို့ ဖိတ်ခေါ်ပါတယ်...
Useful Resources
http://en.wikipedia.org/wiki/Domain_name
http://www.google.com/apps/intl/en/group/index.html
http://www.blogger.com/features
Add new comment